ထိုင်းနိုင်ငံက ကြားဝင်ဆောင်ရွက်မည့် တိုင်းရင်းသားအရေးကို ကေအဲန်ပီပီ ကြိုဆိုမည်

ထိုင်းနိုင်ငံက ကြားဝင်ဆောင်ရွက်မည့် တိုင်းရင်းသားအရေးကို ကေအဲန်ပီပီ ကြိုဆိုမည်
by -
နှောင်းလှိုင်
မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် စစ်အစိုးရအကြား အမျိုးသား ရင်ကြားစေ့ရေး၊ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်စေခြင်းနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံက ကြားဝင်ဆောင်ရွက်ပေးခြင်းသည် ကေအဲန်ပီပီ (ကရင်နီ အမျိုးသား တိုးတက်ရေးပါတီင်္) က ကြိုဆို ...

မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် စစ်အစိုးရအကြား အမျိုးသား ရင်ကြားစေ့ရေး၊ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်စေခြင်းနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံက ကြားဝင်ဆောင်ရွက်ပေးခြင်းသည် ကေအဲန်ပီပီ (ကရင်နီ အမျိုးသား တိုးတက်ရေးပါတီင်္) က ကြိုဆိုထောက်ခံကြောင်း ပြောဆိုပါသည်။

ထိုင်းအစိုးရမှ အမှန်တကယ် တရားဝင် ဆောင်ရွက်ပေးမည်ဆိုပါက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့် ကေအဲန်ပီပီ နိုင်ငံရေးပါတီ တွဲဘက်အတွင်းရေးမှူး ၂ ခူဦးရယ်က ယခု ပြောဆိုလိုက်သည်။

ခူဦးရယ်က “ နိုင်ငံရေးအရ တကယ်တမ်း တွေ့ဆုံဆွေးနွေးဖြစ်တဲ့ အခြေနေမျိုး ရောက်ရှိအောင် ထိုင််းက ကြားဝင်ပေးတယ်ဆိုရင်တော့ KNU က မကပါဘူး၊ ကျနော်တိုု့လည်းပဲ ဝမ်းပမ်းတသာ ကြိုဆိုလက်ခံမှာပါပဲ ၊ ဒါပေမယ့် အရေးကြီးတာက ကျနော်တို့ တကယ်တမ်း တွေ့ဆုံဆွေးနွေးတဲ့ အခါမျိုးတွေမှာ ကျနော်တို့နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတဲ့ အဆင့်ကို တကယ်ရောက်မယ်၊ မရောက်ဘူးဆိုတာကိုပဲ ကျနော်တို့ သံသယ ဖြစ်နေတာပါ” ဟုဆိုပါသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာဆစ် ဖိရူမ်း (Kasit Piromya) က မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ချိန်တွင် မြန်မာ စစ်အစိုးရ တောင်းဆိုလိုက်ပြီး ထိုင်းအစိုးရကလည်း လိုလိုလားလား ကူညီမည်ဖြစ်ကြောင်း သတင်းက ထွက်ပေါ်နေပါသည်။

သို့သော် ရွေးကောက်ပွဲ မကျင်းပခင်မှာ နှစ်ဦး နှစ်ဖက်အားလုံး သဘောတူ လက်ခံနိုင်သည့် အခြေခံဥပဒေတရပ် ဖြစ်ရန်လိုအပ်ကြောင်း၊ ယမန််နှစ်က အတည်ပြုထားသော အခြေခံဥပဒေမှာ လူထုဆန္ဒသဘောထားအားလုံး အတည်ပြုထောက်ခံထားသည့် အခြေခံ ဥပဒေမူကြမ်း မဟုတ်ကြောင်း၊ ထို အခြေခံဥပဒေကို ပြန်လည်သုံးသပ််ဖို့လိုအပ်ကြောင်းကိုလည်း တိုင်းရင်းသားမျာက ထောက်ပြပါသည်။

“ သူတို့အနေနဲ့ အားလုံးကို ပါဝင်စေချင်တယ်ဆိုလို့ရှိရင် အခုဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေအားလုံးကို လွတ်ရမယ်။ သူတို့က နေပြီးတော့ နိုင်ငံရေးအကျဉ်းသား မရှိဘူးဆိုပြီးတော့ ငြင်းနေတဲ့ဟာကိုလည်းပဲ သူတို့ပြင်ဖို့လိုတယ်၊ သူတို့အနေနဲ့ ခုချိန်မှာ အားလုံးကို ပွင့်လင်းဖို့လိုတယ်၊ ရိုးသားဖို့လိုတယ်”  ဟု ခူဦးရယ်က ဝေဖန်ပြောဆိုသွားသည်။

အလားတူဘဲ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များဖြစ်ကြသော ကေအဲန်ယူ၊ အက်စ်အက်စ်အေ (တောင်ပိုင်း) အပါအဝင် မြန်မာ စစ်အစိုးရနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံစကားပြောဖို့ရန် အမြဲတခါးဖွင့်ပြီး အဆင်သင့်ရှိကြောင်း သတင်းမှာ ဖော်ပြခဲ့ကြသည်။

ကေအဲန်ယူကို ထိုင်းဖက်က ဖိအားပေးခြင်းနှင့် ပတ်သက်ပြီး ခူဦးရယ်က “ ခုလို နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုအတွက် သူတို့ကြိုးပမ်းနေတဲ့ အချိန်ခါမျိုးတွေမှာကတော့ မဖွယ်မရာ ဖိအားပေးမှုမျိုးကိုတော့ သူတို့လုပ်လိမ့်မယ်လို့တော့ ကျနော်မယုံကြည်ပါဘူး” ဟု ဆိုသည်။

၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲတွင် ကရင်အမျိုးသားအစည်းအရုံး ပါဝင်ယှဉ်ပြိုင်စေရေး၊ စစ်အစိုးရနှင့် ရင်ကြားစေ့ရေး အတွက် ဖျောင်းဖျပေးပါရန် မြန်မာစစ်အစိုးရ၏ တိုက်တွန်းချက်နှင့်ပတ်သက်၍ ထိုင်းဝန်ကြီးချုပ်က ထောက်ခံကြောင်း ပြောကြားသွားသည်ဟု သိရသည်။