မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးနှုန်းများပြား၊ ကမ္ဘာတွင် ဒုတိယအများဆုံး ထွက်ရှိ

မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးနှုန်းများပြား၊ ကမ္ဘာတွင် ဒုတိယအများဆုံး ထွက်ရှိ
by -
ဒေလီထက်
ကမ္ဘာပေါ်ရှိ ဘိန်းစိုက်ပျိုးမှုသည် ကျဆင်းလာပြီး အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံသည် ဘိန်းစိုက်ပျိုးနှုန်းများပြားနေဆဲဖြစ်ပြီး ကမ္ဘာ့ဘိန်းထွက်ရှိမှုမှာလည်း ဒုတိယ အများဆုံး နိုင်ငံအဖြစ်နေရာယူထားဆဲ ဖြစ်သည်ဟု မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး ...

ကမ္ဘာပေါ်ရှိ ဘိန်းစိုက်ပျိုးမှုသည် ကျဆင်းလာပြီး အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံသည် ဘိန်းစိုက်ပျိုးနှုန်းများပြားနေဆဲဖြစ်ပြီး ကမ္ဘာ့ဘိန်းထွက်ရှိမှုမှာလည်း ဒုတိယ အများဆုံး နိုင်ငံအဖြစ်နေရာယူထားဆဲ ဖြစ်သည်ဟု မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး UNODC အဖွဲ့၏ အစီရင်ခံစာတွင် ရေးသားဖော်ပြထားပါသည်။

၂၀၀၈ ခုနှစ်တွင် အရှေ့တောင်အာရှတခွင်၌ မြန်မာနိုင်ငံသည် ၈၉% ဘိန်းစိုက်ထုတ်လုပ်ခဲ့ကာ ရှမ်းပြည်နယ် အထူးထိန်းချုပ်ထား ခြင်းဖြစ်ပြီး မြေ ၂၈,၅၀၀ ဟက်တာ(hectares) စိုက်ပျိုးကာ ယခင်နှစ်ထက် သုံးရာခိုင်နှုန်းကျော်မြင့်တက် လာခြင်းဖြစ်သည်။

"မြန်မာနိုင်ငံမှာ ဘိန်းထုတ်လုပ်မှုကတော့ အများကြီးရှိနေပါသေးတယ်။ ဒါပေမယ့်လဲ ပြီးခဲ့တဲ့ အနှစ်၂၀ အတွင်း လုပ်ဆောင်ချက်တွေက ကျေနပ်အားရဖွယ်ရှိပါတယ်" ဟု UNODC ကပြောကြားပါသည်။

၂၀၀၈ ခုနှစ် အစောပိုင်း စာရင်းပြုစုချက်အရ အရှေ့တောင်အာရှတွင် ဘိန်းတန်ချိန် ၄၇၂ တန်မှ ၄၂၄ တန်အထိ ငါးရာခိုင်နှုန်း ကျဆင်းလာမှုဟာ ကမ္ဘာပေါ်ရှိ ပိတ်ပင်ထားသော ဘိန်းပမာဏဖြစ်ပြီး ၁၉၉၈ ခုနှစ်မှာ ၃၃ ရာခိုင်နှုန်းနှင့် ၁၉၉၀ ခုနှစ်တွင် ၅၀ ရာခိုင်နှုန်းထက် လျော့နည်လာခြင်းဖြစ်သည်။ လွန်ခဲ့သည့် ၁၉၉၆ ခုနှစ်တွင် မြန်မာနိုင်ငံသည် မြေ (၁၆၃၀၀၀ ဟက်တာ) များတွင် ဘိန်းပင်များကို စိုက်ပျိုးခဲ့ခြင်းဖြစ်ပါသည်။

ကရင်နီမူးယစ်ဆေးဝါး ဆန့်ကျင်ရေး လှုပ်ရှားမှုကော်မတီ (KADAC) အဖွဲ့မှလည်း ၂၀၀၈ ဇွန်လကတွင် ကရင်နီပြည်နယ်နှင့် ရှမ်းပြည် နယ်အတွင်းရှိ ကျေးရွာပေါင်း ၄၀ ကျော်သည် ဘိန်းစိုက်ပျိုးမှု အထွက်ကောင်း၍ ဧကပေါင်း ၃၈၀၀ အထိ တိုးချဲ့စိုက်းပျိုးလျှက် ရှိသည် ဟု အစီရင်ခံစာ ထုတ်ပြန်ကြေညာထားပါသည်။

 ဒေသခံပြည်သူလူထုများသည် ရာသီအလိုက် အခြားသီးနှံစိုက်ပျိုးခြင်းများ ပြုလုပ်ကြပါသော်လည်း သီးနှံထွက်နှုန်းနှင့် စျေးနှုန်း ကိုက်ညီမှုမရှိခြင်း၊ လုပ်အားခနှင့် ကောက်ပဲသီးနှံ ထွက်နှုန်း ကိုက်ညီမှုမရှိခြင်း ဖြစ်သည်၊ ထို့ကြောင့် တနှစ်စာ ၀မ်းစာဖူလုံမှုမရှိ၍ ဘိန်းများကိုသာ စိုက်ပျိုးရခြင်းဖြစ်သည်။ ရှားတောဒေသတွင် တောတောင် လျှိုမြောင်၊ ချောက်ကမ်းပါးပါမကျန် ဘိန်းစိုက်ပျိုးပြီး၊ ဒီမောဆိုးမြို့တွင်မူ တောင်ကုန်းများတွင်သာ စိုက်ပျိုးပြီး လွိုင်ကော်တွင် တောင်ကုန်းမြေပြန့် လယ်ယာအတွင်း စိုက်ပျိုးသည်ဟု  KADAC က ဖော်ပြထားသည်။

UNODC က အရှေ့တောင်အာရှနိုင်ငံနှင့် အာဖန်ဂနစ္စတန် နှစ်နိုင်ငံစလုံး ကို လေးလေးနက် ထားပြီး တိုးတက်မှုအတွက် ဘိန်းတခု တည်းကိုသာ မဟုတ်ပဲ လယ်သမားများ၏ လိုအပ်နေသည့် အကူအညီများ၊ ဆင်းရဲနွမ်းပန်းမှုများကို ရပ်တပ်ဖို့ ဖိအားပေး လုပ်ဆောင်သွားမည်ဟု ဆိုပါသည်။