ပလောင်ကလေးမလေး၏ မုဒိန်းမှု အရေးယူမှုမရှိ

ပလောင်ကလေးမလေး၏ မုဒိန်းမှု အရေးယူမှုမရှိ
ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်အတွင်းရှိ ကျေးရွာတရွာမှ အသက် (၁၃)နှစ်အရွယ် မသန်မစွမ်း ဒုက္ခိတ အမျိုးသမီးငယ်လေးကို မြန်မာစစ်တပ်မှ အတင်းအဓမ္မ ပြုကျင့်ခဲ့သော အမှုအား အရေးယူပေးရန် တောင်းဆိုထားသော်လည်း ရွာသူကြီးမှ အရေးယူဆောင်ရွက်မှုများ မလုပ်ရဲ ...

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်အတွင်းရှိ ကျေးရွာတရွာမှ အသက် (၁၃)နှစ်အရွယ် မသန်မစွမ်း ဒုက္ခိတ အမျိုးသမီးငယ်လေးကို မြန်မာစစ်တပ်မှ အတင်းအဓမ္မ ပြုကျင့်ခဲ့သော အမှုအား အရေးယူပေးရန် တောင်းဆိုထားသော်လည်း ရွာသူကြီးမှ အရေးယူဆောင်ရွက်မှုများ မလုပ်ရဲဘဲ အမှုမှာ မျက်ကွယ်ပြုခြင်း ခံထားရသည်ဟု အဖြစ်အပျက်အား သိရှိထားသူ ဒေသခံရွာသားတဦီးက ပြောသည်။

အဆိုပါ ပလောင်တိုင်းရင်းသူ ကလေးမလေးအား ကျိုင်းတုံမြို့အခြေစိုက် အမှတ် (၂၂၄) ခြေမြန်တပ် ရင်းမှ တပ်သားတစ်ဦးက ပြုကျင့်ခဲ့တာဖြစ်ပြီး ကလေးမှာ အသက်ဆုံးရှုံးမှု မရှိသော်လည်း ရိုက်နက်ပြုကျင့်ထားသော ဓါဏ်များကြောင့် သွေးထွက်သံယိုမှုများဖြင့် အိမ်သို့ ပြန်ရောက်လာခဲ့သည်ဟု အဆိုပါ အဖြစ်အပျက်အား မြင်တွေ့သူရွာသားက ဆိုသည်။

အဆိုပါဖြစ်ရပ်မှာ (၇.၉.၂ဝဝ၈) ရက်နေ့၊  ည(၈းဝဝ) အချိန်တွင် ကလေးမလေးမှ ဗွီဒီယိုကြည့်ပြီး အပြန်လမ်းမှာ အမှတ် (၂၂၄) ခြေမြန်တပ်ရင်းမှ စစ်တပ်တစ်ဦးက အတင်းဆွဲခေါ်၍ ပြုကျင့်ခဲ့တာဖြစ်ပြီး ဒေသခံလူငယ်တဦးမှ အဖြစ်ပျက်အား တွေ့ရှိခဲ့သော်လည်း စစ်တပ်အား ကြောက်ရွံ့ခြင်းကြောင့် ရွာသားများအား အကူအညီ မအော်ခေါ်ရဲဘဲ ကလေး၏ မိဘများအား သွားရောက်အကြောင်းကြားခဲ့သည်။

မိဘများက ထိုဖြစ်ရပ်ကို ကြားကြားချင်း ရွာသူကြီးထံ တိုင်ကြားပြီး အမှုဖွင့်ရန် တောင်းဆိုခဲ့သော်လည်း ရွာသူကြီးမှ စစ်တပ်အား ကြောက်ရွံ့နေသောကြောင့် ယနေ့တိုင် အမှုမှာ တိတ်ဆိတ်နေလေ့ရှိသည်။

ထိုဖြစ်ရပ်သည် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေကို ချိုးဖောက်ခဲ့ကြောင်း ပလောင်လူငယ်များအဖွဲ့က ပြောဆိုခဲ့သည်။