ကရင်နီပြည် လွိုင်ကော်မြို့နယ်အတွင်းရှိ ကယန်းကျေးရွာတရွာမှ လင်နှင့်မယားနှစ်ဦးအား စစ်တပ် ၁၁တဦးမှ တုတ်များဖြင့် ဝိုင်းရိုက်သောကြောင့် လင်ဖြစ်သူမှာ ပွဲချင်းပြီးအသက်ထွက်သွားခဲ့ရပြီး ဇနီးဖြစ်သူမှာ ပြင်းထန်သော ရိုက်ချက်များကြောင့် မေ့မျောသွားခဲ့သည်ဟု အဖြစ်အပျက်အား မျင်တွေ့ခဲ့သော အသိသက်သေ တဦးကပြောပြသည်။
သေဆုံးသွားသူ အသက်(၃၅)နှစ်အရွယ်ရှိ ပေါလူမှာ ၎င်း၏သူငယ်ချင်းနှစ်ဦးဖြင့် လွိုင်ကော်မြို့အနီးရှိ သုံးမိုင်လွယ်တမူကျေးရွာမှ ကယန်းပိုင်းရပ်ကွက်တခုတွင် ဂီတာတီးပြီးသချင်းများညီးနေချိန် ရပ်ကွက်အနားရှိ အမှတ်(၂၆၁) ခြေလျှင်တပ်ရင်းမှ စစ်တပ်၁၁ဦးကည(၉းဝဝ)အချိန်ဖြစ်သည့်အတွက် ဆူညံခြင်းမပြုလုပ်ရန် လာရောက်ပြောဆိုရာမှ နှစ်ဦးနှစ်ဘက်အငြင်း အခုံဖြစ်၍ စစ်တပ်အဖွဲ့မှ ထိုရပ်ကွက်သားသုံးဦးအား ဒုတ်များဖြစ်လိုက်ရိုက်ရာမှ ယခုလို အခင်းဖြစ်ပွားခဲ့သည်။
စစ်တပ်မှလိုက်ရိုက်ခြင်းကြောင်း ပေါလူနှင့် ၎င်း၏သူငယ်ချင်းနှစ်ဦးမှာ အိမ်သို့ပြေးလာရာ၊ အိမ်မှပေါလူဇနီးက ဘာဖြစ်မှန်းမသိဘဲ ခြံတခါးကိုဖွင့်နေစဉ်မှာပင် စစ်တပ် အုပ်စုက ပေါလူအမျိုးမီးပါမကျန်ဝိုင်းရိုက်ကြသည်ဟု မျက်မြင်သက်သေကဆိုသည်။
အသက်ရှင်ကျန်ခဲ့သောပေါလူ၏ဇနီးမှာ ၎င်း၏လည်ကုတ်ကိုတုတ်ဖြင့်အရိုက်ခံရသောကြောင့် မေ့မျောသွားခဲ့ရသည်။ ပေါလူမှာရိုက်ချက်များလွန်းသောကြောင့် ပွဲချင်းပြီးသေခဲ့ရပြီး သူငယ်ချင်းနှစ်ဦးမှာလဲ ဓါဏ်ရာပြင်းပြင်းထန်ထန်ရရှိသွားသည်ဟု ပြောသည်။
အခင်းဖြစ်ပွားမှုမှာ ယခုမေလ (၈)နေ့တွင်ဖြစ်ပွားခဲ့ပြီး သေဆုံးမှုနှင့်ပါတ်သက်၍ စစ်တပ်ဘက်မှ ဝက် တစ်သိန်းတန်တစ်ကောင်ဖြင့် ကျေအေးစေပြီး ပြင်းထန်စွာ ဓါဏ်ရာရရှိခဲ့ကြသော သေဆုံးသူဇနီးနှင့် ကျန်သူငယ်ချင်းနှစ်ဦးအား ဆေးဖိုးဝါးခမပေးသည့်အပြင် အခင်းဖြစ်ပွားခဲ့သည့်ကိစ္စအား အရေးမယူရန် အတင်းအဓမ္မ လက်မှတ်ထိုးနုတ်ပိတ်ခိုင်းသည်ဟုဆိုသည်။
ကယားပြည်နယ်၊ (ဒကစ)မှူးကြီး ဦးဝင်းမြင့်မှ ထိုအဖြစ်အပျက်ဖြစ်ပွားပြီးနောက် တပ်ရင်း (၂၆၁)အား ထိုရွာမှပြောင်းရွွှေခိုင်းလိုက်ကြောင်းသိရသည်။