နိုင်ငံရေးဆွေးနွေးပွဲ အမြန်ဆုံးကျင်းပနိုင်ရေး သမ္မတမှ သဝဏ်လွှာပေးပို့

နိုင်ငံရေးဆွေးနွေးပွဲ အမြန်ဆုံးကျင်းပနိုင်ရေး သမ္မတမှ သဝဏ်လွှာပေးပို့
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အဝေရာကုန်းသာယာကွင်းတွင် ဖေဖော်ဝါရီ ရ ရက်နေ့က ကျင်းပပြုလုပ်သော ၆၈ နှစ်မြောက် သျှမ်းပြည်နယ်နေ့ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ နိုင်ငံရေးဆွေးနွေးပွဲများ အမြန်ဆုံးစတင်နိုင်ရန်၊ နှစ်ပေါင်း ၆၀ကျော်ကြာဖြစ်ပွားနေခဲ့သော အပစ်အခတ်များရပ်စဲနိုင်ရေးစသည့် အချက်များပါရှိသည့် သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေး တစ်နိုင်ငံလုံးအတိုင်းအတာအပစ်ခတ်ရပ်စဲရေးတို့ကို ပူးပေါင်းဆောင်ရွက်ကြရန်၊ ဥပဒေနှင့်အညီ ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ်ခွင့်ရရှိရေးနှင့် ဖယ်ဒရယ်ပြည်ထောင် စုစနစ်ကျင့်သုံးနိုင်ရန်၊ ပြည်ထောင်စု လွှတ်တော်နှင့်အတူ ပူးပေါင်းဆောင်ရွက်ကြရန်တိုက်တွန်း ထားသော ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဌသူရဦးရွှေမန်း၏ သဝဏ်လွှာတစ်စောင်ကိုလည်း ပေးပို့ခဲ့ကြောင်း သိရသည်။

၆၈ နှစ်မြောက် သျှမ်းပြည်နယ်နေ့အခမ်းအနားတွင် အမှာစကားပြောနေသော သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်

သျှမ်းပြည်နယ်နေ့ကို ပြည်နယ်အစိုးရ ဝန်ကြီးချုပ်နှင့် ၀န်ကြီးများ၊ သျှမ်းပြည်နယ် လွှတ်တော်ဥက္ကဌနှင့် ကိုယ်စား လှယ်များ၊ စစ်ဘက်ဆိုင်ရာ အရာရှိများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့်တိုင်းများမှ ဥက္ကဌများ၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့(၃၀)ကျော်နှင့် ဒေသခံလူထု ရာနှင့်ချီ တက်ရောက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် နိုင်ငံတော်သမ္မတမှပေးအပ်သော နိုင်င့ံစွမ်းဆောင်ရည်ဆုရရှိသူများကို သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ဂုဏ်ပြုဆုတံဆိပ်များ ချီးမြှင့်ပေးခဲ့သည်။

၁၉၄၇ခုနှစ်၊ ဖေဖော်ဝါရီ ရ ရက်နေ့က ပဒေသရာဇ်ကောင်စီကို ဖျက်သိမ်းခဲ့ပြီး လူထုကိုယ်စားလှယ် ရဦး၊ စော်ဘွားကိုယ်စားလှယ် ရဦး ပေါင်း ၁၄ဦးနှင့် ပြည်မကိုယ်စားပြု အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းတို့ တောင်တန်းပြည်မ ပူးပေါင်းကာလွတ်လပ်ရေးရယူရန် ပင်လုံစာချုပ်ချုပ်ဆိုခဲ့သောနေ့ဖြစ်သောကြောင့် ထိုနေ့အား သျှမ်းပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့သည်။

၁၉၆၀ နောက်ပိုင်း သျှမ်းပြည်နယ်နေ့အား အကြောင်းအမျိုးမျိုးကြောင့် မကျင်းပနိုင်ခဲ့ဘဲ ၂၀၁၄ ခုနှစ်မှသာ သျှမ်းပြည်နယ် အစိုးရအဖွဲ့က သျှမ်းပြည်နယ်နေ့အား ပြည်နယ်အဆင့် ကျင်းပလာခဲ့ကြောင်း သိရှိရပါသည်။

Ethnic01

သျှမ်းပြည်နယ်ရှိဒေသအသီးသီးတွင်သာမက ဂျပန်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် အမေရိကန်နိုင်ငံရောက် သျှမ်းမိသားစုများကလည်း သျှမ်းပြည်နယ်နေ့ အခမ်းအနားအား ပျော်ပွဲရွှင်ပွဲများဖြင့် ကျင်းပခဲ့ကြကြောင်း သိရသည်။

၆၈ နှစ်မြောက် သျှမ်းပြည်နယ်နေ့အခမ်းအနားတွင် အမှာစကားပြောနေသော သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်

Most read this week