မြန်မာနိုင်ငံပေါ် တင်းမာမှု ထိုင်းနိုင်ငံသာ ရှုံးလိမ့်မည်

မြန်မာနိုင်ငံပေါ် တင်းမာမှု ထိုင်းနိုင်ငံသာ ရှုံးလိမ့်မည်
by -
နှောင်းလှိုင်
မြန်မာနိုင်ငံမှ လက်ရှိဖြစ်ပျက်နေသော ဒေါ်အောင်ဆန်းစုကြည် အမှုနှင့် ထိုင်းနိုင်ငံ အစိုးရအနေဖြင့် မြန်မာစစ်အစိုးရ အပေါ်တင်းမာမှုများ ပြုလုပ်ပါက ထိုင်းနိုင်ငံသာ အရှုံး ဖြင့် ရင်ဆိုင်ကြံုတွေ့ရမည်ဖြစ်သည်ဟု  ၂ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ရေးသားထား ...

မြန်မာနိုင်ငံမှ လက်ရှိဖြစ်ပျက်နေသော ဒေါ်အောင်ဆန်းစုကြည် အမှုနှင့် ထိုင်းနိုင်ငံ အစိုးရအနေဖြင့် မြန်မာစစ်အစိုးရ အပေါ်တင်းမာမှုများ ပြုလုပ်ပါက ထိုင်းနိုင်ငံသာ အရှုံး ဖြင့် ရင်ဆိုင်ကြံုတွေ့ရမည်ဖြစ်သည်ဟု  ၂ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ရေးသားထားသည်။

“မြန်မာနိုင်ငံသည် မြေပေါ် မြေအောက်၊ ရေပေါ် ရေအောက် သယံဇာတများနှင့် ပြည့်စုံကြောင်း” ထိုမြေအောက် သယံဇာတများအနက် စိတ်ဝင်စားဖွယ် ကောင်းသော နျူးကလီးယား စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်နိုင်သည့် သယံဇာတများ ရှိသည်။ ထို့ကြောင့် ထိုုင်းနိုင်ငံအနေဖြင့် မြန်မာ အပေါ် အချင်းများ မည်ဆိုပါက ထိုင်းနိုင်ငံသာ အရှုံးပေး ရင်ဆိုင်ရမည် ဟု Thai-rath သတင်းစာတွင် ရေးထားသည်ဟု မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

ထိုင်းနိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ်ဟောင်း၊ အငြိမ်းစား ဗိုလ်ချုပ်ကြီး ဆွန်သီက ဝန်ကြီးချုပ် Abhisit မှ မြန်မာနိုင်ငံ အပေါ်တင်းမာနေသော အနေအထားနှင့် ပတ်သက်ပြီး အသိပေးစကားပြောကြားခြင်းဖြစ်သည်ဟု ဆိုထားပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်ပေးရန် တောင်းဆိုထားသည့် အီးယူ- အာဆီယံ ပူးတွဲကြေညာချက်ကို မြန်မာဘက်မှ လက်မှတ်ထိုး၊ မထိုး ဆို သည့် မေးခွန်းများ ဖြေဆိုရန် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ကဆစ်ပီရွန် (Kasit Piromya) ကပယ်ချခဲ့သည့်အပြင် ဝန်ကြီးချုပ် အဘီစစ် ဝိတ်ချာချီဝ ကလည်း ဒေါ်စုအား ယခု ကဲ့သို့ တရားစွဲဆိုသည့် ကိစ္စအပေါ်တွင် အမြဲမပြတ်ဝေဖန်ခြင်းကြောင့် ဖြစ်သည်ဟု သိရပါသည်။

ထို့အပြင် ဒေါ်စု၏ နေအိမ်ခြံဝင်သို့ ဖိတ်ခေါ်မှုမရှိပဲ ဝင်ရောက်လာသည့် ဧည့်သည် တဦးနှင့် ပတ်သက်ပြီး တရားစွဲဆိုသည့် အချိန်မှစပြီး ထိုင်းအစိိုးရက မြန်မာနိုင်ငံ အပေါ် တွင် တင်းမာမှု ဖြစ်လာခဲ့ခြင်းဖြစ်သည်။

အရှေ့တောင် အာရှဒေသ တည်ငြိမ်နိုင်ရေးအတွက် မြန်မာနိုင်ငံမှ ဖိနှိပ်သည့် အစိုးရ အုပ်ချုပ်မှု အဆုံးသတ်ရန် လိုအပ်ပြီး ယခင်က အရှေ့တောင်နှင့် အရှေ့တောင်အာရှ နိုင်ငံတွင်  အာဏာရှင် အစိုးရ ရှိခဲ့သော်လည်း ဒီမိုကရေစီ အုပ်ချုပ်မှု စနစ်ကို အသွင်ကူးပြောင်း နိုင်ခဲ့ကြပြီး မြန်မာနိုင်ငံမှ မည်သည့်အတွက်ကြောင့် ပြောင်းလဲခြင်း မရှိနိုင်သေးသည်ကို မေးခွန်းထုတ်စရာများဖြစ်နေပြီဟု ကဆစ် ကပြောကြားလိုက်ပါသည်။