ကရင်နီပြည် လွိုင်ကော်မြို့နယ် ဒေသခံလယ်သမားများမှ စိုက်ပျိုးနေသော လယ်ယာစပါးများသည် အများအားဖြင့် အစိုးရကုမ္ပ္ပဏီမှ ထုတ်လုပ်သော စပါးမျိုးစေ့များအား ၀ယ်ယူစိုက်ပျိုးကြ၍ မြေသြဇာ မသုံးပြုနိုင်လျှင် စပါးစိုက်ပျိုးမှု မအောင်မြင်ကြောင်း လွိုင်ကော်မြို့နယ်မှ လယ်သမားတစ်ဦးက ပြောသည်။
၎င်းက “မြေသြဇာ မသုံးရင်တော့ တကယ် မစားရတော့ဘူး။ မသုံးရင် စပါးထွက်နှုန်းက မထွက်တော့ဘူးလေ။ လယ်ယာတစ်ခင်းက နှစ်ဧကခွဲလောက် ရှိမယ်ဆိုရင် မြေသြဇာ ၅ အိတ်လောက် ထည့်ပေးရမယ်။ မထည့်ရင်တော့ မစားရတော့ဘူး။” ဟု ပြောသည်။
စပါးအထွက်တိုးရန် လယ်သမားများ ၀ယ်ယူအသုံးပြုသော မြေသြဇာ အမျိုးအစားများမှာ မြန်မာပုလဲ၊ တရုတ်ပုလဲနှင့် အခြားသော မြေသြဇာများ ဖြစ်သည်။
အချို့လယ်သမားများက ငွေကြေး အကျပ်အတည်းကြောင့် မြေသြဇာကို အစိုးရကုမ္ပ္ပဏီထံမှ သွားရောက်ချေးယူပြီး စပါးထွက်ချိန်၌ ပြန်လည် ပေးဆောင်နေရကြောင်း၊ စပါးစိုက်ပျိုးရာတွင် စပါးမျိုးစေ့အား ၀ယ်ယူနေရသည့်အပြင် ရှင်သန်ကြီးထွားရန်နှင့် အထွက်တိုးရန်အတွက် ပိုးသတ်ဆေးနှင့် မြေသြဇာများ ထပ်မံ ၀ယ်ယူနေရသောကြောင့် တနှစ်စာ စပါးတွက်ချေမကိုက်ဘဲ စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်ရသည်ဟု ကရင်နီ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး (Karenni Ever Green) အဖွဲ့့မှ တာဝန်ခံ ခူးညေးရယ်က ပြောပါသည်။
“လူထုတွေက စပါးခင်းထဲ ၀ယ်ထည့်ဖို့့က မြေသြဇာ မထည့်လဲ မဖြစ်၊ ထည့်ပြန်သော်လည်း စျေးကြီး၊ အဲလိုမျိုးဖြစ်တော့ သူ့ဟာ ထွက်တိုးတယ်ဆိုပေမယ့် သူကုန်ကျတဲ့ဟာတွေ မြေသြဇာဖိုးတွေရော ပိုးသတ်ဆေးဖိုးတွေရော တွက်ခြေမကိုက်ဘူးပေါ့။” ဟု ခူးညေးရယ်က ပြောသည်။
လယ်သမားများသည် ပိုးသတ်ဆေးနှင့် မြေသြဇာကို အသုံးပြုလာသည်မှာ အချိန်ကာလ ကြာမြင့်လာသည့်အတွက် လယ်ယာထဲ၌ မြေဆီလွွှှာများ ပျက်စီးမှုကြောင့် မူလစပါးမျိုးစေ့ကို ပြန်လည် စိုက်ပျိုးရာတွင်လည်း အောင်မြင်မှု မရှိတော့ကြောင်း ခူးညေးရယ်က ဆက်ပြောသည်။
လွိုင်ကော်မြို့နယ်ရှိ လယ်ယာများသည် အစိုးရမှ စီမံသွယ်ပေးနေသော ရေလှောင်တမံမှ ဆည်မြောင်းရေကို အသုံးပြုကြသောကြောင့် တစ်နှစ်အတွင်းတွင် နွေစပါးနှင့် မိုးစပါး ဟူ၍ စိုက်လေ့ရှိသည်။
Published
Friday, July 3, 2009 - 17:08
အစိုးရမြေသြဇာ သုံးရသောကြောင့် လယ်သမားများ အခက်တွေ့
ကရင်နီပြည် လွိုင်ကော်မြို့နယ် ဒေသခံလယ်သမားများမှ စိုက်ပျိုးနေသော လယ်ယာစပါးများသည် အများအားဖြင့် အစိုးရကုမ္ပ္ပဏီမှ ထုတ်လုပ်သော စပါးမျိုးစေ့များအား ၀ယ်ယူစိုက်ပျိုးကြ၍ မြေသြဇာ မသုံးပြုနိုင်လျှင် စပါးစိုက်ပျိုးမှု မအောင်မြင် ...