စက်မှုဇုံသို့ စက်ရုံများပြောင်းခြင်းကြောင့် ပြည်သူများ အခက်အခဲပိုတွေ့

စက်မှုဇုံသို့ စက်ရုံများပြောင်းခြင်းကြောင့် ပြည်သူများ အခက်အခဲပိုတွေ့
by -
ကို (၂)
ကရင်နီ (ကယား) ပြည်နယ် လွိုင်ကော်မြို့နယ် အရပ်ရပ်မှ စက်ရုံများသည် လွိုင်ကော်- မိုးဗြဲလမ်းနှင့် လွိုင်ကော်-လွိုင်လင် လမ်းဆုံရပ်တွင် အစိုးရက စက်မှုဇုံ သတ်မှတ်မှုကြောင့် စက်ရုံပိုင်များ၊ ပြည်သူများ၊ တောင်သူများအတွက် ခရီးသွားလာရန်တွင် ပိုအခက်အခဲရှိ ...

ကရင်နီ (ကယား) ပြည်နယ် လွိုင်ကော်မြို့နယ် အရပ်ရပ်မှ စက်ရုံများသည် လွိုင်ကော်- မိုးဗြဲလမ်းနှင့် လွိုင်ကော်-လွိုင်လင် လမ်းဆုံရပ်တွင် အစိုးရက စက်မှုဇုံ သတ်မှတ်မှုကြောင့် စက်ရုံပိုင်များ၊ ပြည်သူများ၊ တောင်သူများအတွက် ခရီးသွားလာရန်တွင် ပိုအခက်အခဲရှိသည်ဟု သိရသည်။

ကရင်နီ လူမှုကူညီစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက “ နွားလည်းနဲ့ ပေးမဝင်ဘူးလေ။ တချို့က သူ့မှာ ထော်လော်ဂျီ စက်မရှိဘူး၊ ဆိုင်ကယ်မရှိဘူး၊ ကားမရှိတဲ့ အခါကျတော့ လူနဲ့ထမ်းသွားလည်း မနိုင်ဘူး၊ ဆိုတဲ့အခါကျတော့ ထော်လော်ဂျီငှား ရတယ်၊ ဆိုင်ကယ် ငှားရတယ်၊ စက်တခုခု ငှါးရတယ်။ ကားငှားရတယ် အဲဒီအခါကျတော့ လူထုအတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်တာပေါ့၊ စပါးကြိတ်မှာက ၁၀၀ ကုန်မယ်ဆိုရင် အဲဒီစက်တွေငှားရမှာနဲ့ ၂၀၀-၃၀၀ ကုန်သွားတယ်။ ” ဟု ရှင်းပြခဲ့သည်၊

အလားတူဘဲ စက်ရုံပိုင်ရှင်များသည်  “မီးခိုးထွက်သည့်” စက်ရှံမှန်သမျှ စက်မှုဇုံတွင်းသို့ ပြောင်းရွေ့သွားရမည်ဟု  လွိုင်ကော် ဒေသကွပ်ကဲရေး စစ်ဌာနချုပ် ( ဒကစ ) မှူး၏ အမိန့်ဖြင့် ပြောင်းရွေ့သွားခဲ့ကြသည််။ စက်ရုံပိုင်ရှင်များသည် စက်မှုဇုံတွင်းမှ မြေကွက်များကို သိန်း ၂၀-၃၀ ထိပေးဝယ်ရပြီး မပေးဝယ်နိုင်သည့် စက်ရုံပိုင်ရှင်များအချို့သည်ဟု သိရသည်။

သို့သော် စစ်အစိုးရနှင့် အပေါင်းအသင်းဖြစ်သည့် စက်ရုံပိုင်ရှင်တချို့သည် မပြောင်းရွေ့ခဲ့ကြပါ။

အစိုးရသည် စက်မှုဇုံ မြေဧက ၅၀၀ နီးပါး ပြည်သူထံ သိမ်းယူခဲ့ပြီး လယ်ပိုင်ရှင်များအတွက် လျှော်ကြေးသည် လယ်တစ်ဧကကို တစ်သိန်း ပြန်ပေးဆောင်ခဲ့သည်။ နောက်ပြီး တောင်ယာခင်းအတွက် ယာခင်းတစ်ဧကကို ၅ သောင်းပြန်လည်ပေးဆောင်ခဲ့သည်ဟု သိရသည်။

ဒေသခံတဦးက “ ကျနော်တို့ ကျေးရွာမှာ သိမ်းလိုက်တဲ့ မြေဧကတွေအစား ပြန်ရပါတယ်၊ (တောင်ယာ) တဧက ကို ၅ သောင်းလောက် တော့့ပေးတယ်။ ရတဲ့ ဟာက တအားနည်းတာပေါ့၊ နည်းတဲ့အခါကျတော့ သူတို့ (ရွာသားတွေ) လည်း မရတာနဲ့ အတူတူ ရတာလေးကိုပဲ ယူမယ်ဆိုတဲ့ သဘောမျိုးနဲ့ ကျေနပ်ထားတဲ့အပိုင်းမှာ ရှိတာပေါ့၊ ” ဟု ပြောဆိုပါသည်။

စက်မှုဇုံ တည်ဆောက်ပြီးနောက် ယခင် ဒကစမှူး ညွန့်တင် လက်ထက်တွင် ဆောင်ရွက်ခဲ့သော လုပ်ငန်များကို ယခု ဒကစမှူး ၀င်းမြင့်က ဆက်လက်မလုပ်ဆောင်ချင်ကြောင်း ဒေသခံတဦးက ဆက်ပြောပြပါသည်။

“ ဒီ (ဒကစ) မှူး ၀င်းမြင့်က လုံးလုံးကို ပြန်လည်မကြည့်တဲ့အခါကျတော့ မီးအခက်အခဲ ရှိတဲ့အခါကျတော့ မြို့ထဲကို ပြန်ပြောင်းမယ်ဆိုရင်လည်း ပြောင်းလို့မရ၊ နောက်ပြီး ဒီမှာလုပ်မယ် ဆိုရင်လည်း မီးကအားနည်း၊ ကျနော် သိရသလောကတော့ မီးအားနည်းချက်နဲ့ တချို့လူတွေက မြို့ပေါ်မှာ ပြန်လုပ်ကြတာရှိသလို တချို့ကတော့လည်းပဲ ဒီမှာလုပ်နေတဲ့ လူတွေလည်း ရှိတာပေါ့နော််၊ ဒါပေမယ့် အခက်အခဲကျတော့ မြို့ထဲမှာ လုပ်ပိုင်ခွင့်နည်းနေတဲ့ အခါကျတော့ မလုပ်ရဲတဲ့အပိုင်းမှာ လည်း ရှိတယ်လေ” ဟု ပြောပါသည်။

၎င်း စက်မှုဇုံသည် ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် နှစ်လယ်ပိုင်းကတည်းက လွိုင်ကော် ဒကစ မှူးဟောင်း၏ အမိန့်ဖြင့်ပြောင်းရွေ့  သွားခဲ့ကြသည်။