အစိုးရ တပ် ပစ်ခတ်သော လက်နက်ကြီးကြောင့် သျှမ်းဒေသခံ နှစ်ဦး သေဆုံး

အစိုးရ တပ် ပစ်ခတ်သော လက်နက်ကြီးကြောင့် သျှမ်းဒေသခံ နှစ်ဦး သေဆုံး
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် တောင်ပိုင်း ကျေးသီး မြို့နယ် အတွင်းရှိ သျှမ်းပြည် တပ်မတော် တပ်စခန်းအား တိုက်ခိုက် သိမ်းပိုက်ရာတွင် မြန်မာ အစိုးရ တပ်မတော်မှ ပစ်ခတ်သော လက်နက်ကြီးများမှာ ရပ်ရွာ၊ နေအိမ်များသို့ ထိသောကြောင့့် ကျေးရွာသား နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု သိရသည်။

သေဆုံးသွားသူများမှာ အောက်တိုဘာ သျှမ်းပြည်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ မိုင်းကောဝ် - နောင် ဆွမ်းကျေးရွာအုပ်စု ဝမ့်မတ်ဟု (ရွာ) နေ ဦးပေါထော့ဝ်ဥ အသက် ရ၇ နှစ်နှင့် ဝမ့်ဝပ်ကျေးရွာအုပ်စု ငူးလိန်ရွာ နေ ဦးလုံးဝါလင်လူ အသက် (၅၃) နှစ် တို့ဖြစ်ကြပြီး အောက်တိုဘာလ ၃ရက်နေ့နှင့် ၄ရက်နေ့အတွင်း အစိုးရ တပ်မတော် မှ ပစ်ခတ်သော လက်နက်ကြီးကြောင့် နေအိမ် အတွင်းတွင် ပွဲချင်းပြီးသေဆုံးသည်ဟု ရွာသားများက ပြောသည်။

SSA SSPP battle 01

“တာဖါဆောင်တပ်စခန်းကို တစ်ရက်လုံးလုံး လက်နက်ကြီးပစ်တယ်။ စခန်းမသိမ်းနိုင်ဘူး။ ညနေတော့ ငူးလိန်ရွာကိုပါ ထုတော့တာဘဲ။ အဲဒီမှာက မီးဖိုချောင်ထဲမှာ ရှိနေတဲ့ လုံးဝါလင် လုံးကု ပွဲချင်းပြီးဘဲ။ ဝမ့်မတ်ဟုရွာက လုံးဥ ကတော့ ခြံထဲမှာ လက်နက်ကြီးဒဏ်ထိလို့ သူလဲ ပွဲချင်းပြီး။ သူ့သားမက်က မသေဘူး ဗုံးစ ၁၅ နေရာ ထိမှန်တယ်။ ဒဏ်ရာပြင်း တယ်။ စိတ်ပူရတယ်သူလည်း” - ကူညီကယ်ဆယ်ရေး အတွက် သျှမ်းပြည်တပ်မတော် နယ်မြေအတွင်းရောက် နိုင်ငံရေးပါတီဝင် တစ်ဦးကပြောသည်။

သျှမ်းပြည်တပ်မတော် နယ်မြေ အတွင်း ထိုးစစ်ဆင်နေသော မြန်မာ အစိုးရ တပ်မတော် နှင့် သျှမ်းပြည် တပ်မတော် SSPP/SSA တို့အကြား လေးရက်အတွင်း စခန်းသိမ်းတိုက်ပွဲ နှင့် ရင်ဆိုင်တိုက်ပွဲပေါင်း ၂၅ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။

သျှမ်းပြည်တပ်မတော် သည် မြန်မာ နေပြည်တော်အစိုးရ နှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးလက်မှတ် ရေးထိုးထားသည့်တပ်ဖွဲ့ဖြစ်သည်။