အရာရှိများ လောင်းကစားသည့်နောက် ပြည်သူများ တရိပ်ရိပ် လိုက်နေ

အရာရှိများ လောင်းကစားသည့်နောက် ပြည်သူများ တရိပ်ရိပ် လိုက်နေ
by -
မော်တခဲ
ကရင်နီပြည်နယ်၊ လျွှိုင်ကော်မြို့တွင်အပစ်ရပ်အဖွဲ့များမှ ဖွင့်လှစ်ထားသော လေးကောင်ဂျင်ဝိုင်းများ ၊ ဂုံးဂင်းဝိုင်းများနှင့် လောင်းကစားဝိုင်းများ၌ အပစ်ရပ်အဖွဲ့များ၏ ခေါင်းဆောင်များသည် ငွေကြေးအဆမတန် လောင်းကြေးထပ် ...

 
ကရင်နီပြည်နယ်၊ လျွှိုင်ကော်မြို့တွင်အပစ်ရပ်အဖွဲ့များမှ ဖွင့်လှစ်ထားသော လေးကောင်ဂျင်ဝိုင်းများ ၊ ဂုံးဂင်းဝိုင်းများနှင့် လောင်းကစားဝိုင်းများ၌ အပစ်ရပ်အဖွဲ့များ၏ ခေါင်းဆောင်များသည် ငွေကြေးအဆမတန် လောင်းကြေးထပ်ကာ အချိန်ကုန်ခံပြီး ကစားနေကြသကဲ့သို့ ဒေသခံပြည်သူများလည်း လိုက်ပြီးကစားနေကြသည်ဟု ကစားဝိုင်းတွင် တွေ့မြင်ခဲ့သူတဦးကပြောသည်။
 
၎င်းက“လေးကောင်ဂျင်ထိုးတဲ့ခါ တစ်ခါထိုးရင် ၁၀သိန်း၊ သိန်း၂၀ ၊ ပေတံနဲ့တိုင်းပြီးကစားကြတယ်” ဟုပြောသည်။
 
အပစ်ရပ်အဖွဲ့အစည်းများသည် ငွေကြေးအကုန်ကျခံပြီးကစား နိုင်သော်လည်း ဒေသခံပြည်သူများသည် ထိုလောင်းကစားဝိုင်းများဖွင့်လစ်သည့်နေ့များရှိသ၍ အချိန်ကုန်ခံပြီးလောင်းကြေးထပ်ကစားကြရာ မိမိလက်ထဲတွင် ငွေရှိရန်အမျိုးမျိုး ကြံဆရှာဖွေနေသောကြောင့် အိ်ုးအိမ်များ၊ ခြံများ၊ လယ်ယာမြေများ၊ ဆိုင်ကယ်များ၊ စပါးများ အစရှိသည်များကို ပေါင်နှံရောင်းချမှုများ ပြုလုပ်နေကြ၍ မိသားစုစားဝတ်နေရေး ပြဿနာများ ကြံုတွေ့နေကြရသည်ဟုဆိုသည်။
 
လွိုင်ကော်မြို့ရှိလောင်းကစားအခြေအနေများ သိကြွမ်းထားသူတဦးက “ ထီးစဲကလိုး ဥက္ကဌဆိုရင် စပါးပြန်ရောင်းလိုက်၊ ပြန်သွားဆော့လိုက်နဲ့ပဲ ၊ တော်တော်ကုန်နေပြီ” ဟု ပြောသည်။
 
ပြည်သူ/သားများသည် အလုပ်မလုပ်ခြင်တော့ပဲ အချောင်ရအချောင်စား ရသောနည်းများကိုပဲ ရှာဖွေနေကြခြင်းကြောင့် သူခိုးသူဝှက်များ ပေါများးလာကြရကြောင်း ဒီမောဆိုမြို့နယ်မှ ဆိုင်ကယ်အလုခံရသူ၏ သူငယ်ချင်းဖြစ်သူကပြောသည်။
 
၎င်းက “ ဆိုင်ကယ်ကို ရပ်ပြီး ကွမ်းယာဆင်းဝယ်နေတုန်းမှာပဲ ဆိုင်ကယ်ကိုမောင်းပြေးသွားတယ်” ဟုပြောသည်။
 
 လေးကောင်ဂျင်ဝိုင်းများကို လွိုင်ကော်၊ ဒီမောဆိုနှင့် ဖရူဆိုစျေးနေ့တိုင်းဖွင့်လစ် ပေးထားကြောင်းသိရသည်။