လာမည့် ရွေးကောက်ပွဲတွင် ကျင့်သုံးရန် အမျိုးသား လွှတ်တော်က သဘောတူ ထားသော PR စနစ်ကို လက်မခံသည့် ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်းက မြို့နယ်တိုင်းတွင် ဆန္ဒဖော် ထုတ်ကန့် ကွက်သွားမည်ဟု ၁၉ ကြိမ်မြောက် အစည်းအဝေးမှ ဆုံးဖြတ် လိုက်သည်။
NBF ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း၏ ၁၉ ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို ဂျူလိုင်လ ၁၇ နှင့် ၁၈ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် အချိုးကျကိုယ်စားပြုစနစ် PR System နှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် အမှန်တကယ် ကျင့်သုံးရန်ဆုံးဖြတ်မည်ဆိုပါက မြို့နယ်တိုင်းတွင်ဆန္ဒဖော်ထုတ်သွားရန်အတွက် ကြွေးကြော်သံများ အတွက်ပါ ဆွေးနွေးခဲ့ကြသည်ဟု ဆိုပါသည်။
တိုင်းရင်းသားအခွင့်အရေးရရှိရေး ( ဒို့အရေး- ဒို့အရေး )၊ PR မဲပေးစနစ် (အလိုမရှိ - အလိုမရှိ ) ၊ ညီနောင်တိုင်းရင်းသားများ ( အောင်ရမည် -အောင်ရမည်) - အစရှိ ကြွေးကြော်သံများရွေး ချယ်ထားသည်ဟုလည်း သိရသည်။
NBF ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းသည် တိုင်းရင်းသားပါတီ ၂၀ ပါတီဖြင့် စုပေါင်း ဖွဲ့စည်းထားသည်။