ကေအဲန်ပီပီ ရွေးကောက်ပွဲ လူငယ်များအား အခွင့်အရေးပေး

ကေအဲန်ပီပီ ရွေးကောက်ပွဲ လူငယ်များအား အခွင့်အရေးပေး
by -
ကို(၂)
ကရင်နီ နိုင်ငံရေးတွင် လူငယ်များ ပါဝင် ဦးဆောင်လာနိုင်ရေးအတွက်  ၁၁ ကြိမ်မြောက် ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (ကေအဲန်ပီပီ) ကွန်ကရက်က ရွေးကောက်ပွဲပုံစံများ ပြုပြင် ပြောင်းလဲလိုက်သည်။ ကေအဲန်ပီပီပါတီ၏ ဖွဲ့စည်းပုံအရ ပါတီ ဗဟိုကော်မီတီဝင် မူလ(၁၅)ဦး ရှိရာမှ ယခု (၁ဝ) ဦးသာ ထားရှိ ...

ကရင်နီနိုင်ငံရေးတွင် လူငယ်များပါဝင်ဦးဆောင်လာနိုင်ရေးအတွက်  ၁၁ ကြိမ်မြောက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(ကေအဲန်ပီပီ) ကွန်ကရက်က ရွေးကောက်ပွဲပုံစံ များပြုပြင် ပြောင်းလဲလိုက်သည်။

ကေအဲန်ပီပီပါတီ၏ဖွဲ့စည်းပုံအရ ပါတီဗဟိုကော်မီတီဝင်မူလ(၁၅)ဦးရှိရာမှ ယခု(၁ဝ)ဦးသာ ထားရှိရမည်ဖြစ်ကြောင်း၊ အရံပါတီဗဟိုကော်မီတီဝင်မူလ(၁ဝ)ဦးရှိရာမှ ယခု(၁၅)ဦးထားရှိ ရမည်ဖြစ်ကြောင်း ယခု ၂ဝဝ၉ ခုနှစ်၊ မတ်လ (၃ဝ) ရက်နေ့မှ ဧပြီလ (၄) ရက်နေ့ထိ ကရင်နီလွတ်မြောက်နယ်မြေတနေရာတွင် ကျင်းပပြုလုပ်ခဲ့သော ၁၁ ကြိမ်မြောက် ကေအဲန်ပီပီကွန်ကရက်က သဘောတူချမှတ်လိုက်သည်။

ယခင်က ကိုယ်စားလှယ်လောင်း (၂၅)ဦးအနက် ပါတီဗဟိုကော်မီတီဝင်(၁၅)ဦးရွေးချယ်ပြီး ကျန် (၁ဝ)ဦးမှာ အလိုအလျောက် အရံပါတီဗဟိုကော်မီတီဝင်များအဖြစ်သတ်မှတ်သည်။ သို့သော်ယခုရွေးကောက်ပွဲပုံစံသည် ဗဟိုကော်မီတီဝင်(၁ဝ)ဦးရွေးကောက်ပြီးနောက် ကျန် (၁၅)ဦးအား ယခင်ကဲ့သို့ အလိုအလျောက် အရံဗဟိုကော်မီတီဝင်အဖြစ်မသတ်မှတ်တော့ဘဲ ရိုးရိုးပါတီဝင်အဆင့်သို့ပြန်လှည်ရောက်ရှိသွားသည်။

ယခု အရံဗဟိုကော်မီတီအဆင့်ရွေးချယ်ရာမှာ ရိုးရိုးပါတီဝင်များထဲမှ ပညာတတ်လူငယ်များ၊ နိုင်ငံရေး၌တက်ကြွသောလူငယ်များနှင့် အမျိုးသမီးများကို နိုင်ငံရေးဦးဆောင်မှုအပိုင်းတွင် ဝင်ရောက်လာစေရေးအတွက် ပါတီ၏မူပေါ်လစီကိုပြုပြင်ပြောင်းလဲခြင်းဖြစ်သည်ဟု အမြင့်ဆုံးအာဏာရှိသော ကေအဲန်ပီပီကွန်ကရက်ကသတ်မှတ်သည်။

ထိုကွန်ကရက်မှ ပါတီဥက္ကဌအဖြစ် ယခင်ပါတီဥက္ကဌဟောင်း ခူးထဲဘူးဖဲအားရွေး ကောက်တင်မြောက်လိုက်ကြပြီး ဒု-ဥက္ကဌအဖြစ် ယိုရှိယာ၊ အတွင်းရေးမှူး(၁)အဖြစ် ခူးဦးရယ်၊ တွဲဘက်အတွင်းရေးမှူးအဖြစ် အောင်ဆန်းမြင့်၊ တို့ကို ကွန်ကရက်သို့တက်ရောက်လာသော ဒေသအသီးသီးမှ ပါတီကိုယ်စားလှယ်ပေါင်း (၃ဝဝ)ဦး က လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်တင်မြောက်လိုက်ပါသည်။