ကေအဲန်ပီပီ (ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ) ၏ အစိုးရ လက်အောက်ရှိ ကရင်နီပြည် တပ်မတော်သည် ကလေးစစ် သားအသုံးပြုမှုမရှိကြောင်းနှင့် ထုတ်ပြန် ကြေညာတောင်းဆိုချက်နှင့် ပတ်သက်ပြီး ကုလသမဂ္ဂက အတွင်းရေးမှူးချုပ် လက်ခံနိုင်စရာရှိသည်ဟု ကေအဲန်ပီပီ အတွင်းရေးမှူး ၁ ကဆိုသည်။
“ကျနော်တို့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး သူတို့ငြင်းပယ်တယ် မငြင်းပယ်ဘူးဆိုတာကတော့ ကျနော်တို့ မပြောနို်င်ပါဘူး ဒါကတော့ ကုလသမဂ္ဂက အတွင်းရေးမှူးချုပ်ရဲ့ အနေအထားအပေါ်မှာပဲ မူတည်ပါတယ်၊ ဒါပေမဲ့လုပ်ရိုးလုပ်စဉ် သဘောအရတော့ သူတို့ငြင်းပယ်တယ်ရယ်လို့တော့ ကြားရတာမျိုး တွေ့ရတာမျိုးကိုတော့ မရှိဘူး၊ ဒါပေမဲ့ သူတို့အနေနဲ့ အရေးတယူ ဆောင်ရွက်ခြင်းမပြုဘူး ဆိုတဲ့အနေအထားလောက်ကိုတော့ ကျနော်တို့တွေ့ရတယ်လေ၊ ငြင်းပယ်တယ် ဆိုတဲ့အချက်မျိုး လောက်ကိုတော့ သူတိို့လုပ်မှာတော့ မဟုတ်ဘူးလို့ကျနော်ယုံကြည်ပါတယ်” ဟု ခူဦးရယ်က ပြောသည်။
တိုင်းရင်းသား လက်နက်သူပုန်အဖွဲ့တခုဖြစ်သည့် ကရင်နီပြည်တပ်မတော်သည် ကလေးစစ်သားအသုံးပြုမှု မရှိကြောင်း နိုင်ငံတကာအဖွဲ့အစည်း အနေနှင့် လာရောက်စစ်ဆေးနို်င်သည်ဟု၄င်းက ဆိုသည်။
အထူးသဖြင့် အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့အစည်းနှင့် ဆက်ဆံနေသည့် အချိန်တွင် အခက်အခဲရှိမည်။ သို့သော် တရားဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ သူတို့အတိုင်းအဝိုင်း မိသားစုထဲမှ ကေအဲန်ပီပီလည်း အပါအဝင်ဖြစ်သည်ဟု ခံယူသည့်် အပေါ်တွင် ဆက်လက် ပူးပေါင်းဆောင်ရွက်ချင်ကြောင်းနှင့် သာယာဝပြောသော လူ့ဘောင်ကိုလည်း အတူတကွ လက်တွဲချင်ကြောင်း၊ ထို့ကြောင့် ကေအဲန်ပီပီ တပ်မတော်သို့ လာရောက်စစ်ဆေးရန် တရားဝင်ဖိတ်ခေါ်ခြင်းဖြစ်သည်ဟု သိရသည််။
“၃ ကြိမ် ၃ခါ ကျနော်တို့ဒီလိုမျိုး statement တွေထုတ်ပြီးတော့ ကျနော်တို့တောင်းဆိိုတယ် ရှင်းလင်းဆုံးဖြတ်တာ တွေ့ရှိတယ်၊ နောက်ပြီးတော့ သူတိုိ့ရဲ့ကိုယ်စားလှယ်တွေကိုလည်း စေလွတ်ဖို့ ကျနော်တို့ဖိတ်ခေါ်ထားတယ် အဲဒါက တတိယ အကြိမ်မြောက် ဖြစ်တယ်ပေါ့နော်၊ အဲဒီတော့ သူတို့အနေနဲ့ တကယ်တမ်း တင်းတင်းရင်းရင်း ဒီအပေါ်မှာ အလုပ်လုပ်ချင်တယ် အာရုံစူးစိုက်ပြီး ဦးစားပေးလုပ်ငန်းတခု အနေနဲ့ သူတို့သဘောထားရင်တော့ သူတို့မအားလပ်စရာ အကြောင်းတော့ မရှိဘူး သူတိုု့လုပ်ကို လုပ်နိုင်တယ်လို့ ကျနော်တို့ အဲဒီလိုပဲ တထစ်ချယုံကြည်တယ် ” ဟု ခူဦးရယ်က ဆိုသည်။
ထိုကလေးစစ်သားအသုံးပြုမှု ထုတ်ပြန်ချက်ထဲတွင် ကေအဲန်ပီပီ၏ အမည်ကို ပယ်ဖျက်ပေးသည့် အနေအထားမျိုးမရောက်မချင်း အခွင့်အရေးကြံုသည့်အခါတိုင်း ဆက်လက်တောင်းဆိုသွားမည်ဟု သိရသည််။
“အခု တခေါက်ကျနော်တို့ ဒီလို တောင်းဆိုရတာကလည်းပဲ ဒီစစ်ရေးပဠိပက္ခအတွင်းမှာ ခလေးတွေရဲ့ အနေအထားနဲ့ ပတ် သက်ပြီးတော့ သူတို့မကြာခင် ကုလသမဂ္ဂက debate လုပ်ဖို့ရှိတယ်၊ အဲဒါနဲ့တိုက်ဆိုင်ပြီးတော့ ကျနော်တို့ထုတ်ပြန်ရတာ ဖြစ်တယ်” ဟု ကေအဲန်ပီပီ အတွင်းရေးမှူး ၁ ကဆိုသည်။
လွန်ခဲ့သည့် နှစ်၃၀ ကာလတုန်းက အသက်မပြည့်သည့် ကလေးတချို့ ကေအဲန်ပီပီ စစ်သားထဲတွင် ရှိသည်။ သို့သော်လည်း ထိုကလေးများသည် ဗာမာစစ်သားတွေရဲ့ ညှင်းပမ်းနှိပ်စက်မှု၊ သတ်ဖြတ်မှု၊ အတင်းခိုင်းစေမှုများကြောင့် ကြံုတွေ့ခဲ့ရသော အခြေအနေ အပေါ်မှာ လက်တုံ့ပြန် လက်စားချေ ချင်သည့် ရည်ရွယ်ချက်နဲ့ ကေအဲန်ပီပီ တပ်မတော်ထဲသို့ ဝင်လာခြင်းဖြစ်သည်။
အသက်မပြည့်သော ကလေးများကို စာသင်ကျောင်းတွင် ပြန်ပို့ထားသည်မှာ ရာနဲ့ချီရှိသည်။ သို့သော် အနည်းစုမှာ ကျောင်းမတက်ဖူးခဲ့သည့်အတွက် စစ်စခန်းသို့ နေရခြင်းဖြစ်သည်။
“အသက်က ၁၂ နှစ် ၁၃ နှစ ၁၄နှစ် ်အရွယ် လူပျိုဖော်ဝင်အရွယ်မှာ ဟိုး ၄ -၅- ၆နှစ်ခလေးတွေနဲ့တတန်း ထဲမှာ စာသင်ကြမယ် ဆိုတဲ့အနေအထားမှာ သူတို့မပျော်ပိုက်တဲ့ အတွက်ကြောင့်မို့လို့ သူတို့အတွက် အခက်အခဲရှိတယ်၊ အဲကြောင့်ကြည့်တဲ့အခါကျတော့ သူတို့မသွားပဲနေရတဲ့ အဲဒါမျိုးတွေ ရှိတာပေါ့နော်၊ ဒါပေမဲ့အများစုကတော့ သူတို့ပြန်သွားကြတာရှိပါတယ်၊ ဒါပေမဲ့ လို့အဲဒီလိုမသွားတဲ့ လူတွေကိုလည်းပဲ ကျနော်တို့ စစ်မြေပြင်မှာ အသုံးပြုတာမျိုးတွေကျတော့ ကျနော်တို့မလုပ်ဘူး၊ တချို့ တောင်မှ ကျနော်တို့ စစ်သင်တန်းတောင်မှ တက်ခွင့်မပြုဘူး တချို့ဆိုရင်လည်းပဲ အခြေခံစစ်သင်တန်းလောက်ပဲ တက်ခွင့်ပြုပြီးတော့ စစ်စခန်းမှာပဲ တောက်တိုမယ်ရ အလုပ်ကို်ပဲ ကျနော်တို့ခိုင်းတာမျိုးတွေ ကျနော်တို့လုပ်တယ်” ဟု ခူဦးရယ်က ဆိုသည်။
၂၀၀၃- ၂၀၀၄ တုန်းက လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကနေပြီး ထုတ်ပြန်လိုက်သည့့်အစီရင်ခံစာအုပ်ကို အမှီပြု ကိုးကားပြီး ကရင်နီတပ်မတော်ထဲတွင် ကလေးစစ်သား အသုံးပြုနေသည့့် သဘောမျိုးနဲ့ သူတို့နာမည်ထည့်သွင်း ခံရခြင်းဖြစ်ကြောင်း သိရသည််။
“သူတို့ အစီရင်ခံစာ ထုတ်ပြန်တဲ့အချိန်မှာ ကတော့ ကျနော်တို့ ကရင်နီပြည် တပ်မတော် ထဲမှာတော့ အဲလိုအသက် ၁၈ နှစ် မပြည့်တဲ့ ခလေးသူငယ်တွေကို စုဆောင်းတာမျိုး အသုံုးပြုရတာမျိုးတွေတော့ လုံးဝမရှိတော့ဘူး” ဟု ခူဦးရယ်ကဆိုသည်။
ကလေး အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သည့် ရည်ရွယ်ချက်နဲ့ စစ်မြေပြင် သို့မဟုတ် စစ်ဖြစ်ပွားနေတဲ့ ဒေသတွင်းထဲတွင် အခွင့်အရေးတွေ ချိုးဖောက်ခံနေရခြင်းနှင့် ပတ်သက်ပြီး သူတို့မီးမောင်းထိုးပြတဲ့ သဘောမျိုးနဲ့ အစီရင်ခံစာကို ထုတ်ပြန်တာဖြစ်သည်ဟု ၄င်းက ဆိုသည်။