သျှမ်းမြောက်ပိုင်း လားရှိုးမြို့ပေါ်တွင် မူးယစ် ဆေးဝါးကို ပေါ်တင် ရောင်းဝယ် သုံးစွဲနေ

သျှမ်းမြောက်ပိုင်း လားရှိုးမြို့ပေါ်တွင် မူးယစ် ဆေးဝါးကို ပေါ်တင် ရောင်းဝယ် သုံးစွဲနေ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ မြို့ပေါ် ရပ်ကွက် အချို့မှာ ဘိန်းဖြူ ရာဘ စသည့် မူးယစ် ဆေးဝါးများကို လမ်းကြို လမ်းကြားတွင် ပေါ်တင် ရောင်းဝယ် သုံးစွဲ နေသည်ဟု လားရှိုး မြို့သား များက ပြောသည်။

လားရှိုးမြို့ ပန်အုတ် ရပ်ကွက် (ခေါ်) ရပ်ကွက် ၅ က ၃၇ လမ်းကစလို့ ၄၃ လမ်းအထိ တရုတ်ဘုံ ကျောင်းလမ်း နှင့် အခြားလမ်းကြားများတွင် ဘိန်းဖြူ၊ ရာဘ၊ အိုက်စ် မူးယစ်ဆေးဝါးများ ပေါ်တင်ရောင်း ဝယ်သုံးစွဲ နေသည်မှာ ရပ်ကွက်သူရပ်ကွက်သားများအတွက် ရိုးနေပြီဖြစ်ကြောင်းဒေသခံ ရပ်မိရပ်ဖ စိုင်းတိယ က ယခုကဲ့သို့ ပြော ပြသည်။

Lashio News Group

“ရိုးနေပြီ။ အများဆုံးက ရပ်ကွက် ၄၊ ရပ်ကွက် ၅ ၊ ရပ်ကွက် ရ ပေါ့။ အဲဒီရပ်ကွက် ၄ - ၅ ကနေ ကချင်ရွာ အထိ ဒီအတိုင်း ရောင်းဝယ်နေတာ။ လိုင်စင်ရသလိုဘဲ။ ကျနော့်ရဲ့သားတောင် သွားလုပ်တယ်။ အခု နယ်စပ်ဘက် မူးယစ်ဖြတ်စခန်းမှာ သွားပို့ထားတာ၊ စိတ်ညစ်တယ်ဗျာ။ ရဲတွေလဲမလုပ်နိုင်တော့ဘူး။ ဆယ်နှစ် ဆယ်မိုးလောက်ရှိပြီ။ ဒီနေရာက” ဟု ပြောသည်။

၎င်းတို့အား မူးယစ်ဆေးဝါး ဖြတ်ပေးရန်အတွက် သြစတေးလျ အခြေစိုက် NGO တခုက ရပ်ကွက် ၄ တွင် မူးယစ်တိုက်ဖြတ်ရေးစခန်းတခု လုပ်ပေးကြောင်း၊ ထိုအဖွဲ့မှ ၎င်းမူးယစ်ဆေးဝါးသုံးစွဲသူများ ဆေးထိုးအပ် ဆလင်း အသစ်လဲလှယ်သုံးစွဲနိုင်ရန် တခါသုံးဆလင်းနှင့်အပ်များ မကြာခဏ သွားချပေးထားကြောင်း အမည် မဖေါ်လိုသည့် အသိုင်းအဝိုင်းတစ်ဦးကပြောသည်။

သျှမ်းပြည်နယ် မူးယစ်ဆေးဝါးသည် ကမ္ဘာမှာ အာဖကန် နစ်စတန်ပြီးလျှင် ဒုတိယ အများဆုံးထုတ် လုပ်သည့် ဒေသ တခုဖြစ်သည်။ မြန်မာနိုင်ငံတဝှမ်းလုံး၏ မူးယစ်ဆေးဝါး ထုတ်လုပ်မှု ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု ၉၆ ရာခိုင်နှုန်း ထွက်ရှိသည်ဟု ကမ္ဘာ့မူးယစ်ဆေးဝါးနှင့်ရာဇဝတ်မှုတိုက်ဖြတ်ရေး UNODC က ထုတ်ပြန်ထား ဖူးသည်။

Most read this week