စစ်ဆင်ရေး ဘတ်ဂျက်များ လျှော့ချ ပေးရန် သျှမ်းအမျိုးသမီး အမတ် အဆိုပြု

စစ်ဆင်ရေး ဘတ်ဂျက်များ လျှော့ချ ပေးရန် သျှမ်းအမျိုးသမီး အမတ် အဆိုပြု
by -
သျှမ်းသံတော်ဆင့်

ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အသုံးစရိတ် အတွက် ဘတ်ဂျက် ကျပ်ငွေသန်း ၁၀၀ ထပ်တိုး တောင်းခံမှု အပေါ် အဆိုပါ ဘတ်ဂျက်များအား လျှော့ချပေးရန် (သို့မဟုတ်) ခေါင်းစဉ် ပြောင်း သုံး ပေးရန်  ကွန်ဟိန်းမြို့နယ် ပြည်သူ့ လွှတ် တော်အမတ် နန်းဝါနုက အဆိုတင်သည်။

အောက်တိုဘာ ၂၉ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ၂၀၁၄ - ၂၀၁၅ ဘဏ္ဌာရေးနှစ်အတွက် ကာကွယ် ရေးဝန်ကြီးဌာနအောက်  စစ်ဆင်ရေးအတွက် ကျပ်ငွေသန်းပေါင်း ၂၀၀ လျာထားသည့် အပြင် ကျပ်ငွေ သန်းပေါင်း ၁၀၀ ထပ်မံတောင်းခံရာ ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ် တော်အမတ် နန်းဝါနုက အဆိုပါငွေများအား စစ်ဆင်ရေးတိုက်ခိုက်ရေး အတွက် အသုံးမပြုဘဲ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ ငြိမ်းချမ်းရေး တည်ဆောက်ရေးလုပ်ငန်း ခေါင်းစဉ်အဖြစ်ပြောင်းသုံး ပေးရန် သို့မဟုတ် လျှော့ချပေးရန် တင်ပြခြင်းဖြစ်သည်။

Wah Nu defense

“ဒီအချိန်က တိုက်ပွဲ ဆင်နွဲတဲ့အချိန်မဟုတ်တော့ဘူးလေ။ ငြိမ်းချမ်းရေးတည်ဆောက်တဲ့ အချိန်။ ဒို့တာ ဝန်အရေးသုံး ပါးမှာ ပြည်ထောင်စု မပြိုကွဲရေး တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး နဲ့ အချုပ် အခြာအာဏာတည်တံ့ ခိုင်မြဲ ရေး ဆိုတာပါတယ်။ စစ်ဆင်ရေးဘတ်ဂျက် တောင်းတာက တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို သွားတိုက် ဖို့ ဘတ်ဂျက်ဘဲ။ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲရန် နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာလဲ ထိခိုက်လာမှာ ဘဲ မဟုတ်လား။ ဒါကြောင့် စစ်ဆင်ရေးမှာသုံးမယ့်အစား ငြိမ်းချမ်းရေး ခေါင်းစဉ် နဲ့ သွားဖို့ တောင်းဆိုတာပါ” ဟု နန်းဝါနုက ပြောသည်။

၂၀၁၄ - ၂၀၁၅ ဘတ်ဂျက်နှစ် ကာကွယ်ရေးဝန်ကြီးဌာန ဘတ်ဂျက် ကျပ်ငွေ သန်းပေါင်း ၂၇၅ သန်းခန့်လျာထား သည်ဖြစ်ရာ လက်ရှိတွင် ၄ ပုံ ၁ ပုံသာ အသုံးပြုသေးသည်ဟုသိရကြောင်း နန်းဝါနုကပြောပြသည်။

သို့သော်အဆိုပါကာကွယ်ဝန်ကြီးဌာနဘတ်ဂျက်ငွေ၏ ၃၂ ရာခိုင်နှုန်းသာ  စစ်ဆင်ရေးအတွက် အသုံးပြုခဲ့ကြောင်း၊ ကျန်ငွေများမှာ အများအားဖြင့် လစာငွေများဖြစ် ကြောင်း၊ ထို့အတွက် သန်းပေါင်း ၁၀၀ ထပ်တိုးတောင်းခံခြင်းသည် ငြိမ်းချမ်းရေးအတွက် မထိခိုက်နိုင်ကြောင်း ကာ ကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က လွှတ်တော်အတွင်းရှင်း လင်းပြောကြား သည်ဟု လွှတ်တော်အမတ်များက ပြောပြသည်။