ကေအဲန်ယူ ခေါင်းဆောင် နယ်စပ်တဘက်ခြားမှာ ပြန်အခြေချမည်ဟုဆို

ကေအဲန်ယူ ခေါင်းဆောင် နယ်စပ်တဘက်ခြားမှာ ပြန်အခြေချမည်ဟုဆို
by -
နှောင်းလှိုင်
ထိုင်းနယ်စပ်၌ နှစ်ပေါင်းများစွာ အခြေချနေထိုင်ပြီး မြန်မာစစ်အစိုးရကို ခုခံတော်လှန်တိုက်ခိုက်နေသည့် ကေအဲန်ယူ ခေါင်းဆောင် အချို့သည် ထိုင်းဘက်ခြမ်းရှိ ခြေကုတ်မနေတော့ဘဲ တဘက်ခြမ်းရှိ ပြည်နယ်ထဲတွင် ပြန်လည်အခြေချနေထိုင်မည် ဖြစ်ကြောင်း ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် တယောက်က ပြော ...

ထိုင်းနယ်စပ်၌ နှစ်ပေါင်းများစွာ အခြေချနေထိုင်ပြီး မြန်မာစစ်အစိုးရကို ခုခံတော်လှန်တိုက်ခိုက်နေသည့် ကေအဲန်ယူ ခေါင်းဆောင် အချို့သည် ထိုင်းဘက်ခြမ်းရှိ ခြေကုတ်မနေတော့ဘဲ တဘက်ခြမ်းရှိ ပြည်နယ်ထဲတွင် ပြန်လည်အခြေချနေထိုင်မည် ဖြစ်ကြောင်း ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် တယောက်က ပြောသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် စောဒေးဗစ်ထောက " ကိုယ့်နိုင်ငံဘက်မှာပဲ ပြန်နေကြမယ်။ အဲဒီမှာ တပ်တွေနဲ့ နီးစပ်တယ်၊ လူထုတွေနဲ့ နီးစပ်တယ်ဆိုတော့ ဒီဆုံးဖြတ်ချက်က နှကိုယ်ကတည်းက ကျနော်တို့ ဒီ ၁၂ ကြိမ်မြောက် ညီလာခံကတည်းက ကေအဲန်ယူ ညီလာခံ ကတည်းက တတ်နိုင်သလောက် ဒီယိုးဒီးယားနိုင်ငံကို မနေထိုင်ဖို့ ဆုံးဖြတ်ချက်တွေထားရှိခဲ့တယ် " ဟု ကန္တာရဝတီတိုင်းမ်ကို ပြောသည်။

မြန်မာစစ်အစိုးရနှင့် ထိုင်း နှစ်နိုင်ငံနယ်စပ် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက်ပိုင်းတွင် စစ်အစိုးရဘက်မှ ဖိအားပေး တောင်းဆိုမှုကြောင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် အခြေစိုက်နေထိုင်သော ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ) ခေါင်းဆောင်များကို ထိုင်း စစ်တပ်က ယခုလို မြန်မာပြည်ဘက်သို့ ပြန်ကြရန် ပိုမိုဖိအားပေးတောင်းဆိုမှုများ ပြုလုပ်လာခြင်း ဖြစ်သည်။

ထိုင်းစစ်တပ်က ကေအဲန်ယူခေါင်းဆောင်များကို ဖေဖော်ဝါရီလ၂၅ ရက် နောက်ဆုံးထားပြီး မဲဆောက်မှ မြန်မာပြည်တဘက်ကမ်းသို့ ပြန်သွားနေထိုင်ပါရန် စာတစ်စောင် ပေးပို့ထားသည်ဟု သိရသည်။

ထိုင်းဖက်က ဖိအားပေးခြင်းနှင့် ပတ်သက်ပြီး စောဒေးဗစ်တောက " နယ်စပ်ဒေသမှာ စီးပွားရေးလုပ်ချင်တဲ့ ကိစ္စတွေ ရှိတယ်၊ နောက်ပြီး တော့ ကေအဲန်ယူ တပ်တွေအနေနဲ့ အနှောက်အယှက် မပေးနိုင်ဖို့အတွက် သူတို့က တဖက်က ယိုးဒီးယားကို ဖိအားပေးတယ်၊ ယိုးဒီးယားက သူတို့ဆီမှာ လိုချင်တာတွေ ဗမာ စီးပွားရေးအရ လုပ်ငန်းတွေရှိရင် သဘောက သူတို့တောင်းဆိုချင်တာ လိုက်လျောဖို့ အဲ့ဒီဖိအားမျိုးပါပဲ" ဟု ပြောဆိုသွားသည်။

ထိုနည်းအတူ ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ခွဲထွက်သွားသော အဖွဲ့တခုက ထိုင်း-မြန်မာ နယ်စပ်ဒေသမှ ဒုက္ခသည်စခန်းများကို ဖျက်သိမ်းပြီး ဒုက္ခသည်များကို နေရပ်ရင်းသို့ ပြန်ပို့ရန် တောင်းဆိုလိုက်ကြောင်း ဧရာဝတီက ရရှိသည့် အစီရင်ခံစာတစောင်အရ သိရသည်။

“လက်နက် ကိုင်တိုက်ပွဲများ ပြီးဆုံးပြီ ဖြစ်သောကြောင့် ကရင်တိုင်းရင်းသားများ မွေးရပ်မြေသို့ ငြိမ်းချမ်းစွာ ပြန်လည် နေထိုင်ရန်အတွက် နိုင်ငံတကာ အသိုင်းအဝန်းက ဝင်ရောက် ကူညီဆောင်ရွက်ပေးသင့်သည်” ဟု KNU/KNLA ငြိမ်းချမ်းရေးကောင်စီက ကုလသမဂ္ဂ လူ့အခွင့် အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တာနာသို့ ပေးပို့သည့် အစီရင်ခံစာတွင် ရေးသားထားသည်။ ပြီးခဲ့သည့်လက မစ္စတာ ကင်တာနာ ကရင်ပြည်နယ်သို့ ရောက်ရှိစဉ်က ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု သိရကြောင်း ရေးသားထားသည်။
 

Most read this week