တရုတ်များ ဘီယာချက်ရန် ပြောင်းကောက်များ လိုက်လံဝယ်ယူ၍ စျေးတက်

တရုတ်များ ဘီယာချက်ရန် ပြောင်းကောက်များ လိုက်လံဝယ်ယူ၍ စျေးတက်
by -
မော်တခဲ
ကရင်နီ (ကယား) ပြည်နယ် အလယ်ပိုင်းဒေသရှိ ဒီမောဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်များတွင် တရုတ်များ ဘီယာချက်ရန် ပြောင်းကောက်များကို ယခုနှစ်တွင် လိုက်လံ ဝယ်ယူမှု များလာသောကြောင့် ယခင်နှစ်များထက် စျေးနှစ်ဆတက်လာကြောင်း ဒီမောဆိုမြို့တွင် နေထိုင် ...

 
ကရင်နီ (ကယား) ပြည်နယ် အလယ်ပိုင်းဒေသရှိ ဒီမောဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်များတွင် တရုတ်များ ဘီယာချက်ရန် ပြောင်းကောက်များကို ယခုနှစ်တွင် လိုက်လံ ဝယ်ယူမှု များလာသောကြောင့် ယခင်နှစ်များထက် စျေးနှစ်ဆတက်လာကြောင်း ဒီမောဆိုမြို့တွင်နေထိုင်သော ဒေသခံတစ်ဦးကပြောသည်။

ယခင်နှစ်များတွင် ပြောင်းကောက်စျေးမှာ ၂၅ဝဝ မှ ၃ဝဝဝ ကျပ် အထိသာရှိပြီး ယခုနှစ်တွင််မှာတော့ ရဝဝဝ မှ ၈ဝဝဝ ကျပ် အထိစျေးမြင့်တက် သွားပါသည်။ ထို့အတွက် ကြောင့် ယခင်နှစ်များတွင် ဝယ်ယူသိုလှောင်ထားသော ကုန်သည်ပွဲစားများသာ အမြတ်အစွန်းများ ရရှိကြောင်း သိရသည််။
 
“ပြောင်းကောက်ကအရင်တုန်းက ကိုယ့်အချင်းချင်း လောက်ပဲ ခေါင်ချက်ရောင်းဖို့ပဲဝယ်ကြတာလောက်ပဲရှိတာ၊ သိပ်မရောင်းရတော့ သိပ်မစိုက်ဖြစ်ဘူးလေး” ဟု ဒီမောဆိုမြို့နယ် ဒေါ်စဲအရှေ့ရွာမှ ဒေသခံတစ်ဦးကပြောသည်။
 
တရုတ်ပွဲစားများက ယခင်နှစ်များတွင် ပြောင်း၊ မြေပဲနှင့် စပါးများကိုသာ အဝယ်များသောကြောင့် တောင်သူ လယ်သမားများသည် ပြောင်းကောက်ကို ဦးစားပေး မစိုက်ဖြစ်ပဲ ရိုးရာပွဲလမ်းသဘင်ကျင်းပရာတွင် ရိုးရာခေါင် ရည် ချက်ဖို့လောက်သာ စိုက်ထားကြောင်းသိရသည်။
 
ကရင်နီလူမျိုးများသည် ပြောင်းကောက်ဖြင့် ခေါင်ရည်ချက်ပြီး အများအားဖြင့်သောက်သုံး၍ စီးပွားအဖြစ်လည်း ချက်ရောင်းကြရာ  ပြောင်းကောက်များကို ရှာဝယ်နေကြရ ကြောင်း သိရသည်။
 
ဒီမောဆိုမြို့မှ ဒေသခံ စျေးသည်တစ်ဦးက “အခုစျေးကတရုတ်ပွဲစားတွေနဲ့ လုဝယ်နေရတယ်” ဟု ပြောသည်။
 
ပြောင်းကောက်များကို ဒီမောဆိုမြို့နယ်ရှိ ထီးပိုးကလိုအုပ်စု၊ ဒေါတဒါးကျေးရွာ၊ ဒေါတမကြီးအုပ်စုနှင့် ဖရူဆိုမြို့နယ်ရှိ မာခရောရှေ့၊ လောကျေခူရွာ ၊ လောဂျာရွာများတွင်  အနည်းငယ်မျှသာစိုက်ပျိုးကြပြီး၊  ယခုနှစ် များတွင် ၎င်းကျေးရွာများ၌  အများအပြားစိုက်ပျိုးလာကြကြောင်း ကရင်နီ ဒီမောဆိုမြို့နယ် ကြီးကြပ်ရေးမှူးက ပြောသည်။