ကယန်းဒေသတွင် ယခုနှစ်လဆန်းပိုင်း အခွန် တိုးကောက်ခံနေ

ကယန်းဒေသတွင် ယခုနှစ်လဆန်းပိုင်း အခွန် တိုးကောက်ခံနေ
by -
ဒေလီထက်
ဇန်နဝါရီ လဆန်းပိုင်းမှစ၍ ကရင်နီ(ကယား) ပြည်နယ် ကယန်းဒေသတွင် အကောက်ခွန်များ တိုး၍ ကောက်နေသည်ဟု ကယန်းဒေသခံများက သတင်းပေးပို့ထားပါသည်။ " ကောက်တာက ဒေသတိုင်း လိုလိုပါပဲ။ ဥပမာ လအိ၊ လတိမ် အုပ်စု၊ ဆီးဘူး-လွိုင်ကော် ကားလမ်းပေါ်မှာ ...

ဇန်နဝါရီ လဆန်းပိုင်းမှစ၍ ကရင်နီ(ကယား) ပြည်နယ် ကယန်းဒေသတွင် အကောက်ခွန်များ တိုး၍ ကောက်နေသည်ဟု ကယန်းဒေသခံများက သတင်းပေးပို့ထားပါသည်။

" ကောက်တာက ဒေသတိုင်း လိုလိုပါပဲ။ ဥပမာ လအိ၊ လတိမ် အုပ်စု၊ ဆီးဘူး-လွိုင်ကော် ကားလမ်းပေါ်မှာ တွေပေါ့ဆီးဘူး- လွိုင်ကော် လမ်းဆိုရင် အနည်းဆုံး အခွန်ဆောင်ရတဲ့ ဂိတ် ၅ ခု ရှိတယ်။ ၃ ခုက စစ်တပ်ကို ဆောင်ရတယ်။ ၁ ခုက ကယန်းပြည်သစ်၊ နောက်တခုက ကလလတပေါ့။ အပစ်ရပ်အဖွဲ့တွေကတော့ ငရုတ်သီးချိန်၊ ဖလာ အချိန်ပဲကောက်တယ်။ စစ်တပ်တော့ အချိန်တိုင်း ကောက်တာပေါ့ " ဟု ဒေသခံတဦးက ပြောသည်။

နောက်ဒေသခံ လူငယ်တစ်ဦးက " အကောက်အခွန်တော့  ပြန်မကျတဲ့အပြင် တိုးကောက်နေတော့ တာပေါ့ ကယားပြည်နယ် ကယန်း ဒေသတခု လုံးပဲထင်တယ် ဥပမာ ငရုတ်သီး အရင်တုံးက ၁ပိဿာ ကို ၅၀ လောက်ပဲကောက်တာ အခု ၁၀၀ လေး။ ဆိုင်ကယ် လိုင်စင် ကော အရင်ကထက် ၁ ဆ ၂ ဆ ပိုတောင်းတယ်လေး" ဟု ပြောပြသွားပါသည်။

ငရုတ်သီးနှင့် ဆန်များကို ပိဿာလိုက်၊ အိတ်အလိုက် ကောက်ခံနေပြီး တခြားသော ဒေသထွက် ပစ္စည်းများအပြင် ဘိန်းအခွန်များကိုလည်း ကောက်ခံနေပါသည်ဟု သိရသည်။

အမည်မဖော်လိုသူ ဒေသခံ တစ်ဦးကလည်း " ဆန်တစ်အိတ်ကို ကျနော်တို့ ရွာအရောက် ဆိုရင် ၁၈၀၀၀ ကျပ်ပါပဲ၊ အရင်ကတော့ ၂၅၀၀၀၊ ၃၀၀၀၀ ၀န်းကျင်လောက်ပေါ့။ ငရုပ်သီးစျေး၊ ဖါလာစျေး၊ ကော်ဖီစျေးလည်း မကောင်းဘူး။ ဒါကြောင့် စားဝတ်နေရေး ကျပ်တည်းမှုတွေ ဖြစ်ပေါ်နေတယ်" ဟု ကုန်စျေးနှုန်း အခြေအနေကို ပြောဆိုသွားသည်။

ဒေသထွက်အဓိက ကုန်ပစ္စည်းများမှာ ငရုတ်သီး၊ ဖလား၊ တညင်း၊ ဘိန်းနှင့် ဆန်များ ဖြစ်သည်။ ဆန်စျေးနှင့် ကုန်စျေးနှုန်းများ ကျဆင်သွား ပါသော်လည်း အကောက်ခွန်နေမှုများကို ပိုတိုး၍ ကောက်ခံနေသည့်အတွက် ဒေသခံလူထုများအနေဖြင့် စားဝတ်နေရေး အခက်အခဲဖြစ် နေကြသည်။