သျှမ်းပြည် တောင်ပိုင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ ပါ၀င်သည့် သျှမ်း/တောင် နိုင်ကျဉ်း ကွန်ယက်ကို စက်တင်ဘာ လ ဒုတိယပတ်က တောင်ကြီးမြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်နယ် ရုံးတွင် ဖွဲ့စည်းလိုက် သည်။
နိုင်ငံရေးအကျဉ်းသားဟောင်းများစောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံ (AAPP) မှ တစ်နိုင်ငံလုံးရှိ နိုင်ငံရေး အကျဉ်းသား စာရင်း စဉ်ဆက်မပြတ် ပို့ဆောင်ပေးနိုင်ရန် ၊ အချင်းချင်း ဆက်သွယ််မှု လွယ်ကူစွာ ရရှိနိုင်ရန်၊ နိုင်ငံရေးကိစ္စများပူးပေါင်း ပါ၀င်နိုင်ရန်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ဘဝထူထောင်ရေးအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများပေး နိုင်ရန် ရည်ရွယ်ကြောင်း သျှမ်း/တောင်နိုင်ငံရေး အကျဉ်းသား ဟောင်းများကွန်ယက်မှပြန်ကြားရေးတာဝန်ယူထားသော ဦးနေမျိုးမှ ရှင်းပြသည်။
“ဒီနိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ ဘဝရပ်တည်ချက်အတွက် အစိုးရတွေမှာ တာဝန်ရှိတယ်။ ဒါကြောင့် လွှတ်တော် မှာ တင်ပြနိုင်ဖို့ ကျနော်တို့ကြိုးစားနေပါတယ်။ ဦးခင်ညွှန့်တို့ ဦးနေဝင်းရဲ့ မြေးတို့တွေ ကိုတော့ ကျနော်တို့ နိုင်ငံရေး အကျဉ်းသားစာရင်းထဲမှာ မထည့်ဘူး မသတ်မှတ်ဘူး” ဟု ဦးနေမျိုးကဆက်ပြောသည်။
လတ်တလောတွင် သျှမ်းပြည်တောင်နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ယက်တွင် ၊တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့တို့ ပါ၀င်ပြီ်း SNLD ကျားခေါင်းပါတီ ၊ SNDP ကျားဖြူပါတီ အစရှိ နိုင်ငံရေးပါတီ် တို့၏ အကျဉ်းသားဟောင်းများလည်း ပါ၀င်ကြောင်း သိရသည်။