တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများ လျော့ကျပြီဟု ဦးအောင်မင်း ပြော

တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများ လျော့ကျပြီဟု ဦးအောင်မင်း ပြော
by -
သျှမ်းသံတော်ဆင့်

တနင်္ဂနွေနေ့ ဂျူလိုင်လ ၂၀ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒု-ဥက္ကဌ ဦးအောင်မင်းက လွှတ်တော် ကိုယ်စားလှယ်များအား ဖိတ်ခေါ်ပြီး တည်ဆောက်နေသော ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စရပ်များကို ရှင်းပြပြောဆိုခဲ့သည် ဟုဆိုသည်။

“ လိုင်ဇာမှာဆွေးနွေးပြီးရင်တော့ ဒီ ၂၀၁၄ မှာ တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်နိုင်မယ်။  ၂၀၁၅ မှာ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမယ် လို့ ဦးအောင်မင်းကပြောတယ်။  လက်ရှိအနေအထားမှာ အစိုးရတပ်မတော်နဲ့ တိုင်းရင်းသားတပ်ဖွဲ့တို့ကြား ပစ်ခတ်မှုလျော့ကျလာ တယ်လို့လည်းပြောတယ်။ အရင်က တစ်ပတ်မှာ တိုက်ပွဲပေါင်း အကြိမ် ၄၀ဝ ကျော်တယ်။ အခု ၄ လ ပတ်အစည်းအဝေးအရ ကချင်တိုက်ပွဲမှာ ၄ လ အတွင်း အကြိမ် ၂၀ဝ  ဘဲရှိတော့တယ်။ ဟိုတုန်းကနဲ့ ယှဉ်ရင် ၃.၅ % ဘဲ ရှိတော့တယ် လို့ ဦးအောင်မင်းကပြော သွားတယ်” ဟု အစည်းအဝေး တက်ရောက်သည့် ပြည်သူ့ လွှတ်တော်အမတ်တဦးက ပြောသည်။

U Aung Min

သို့သော် လက်ရှိတွင် သျှမ်းပြည်တိုးတက်ရေးပါတီ အခြေချထားသည့် ဟာ့ဝမ့် အုပ်စု တပ်စခန်းမှ ဌာနချုပ်သို့ တပ်ဆုတ်ပေးရန်ဖိအားပေးသည့်အနေဖြင့် မြန်မာ့တပ်မတော်က  ဟာ့ဝမ့်အုပ်စုထဲသို့ လက်နက်ကြီး များဖြင့် ယမန်နေ့ကတည်းက ပစ်ခတ်နေကြောင်း  သျှမ်းပြည်တပ်မတော်က ပြောသည်။

သို့သော်လက်ရှိတွင် သျှမ်းပြည်မြောက်ပိုင်း၌ ကချင်လွတ်လပ်ရေးတပ်မတော်၊ တအာန်း အမျိုးသားလွှတ်မြောက်ရေးတပ်မတော်၊ သျှမ်းပြည်တပ်မတော်  SSPP/SSA တို့နှင့် နေ့စဉ်ရက်ဆက် တိုက်ပွဲများဖြစ်ပွါးနေသောကြောင့် ဒေသခံ ထောင်ဂဏန်း စစ်ဘေးရှောင်နေရဆဲဖြစ်သည်။