ကရင်နီ ဒုက္ခသည် စခန်းမှ ခဲဆိပ်သင့်မှု ရှိ၊ မရှိ စစ်ဆေးမှု မရှိသေး

ကရင်နီ ဒုက္ခသည် စခန်းမှ ခဲဆိပ်သင့်မှု ရှိ၊ မရှိ စစ်ဆေးမှု မရှိသေး
by -
နှောင်းလှိုင်
ထိုင်းနယ်စပ်တွင် ကရင်လူထု အများစုနေထိုင်သော မယ်လ ဒုက္ခသည်စခန်းတွင်  လူသုံးကုန်တိုင်းရင်းဆေးမှ ခဲဆိပ် ပါဝင်သည့် အကြောင်းကို တရားဝင် ထုတ်ဖော်တားမြစ်ခဲ့ပြီ ဖြစ်သည်။ သို့သော် ကရင်နီဒုက္ခသည် စခန်းထဲမှာ စစ်ဆေးမှုမပြုလုပ် ရသေး ...

ထိုင်းနယ်စပ်တွင် ကရင်လူထု အများစုနေထိုင်သော မယ်လ ဒုက္ခသည်စခန်းတွင်  လူသုံးကုန်တိုင်းရင်းဆေးမှ ခဲဆိပ် ပါဝင်သည့် အကြောင်းကို တရားဝင် ထုတ်ဖော်တားမြစ်ခဲ့ပြီ ဖြစ်သည်။ သို့သော် ကရင်နီဒုက္ခသည် စခန်းထဲမှာ စစ်ဆေးမှုမပြုလုပ် ရသေးပါဟု အမှတ်(၁ ) စခန်း အုပ်ချုပ်ရေးမှူး ဆရာမ ဒေးဒေးဖော က ဆိုသည်။

“ လောလောဆယ်တော့ ဒီမှာ  ဘာမှ မဖြစ်သေးဘူး။ အဆိပ်ရှိလား၊ မရှိလား ဆိုတဲ့လက္ခဏာတွေက မပေါ်သေးဘူးလေ။ ပညာပေးအဆင့် လောက်ပဲလုပ်သေးတယ်လေ ” ဟု ဆရာမ ဒေးဒေးဖောက ပြောသည်။

မယ်လ ကရင် ဒုက္ခသည်စခန်းမှ နေထိုင်သူများအား အန္တရာယ်ရှိနိုင်သည့်အတွက် ရောင်းချခြင်းနှင့် သုံးစွဲခြင်းမပြုလုပ်ရန် စခန်း အာဏာပိုင်များက ယခုလ ၂၀ ရက်နေ့တွင် တားမြစ်ပိတ်ပင်ထားသည်။ ထို ထုတ်ပြန်တားမြစ်ချက်ကို လိုက်နာမှုမရှိပါက ထိရောက်စွာ အရေးယူသွားမည်ဟု ဧရာဝတီသတင်းမှာ ဖော်ပြထားသည်။  

ယင်း မယ်လ ဒုက္ခသည်စခန်း တာဝန်ရှိသူများသည် ဘန်ကောက်မြို့အခြေစိုက် အမေရိိကန်ပြည်ထောင်စု၏ ဗဟိုရောဂါ ထိန်းချုပ်ရေးစင်တာ (Center of Disease Control – CDC) အဖွဲ့ကို အကူအညီ တောင်းသည့်အတွက် ယခုကဲ့သို့ ခဲဆိပ်ပါ ကြောင်းသိိရှိရသည်။

အလားတူဘဲ ကရင်နီ အမှတ် (၁)  စခန်းတွင် ထို လူသုံးကုန်နှင့် တိုင်းရင်းဆေးတွင် အဆိပ်ရှိ၊ မရှိ မသိရသေးသည့်အတွက် ထိုဆေးများကို မရောင်းရန်၊ မသုံးစွဲရန်နှင့် မဝယ်ကြရန် ပညာပေးအဆင့်လောက်သာ ပြုလုပ်သည်ဟု သိရသည်။

“လူတယောက်က အဆိပ်ဖြစ်လာပြီ အဆိပ်စားမိတယ်ဆိုတဲ့ အဆင့်ရောက်လာရင်တော့ ဥပဒေအရ အရေးယူရတော့မယ်လေ ဥပဒေကတော့ ထိုင်း ဥပဒေ ကမှ ရမှာ ” ဟု ဆရာမ ဒေးဒေးဖောက ဆိုသည်။

၄င်း ဒေါ်ထွေး အမှတ်တံဆိပ် ဂေါမုတ္တဆေး နှင့် ဒေါ်ကျင် ကလေးသူငယ်နာ လေပုပ်ထုတ်ဆေးများတွင်သတ္တုမာ (Heavy Metal) အဆိပ်အတောက်များ ပါဝင်ထားသည်ဟု ဧပြီလ (၄) ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် မြန်မာနိုင်ငံ ကျန်းမာ ရေးဝန်ကြီးဌာမှ သတိပေးထားသည်ဟု သိရသည်။   

လူဦးရေ ၄သောင်းကျော်နေထို်ုင်သော ယင်းမယ်လ ဒုက္ခသည်စခန်းထဲတွင်် ခဲဆိပ်ပါသော လူသုံးကုန်နှင့် တိုင်းရင်းဆေး တချို့ မှာ ဒေါ်ကျင် သူငယ်နာ လေပုပ်ထုတ်ဆေး၊ ဂေါမုတ္တ  ဝမ်းနုတ်ဆေး၊ ပတ္တမြားသေးဆေးနှင့် နနွင်းမှုန့်၊ အစိမ်းမှုန့်၊ ဒန်သတ္တုဖြင့် ပြုလုပ်ထားသော အိုးခွက် ပန်းကန်များစသဖြင့် အမျိုးအစား ( ၉ ) မျိုးထုတ်ပြန်ထားသည်ဟု သိရသည်။

အမေရိကန်နိုင်ငံသို့ ရောက်ရှိသွားသော မယ်လ ဒုက္ခသည်စခန်းမှ မြန်မာဒုက္ခသည်များ၏ ကလေး တချို့တွင် တိုင်းရင်းဆေး ၂ မျိုး ကြောင့် ခဲဆိပ်သင့်ကြောင်း အမေရိကန် ပြည်ထောင်စု၏ ကျန်းမာရေးဌာနက စတင် တွေ့ရှိခဲ့ပြီးနောက် စခန်းတာဝန် ရှိသူများ က ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ထို ကဲ့သို့ တိုင်းရင်းဆေး ကြေညာချက် မထွက်ပေါ်ခင်် လက်ဖက်နှင့် အကြော်စုံ အမျိုးအစားပေါင်း ၁၀၀ ခန့်တွင် အန္တရာယ်ရှိ သော အဝါရောင် ဆိုးဆေးသုံးစွဲထားသည့်အတွက် စားသုံးရန်မသင့်ကြောင်း ကြေညာချက်ကိုလည်း ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ခဲ့သေးသည်ဟု ဆိုသည်။

Most read this week