ကရင်နီပြည်နယ် မော်ချီးမြို့နယ်တွင် ခဲတူးဖော်ရေးလုပ်ငန်းများ၌ အလုပ်လုပ်နေကြသော အလုပ်သမားများသည် ငှက်ဖျားရောဂါ ဖြစ်ပွားမှုများသောကြောင့် အလုပ်မလုပ် နိုင်တော့သည့် အခြေအနေသို့ ရောက်နေသည်ဟု ခဲတူး အလုပ်သမားများက ဆိုသည်။
“တခြားအလုပ် မရှိလို့ ခဲသွားတူးတယ်၊ ငှက်ဖျားရလို့ အလုပ်မလုပ်နိုင်ပဲ ပြန်ထွက်လာရတယ်။ ရောက်တိုင်းလိုလိုက ငှက်ဖျားရောဂါ ရနေတယ်” ဟု ဖရူဆိုမြို့မှ မော်ချီး သတ္တုတွင်းသို့ ခဲသွားရောက်တူးဖေါ်သော အလုပ်သမားတဦးက ပြောသည်။
မော်ချီးမြို့နယ်တွင် နေထိုင်သော ကရင်လူမျိုးများသည် ဆေးရုံဆေးပေးခန်းနှင့် ဝေးကွာလွန်းခြင်း၊ ဆေးများ ၀ယ်ယူရန်် ငွေကြေး မလုံလောက်ခြင်းတို့ကြောင့် များသောအားဖြင့် ငှက်ဖျားရောဂါနှင့် သေဆုံးကြရကြောင်း မော်ချီးမြို့နယ် နာခါလိုရပ်ကွက်မှ ဒေသခံတဦးက ပြောသည်။
၎င်းက “ဒီမှာ ဆရာဝန်မရှိဘူး၊ xxx(အပစ်ရပ်)အဖွဲ့အစည်းက တာဝန်ချထားပေးတဲ့ အကူသူနာပြုဆရာမတွေပဲ ရှိတယ်၊ ဆေးလဲ လုံလောက်မှု မရှိဘူးလေ ဆေးတွေကို ဆရာမတွေက အညွန်းတွေ ရေးပြီး ပိုက်ဆံရှိရင် ဒီမောဆို၊ လွိုင်ကော်မြို့တွေ သွားပြန်ဝယ်ရတယ်” ဟု ပြောသည်။
တောင်သူလယ်သမား အများစုသည် မိုးခေါင်ရေရှား၍ စပါးသီးနှံများ စိုက်ပျိုးနိုင်ခြင်း မရှိပဲ ရရာအလုပ်ကို ရှာဖွေလုပ်ကိုင်နေရပြီး မော်ချီးခဲတူးဖော်ရေး လုပ်ငန်းတွင်လည်း သွားရောက်လုပ်ကိုင်နေကြရပါသည်။ သို့သော် ငှက်ဖျားပိုးရ၍ နေရပ်သို့ ပြန်လာခဲ့ရပြီး ကုသရန် ငွေကြေး အခက်များရှိကြရာ ထိထိရောက်ရောက် မကုသနိုင်ကာ အသက်မဆုံးရှုံးသင့်ပဲ ဆုံးပါးသွားရကြောင်းနှင့် နာတာရှည်ရောဂါ အဖြစ်သို့ ခံစားနေကြရသည်ဟု မော်ချီးသို့ စျေးသွားရောင်းသည့် ဒီမောဆိုမြို့မှ စျေးသည်တစ်ဦးက ပြောသည်။
မော်ချီးမြို့နယ်မှ လွိုင်ကော်နှင့် ဒီမောဆိုမြို့နယ်ကို တစ်ရက် ခရီးခန့်သွားရပြီး ယခုလိုမိုးတွင်း အချိန်ကာလ၌ လမ်းခရီးမှာလဲ အတော်ဆိုးရွားနေသည်။
Published
Friday, June 26, 2009 - 20:13
မော်ချီးခဲတူး အလုပ်သမားများ ငှက်ဖျားရောဂါကြောင့် အလုပ်မလုပ်နိုင်
ကရင်နီပြည်နယ် မော်ချီးမြို့နယ်တွင် ခဲတူးဖော်ရေးလုပ်ငန်းများ၌ အလုပ်လုပ်နေကြသော အလုပ်သမားများသည် ငှက်ဖျားရောဂါ ဖြစ်ပွားမှုများသောကြောင့် အလုပ်မလုပ် နိုင်တော့သည့် အခြေအနေသို့ ရောက်နေသည်ဟု ခဲတူး အလုပ်သမားများက ဆို ...