စစ်အစိုးရက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ထုတ်ပြန်လိုက်သည့် အစီရင်ခံစာများကို လက်မခံ

စစ်အစိုးရက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ထုတ်ပြန်လိုက်သည့် အစီရင်ခံစာများကို လက်မခံ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ထုတ်ပြန်လိုက်သည့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာနှင့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဗျူဟာ အစီရင်ခံစာတို့ကို မြန်မာ စစ်အစိုးရ အနေနှင့် လုံးဝ လက်မခံနိုင်ဟု ဆို ...

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ထုတ်ပြန်လိုက်သည့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာနှင့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဗျူဟာ အစီရင်ခံစာတို့ကို မြန်မာ စစ်အစိုးရ အနေနှင့် လုံးဝ လက်မခံနိုင်ဟု ဆိုသည်။

မတ်လ ၄ရက်နေ့စွဲဖြင့် ယနေ့ထုတ်မြန်မာ့အလင်းသတင်းစာတွင် အဆိုပါအစီရင်ခံစာများကို် မြန်မာနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနက လုံးဝလက်မခံဘဲ ပယ်ချလိုက်ကြောင်း သတင်းတရပ် ပြန်လည််ထုတ်ပြန် ကြေညာလိုက်ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာထဲတွင် စစ်အစိုးရ အုပ်ချုပ်သည့် မြန်မာနိုင်ငံသည် အခြားအာရှနိုင်ငံများ ဖြစ်သည့် တရုတ်ကွန်မြူနစ်နိုင်ငံ၊ မြောက်ကိုးရီးယား၊ ဗီယက်နမ်များနည်းတူ လူ့အခွင့်အရေးအခြေအနေမှာ အလွန်ဆိုုးရွားနေကြောင်း ဖော်ပြထားသည်။

မူးယစ်ဆေးဝါးနှင့်ပတ်သက်၍လည်း မူးယစ်ဆေးဝါးထုတ်လုပ်သည့် နိုင်ငံပေါင်း ၂၀ထဲတွင် မြန်မာပြည်ပါ၀င်နေပြီး မူးယစ်ဆေးဝါးကိစ္စနှင့် ငွေမည်းကို ငွေဖြူဖြစ်အောင်လုပ်ကြသည့် နိုင်ငံများတွင်လည်း မြန်မာနိုင်ငံ ပါ၀င်သည်ဟု ဖေဖော်ဝါရီလ ၂၇ရက်နေ့က ထုတ်ပြန်ခဲ့သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ နှစ်စဉ်နိုင်ငံတကာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမဟာဗျူဟာဆိုင်ရာ အစီရင်ခံစာ ကဖော်ပြသည်။

အဆိုပါ အစီရင်ခံစာများကို လက်မခံဆိုသည့် မြန်မာစစ်အစိုးရ ပြန်လည်ထုတ်ပြန်လိုက်သည့် ကြေညာစာထဲတွင် “ မြန်မာ နိုင်ငံသည်မိမိ၏ နိုင်ငံခြားရေးမူဝါဒနှင့် အညီလူ့အခွင့်အရေး မြှင့်တင်ရေးအပါအဝင် ကဏ္ဍပေါင်းများစွာတွင် ကုလသမဂ္ဂနှင့့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။ ၂၀၀၉ခုနှစ်ဖေဖော်ဝါရီလ၂၆ရက်နေ့ကလည်း ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို) တို့အကြား အဓမ္မစေခိုင်းမှု တိုင်ကြားချက်များ ဆောင်ရွက်ရန် နောက်ဆက်တွဲစာလွှာကို သက်တမ်းတိုးမြှင့်ခဲ့ပြီးဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ခြားသောဖွံ့ံဖြိုးဆဲနိုင််ငံ များကဲ့သို့ပင် ဖွံ့ဖြိုးတိုးတက််ခွင့် ရရှိရေးကိုအဓိက ဦးစားပေးဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါအစီရင်ခံစာသည် မြန်မာပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်ခွင့် မြှင့်တင်ရေးဘက်တွင် ယင်းကဲ့သို့သောအပြုသဘောဆောင်သည့် တိုးတက်မှုများကို လျစ်လျူရှုထားသည်ကို တွေ့ရှိပါသည်။”ဟု ပါရှိသည်။

မူးယစ်ဆေးဝါးနှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် (၁၅)နှစ် အမျိုးသား စီမံကိန်းတစ်ရပ်ကို ၁၉၉၉ခုနှစ် ကတည်းက ချမှတ်ထားခဲ့ကြောင်း ဒေသအဆင့်တွင် မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၅ ခုနှစ်တွင် အာဆီယံဒေသတွင်း မူးယစ်ဆေးဝါး ကင်းစင်စေရမည်ဟူသော ဘုံရည်မှန်းချက်ကို ပြည့်မြောက် စေရေးအတွက် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်”ဟု ရေးသားထားသည်။

ဒါ့ပြင် မြန်မာနိုင်ငံသည် မဟာမဲခေါင် မြစ်ဝှမ်းဒေသ မူးယစ်ဆေးဝါးကင်းမဲ့ဇုန် ပေါ်ပေါက်လာစေရေးအတွက် ခြောက်နိုင်ငံသဘောတူ နားလည်မှု စာချွန်လွှာကိုလည်း လက်မှတ်ရေးထိုးထားပြီးဖြစ်ကာ မြန်မာနိုင်ငံအနေဖြင့် အာဆီယံမှ   ရည်မှန်းသတ်မှတ်ထားသည့် နေ့ရက်ထက်တစ်နှစ်စော၍ ၂၀၁၄ ခုနှစ်တွင် မူးယစ်ဆေးဝါးကင်းစင် ပပျောက်စေရန် ဦးတည်ဆောင်ရွက်လျက်ရှိသည်ဟု မြန်မာနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်က ဆိုပါသည်။

သို့သော် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ မြန်မာပြည်တွင် ဘိန်းစိုက်ပျိုးမှုသည် ၂၀၀၇ခုနှစ်မှစ ပြီး သိသိသာသာ ပြန်တိုးလာခဲ့ပါသည်။ မက်သ်အမ်ဖက်တမင်း ဟုခေါ်သည့် မူးယစ်စိတ်ကြွဆေးများ ထုတ်လုပ်ပြီး နိုင်ငံခြားကို ဖြန့်ဖြူးတာတွေလည်း သိသိသာသာ လုပ်လာခဲ့သည်။ အဓိကဘိန်းစိုက်ပျိုးမှု တိုးလာသည့် နေရာများမှာ ရှမ်းပြည်အရှေ့ပိုင်း၊ တောင်ပိုင်းနှင့်ကချင်ပြည်နယ်တွေမှာ ဖြစ်ပြီး မြန်မာပြည်နှင့် ကပ်လျက် ရွှေတြိဂံနယ်မြေမှ မူးယစ် စိတ်ကြွဆေးများကို ဖြန့်သည့်နေရာတွင် Ice Triangle ဟုခေါ်သည့် ဆေးပြားသစ်တွေကို မြန်မာပြည်က အကြီးအကျယ် ဖြန့်ဖြူးသူအဖြစ် ပါ၀င်နေသည်။

လူ့အခွင့်အရေးအရ ကြည့်မည်ဆိုလျှင်လည်း မြန်မာနိုင်ငံအတွက် ထုတ်ပြန်သည့် အစီရင်ခံစာတိုင်းသည် ၁၉၈၈ခုနှစ် မှ စပြီး ယခုအချိန်အထိ အခြေအနေတိုးတက် ကောင်းမွန်လာသည်ကို မတွေ့ရှိဘဲ အမြဲလိုလိုပင် ဆုတ််ယုတ် ကျဆင်း နေသည်။