ကရင်နီပြည် အမှတ် ၂ ခရိုင် ဂီလိုရွာတွင် မြန်မာစစ်တပ် ခလရ ရ၂ နှင့် ကရင်နီတပ်မတော်များ ခြံုခိုတိုက်ပွဲတခု ဖြစ်ခဲ့ပြီးနောက် ရွာထဲမှ အမျိုးသမီးနှစ်ဦးအား စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ကရင်နီတပ်မတော်က ဆိုသည်။
အသက် ၆ဝ နှစ်အရွယ်ရှိ နော်သားခု နှင့် အသက် ၄၆ နှစ်အရွယ်ရှိ နော်ဘဲလေတိ့ု့ကို ဗိုလ်မှူးကျော်မျိုးဦး ဦးဆောင်သော ခလရ ရ၂ မှ ယခုလို အတင်းဖမ်းဆီးခေါ်ဆောင်သွားခြင်းမှာ ကရင်နီတပ်မတော်မှ မြန်မာစစ်တပ်အား ပစ်ခတ်မှုများ မပြုလုပ်နိုင်ရန် ထိုအမျိုးသမီးနှစ်ဦးဖြင့် ဓါးစာခံ အကာအကွယ်ယူရန် ရည်ရွယ်၍ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ကရင်နီတပ်မတော် တပ်ရင်း ၁ မှ ထောက်လှန်းရေးအရာရှိ စောခဲရိုက ပြောပါသည်။
၎င်းက“ကောင်မလေးကို ခေါ်သွားတာ ဒီလမ်းပြအနေနဲ့့ပေါ့၊ လမ်းပြလည်းဖြစ်တယ် နောက်ပြီး သူတို့့အတွက် အကာအကွယ်ပေါ့နော်၊ ဥပမာ ကျနော်တို့ ကေအဲန်ပီပီက သူ့တို့့ကို လမ်းမှာ စောင့်တိုက်မယ်ဆိုလို့့ရှိရင် မိန်းမသားလည်း ဖြစ်တယ် ပြည်သူလူထုလည်းဖြစ်တယ် ဆိုတော့ ကျနော်တိုု့ ကေအဲန်ပီပီက မတိုက်ရဲတော့ဘူးလေ” ဟုပြောပါသည်။
ယခုလ ၂၆ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် ဖြစ်ပွားခဲ့ကြသော တိုက်ပွဲတွင်ကရင်နီတပ်မတော်ဘက်မှ ထိခိုက်ကျဆုံးမှုမရှိသော်လည်း မြန်မာစစ်တပ်ဘက်မှ တပ်သားအချို့သေဆုံးပြီးအချို့ ဒါဏ်ရာရရှိသွားသည်ဟု ကရင်နီတပ်မတော်က ဆိုပါသည်။
Published
Monday, June 29, 2009 - 15:44
ကရင်နီ အမျိုးသမီး စစ်မြေပြင်တွင် အသုံးချခံရ
ကရင်နီပြည် အမှတ် ၂ ခရိုင် ဂီလိုရွာတွင် မြန်မာစစ်တပ် ခလရ ရ၂ နှင့် ကရင်နီတပ်မတော်များ ခြံုခိုတိုက်ပွဲတခု ဖြစ်ခဲ့ပြီးနောက် ရွာထဲမှ အမျိုးသမီးနှစ်ဦးအား စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ကရင်နီတပ်မတော်က ဆို ...