SSPP/SSA တပ် စခန်းအား အစိုးရတပ် လက်နက် ကြီးဖြင့် မရပ် မနား ပစ်ခတ်

SSPP/SSA တပ် စခန်းအား အစိုးရတပ် လက်နက် ကြီးဖြင့် မရပ် မနား ပစ်ခတ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် တောင်ပိုင်း ကျေးသီး မြို့နယ် အတွင်း အစိုးရ တပ်မတော်က လေယာဉ်ပစ် ပွိုင့်ဖိုက် ၊ ၁၂၀ မမ ဖြင့် မရပ်မနား ပစ်ခတ်သဖြင့် တိုက်ပွဲများ ပြင်းထန် လာနေသည်ဟု ဒေသ အတွင်း သတင်း ရပ်ကွက်က ပြောသည်။

အောက်တိုဘာ ၃ ရက် နံနက် ၈ နာရီဝန်းကျင်အချိန်မှစ၍ ဝမ့်ဟိုင်းအနောက်တောင်ဘက် နောင်ဆွမ်း ကျေးရွာအနီး၊ ပန်ဝိုးကျေးရွာအနီးဘက်တွင်လည်း တိုက်ပွဲများဖြစ်ပွား နေဆဲဖြစ် သည်ဟု ဆိုသည်။

mm artillerys

အောက်တိုဘာ၂ ရက် နံနက် ၅.၄၅ နာရီ မှ ညသန်းခေါင် ၁၁ နာရီကျော်သည့်အထိ လက်နက်ကြီးမိုး ရွာသွန်းသည့် အလား သျှမ်းပြည်တပ်မတော်၏ တာ့ဖါဆောင်တပ်စခန်းအား မရပ်မနားပစ်ခတ်ကြောင်း၊ ကျေးသီးမြို့နယ် နောင်ဆွမ်း၊ ပန်ဝိုးဘက်ဆက်တိုက် ဖြစ်ပွားသွားကြောင်း ဆိုသည်။

“ကျနော်တို့က လူအားနဲ့သယ်တယ်။ သူတို့က ကားနဲ့လာချတယ်။ နောက်ပြီး စိန်ပြောင်းကြီးတွေနဲ့ နံနက် မိုးမလင်းခင်ကနေ ည သန်းခေါင်ထိ တိုက်တာ။ ဒီနေ့လဲ လက်နက် ကြီးနဲ့ ထပ်ထုနေတုန်း” ဟု ရှေ့တန်းရောက်တပ်မှူးကပြောသည်။

တာ့ဖာဆောင်တပ်စခန်းအား သျှမ်းပြည်တပ်မတော်မှ နယ်ကျွံတပ်စွဲထားသည်ဟု အစိုးရအာဘော် သတင်းများက ရေးသားသည်။

“ဒီစခန်းက အပစ်ရပ်ပြီးမှ လာနေတာမဟုတ်ဘူး။ တိုက်ပွဲမစခင် ၂၀၁၁ ခု မတိုင်စခင်က တည်းက ကျနော်တို့နေတယ်။ လူထုအတွက် တံတားဆောက်ပေးတယ်။ ဒါကို အစိုးရတပ်က ၂၀၁၂  ခုနှစ်က ကျနော်တို့ကိုလာတိုက်တယ်။ တံတားကိုလဲ မီးရှို့တယ်။ အပစ်ရပ်တော့ ကျနော်တို့က တံတား  အသစ်ပြန်ဆောက်ပေးတယ်။ ကျနော်တို့နေရာဟောင်းကို ကျနော်တို့ပြန်နေတယ်။ ဒါကို သူတို့က နယ်ကျွံတယ်တဲ့လား” - ဌာနချုပ် အရာရှိတစ်ဦး ကပြောသည်။

သီးခြားအတည်ပြုချက်မရသေးသည့်သတင်းအရ တာ့ဖာဆောင်တပ်စခန်းအား သျှမ်းပြည် တပ်မတော် မှ အဆိုပါနေ့တွင် စခန်းဆုတ်ပေးလိုက်ရသည်ဟုဆိုသည်။

သျှမ်းပြည်တပ်မတော်နှင့် မြန်မာစိုးရတို့သည်ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုး ထားသည့်တပ်ဖွဲ့ဖြစ်သည်။