သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် မြို့နယ် အတွင်း နမ့်ဟုတ်ချောင်း သဲကျင်း လုပ်ငန်းမှ ရှေးဟောင်း ဆင်းထုတော်များ တူးဖော် ရမိကြောင်း ဒေသတွင်း သတင်းရပ် ကွက်က ဆိုပါသည်။
ဧပြီလ ၁ ရက်က တာချီလိတ်မြို့ လေယာဉ်ကွင်းအရှေ့ဘက် နမ့်မယ်ဟုတ်ချောင်းအတွင်း သဲကျင်းလုပ် ငန်းမှ ရှေးဟောင်း ဆင်းထုတော် ၁၀ ဆူထက်မနည်း တူးဖော်ရမိကြောင်း မြို့ခံ လုံးစိုင်းထွန်း ကပြော သည်။
“သဲစုပ်နေတဲ့ ပိုက်မှာ ဉာဏ်တော် တတောင်လောက်ရှိတဲ့ ဆင်းထုတော်တဆူ လာပိတ်မိနေတယ်။ ဆင်းဆယ်ယူပြီး သဲထပ်စုပ်တယ်။ သဲတွေနဲ့အတူ ဆင်းထုတော်အသေးလေးတွေထပ်ပါလာတယ်” ဟု ဆိုပါသည်။
သဲစုပ်ရောင်းရာကနေ တွေ့ရှိသည့် ဘုရားဆင်းတုတော်များမှာ အသေးဆုံးက ဉာဏ်တော်တမိုက်( ၄ လက်မ) ခန့်ရှိကြောင်း၊ အကြီးဆုံးက တပေခန့်ရှိကြောင်း၊ ထုလုပ်ထားသည့် ပလ္လင်တွင် လှေပုံသဏ္ဌာန်ရှိကြောင်း၊ ရှေးသျှမ်းစာ(ဗျည်း) ရေးထိုးထားကြောင်း - အသက် ၆၀ ကျော်ရှိသည့် ဒေသခံ လုံးနန် ကပြောသည်။
“လွယ်မောကျောင်းတိုက်မှာဘဲ ဒီနေ့အထိ ယာယီကျိန်းဝပ်ထားပြီး ပူဇော်ခံနေတယ်။ ပြီးရင်တော့ မိုင်းဖုန်းဆရာတော် ဉာဏသံဝရ (ခူးဝါးဝန်းစုမ့်)ထံ ဆက်ကပ်ဖို့ ပြင်ဆင်ထားတယ်။ ဘယ်မှာ အပူဇော်ခံ ထားရှိသွားမယ်ဆိုတာ ဆရာတော်ဘုရား သဘောအတိုင်းဘဲ” - ဟု ကျောင်းတိုက် ဒကာများကပြော သည်။
နမ့်ဟုတ်ချောင်းအတွင်းရှိ ဗုဒ္ဓဆင်းထုတော်များသည် စေတီတော်အတွင်း ဌာပနာ ထားသော ဆင်းတု တော်များ ဖြစ်နိုင်ချေရှိကြောင်း၊ အဆိုပါစေတီတော်သည်ရေအောက် နစ်မြုပ်သွားသည် မှာကြာမြင့်ခဲ့ပြီဟု ခန့်မှန်းရကြောင်း၊ အဘယ်ကြောင့်ဆိုသော် အသက် ရ၀ ကျော် ဒေသခံသက်ကြီးမိဘများပင် ထိုနေရာ၌ စေတီ၊ ကျေးရွာရှိသည်ဟု မကြားဖူးကြောင်း၊ ထိုအချက်ကိုကြည့်ခြင်းအားဖြင့် ဆင်းထုတော်မှာနှစ်ပေါင်း ရာချီရှိပြီဟု ယူဆရကြောင်း လွယ်မောကျောင်းတိုက်ဒကာ ဒကာမ များကပြောကြသည်။