စစ်တပ်သိမ်းယာမြေဧက ၁၀၀၀ အား အင်တောဒေသခံများ ပြန်တောင်းခံ

စစ်တပ်သိမ်းယာမြေဧက ၁၀၀၀ အား အင်တောဒေသခံများ ပြန်တောင်းခံ
by -
သျှမ်းသံတော်ဆင့်

စစ်တပ်သိမ်းဆည်းထားသော မိမိတို့ယာမြေများတွင် စိုက်ပျိုးလုပ်ကိုင် ခွင့်ပြန်ပေးရန် အင်တောဒေသခံ လယ်သမား များက တောင်းခံ နေကြောင်း ဒေသတွင်း သတင်းရပ်ကွက် က ဆိုပါသည်။ သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် အင်တောမြို့နယ်ခွဲနေ ဒေသခံလယ်သမားများက လွန်ခဲ့သော ၄-၅ နှစ်ကတည်း ကစစ်တပ် မှသိမ်းထား၍ စိုက်ပျိုးခွင့်မပေးသော ၎င်းတို့ ယာမြေများတွင်ပြန်လည် စိုက်ပျိုးလိုကြခြင်းဖြစ်သည်ဟုဆိုပါ သည်။

land

အင်တောမြို့နယ်ခွဲရှိ  ယာမြေ ဧက ၁၀၀၀ ခန့်ကို မြန်မာအစိုးရ၏ အမှတ် ၃၅၃ အမြောက်တပ်ရင်း က ၂၀၀၉ ခုနှစ် ကတည်းက သိမ်းဆည်းထားခြင်းဖြစ်ကြောင်း မြို့ခံများကပြောသည်။

 အသက် ၃၀ အရွယ် မြို့ခံအမျိုးသားတဦးက “ ၂၀၀၉ တုန်းက စသိမ်းတာ။ ဒါမယ့်အဲ့ချိန်တုန်းကကိုယ့်မြေတွေ အသိမ်းခံရမှန်း လယ်သမားတွေမသိသေးဘူး။ ၂၀၁၀ လည်း အဲဒီယာမြေတွေမှာ သွားပြီးစိုက်စားနေကြသေး တယ် ။ ၂၀၁၁ ရောက်တော့ စိုက်ပျိုးလုပ်ကိုင်စားသောက်ဖို့  တဧက ကျပ် ၅၀၀၀ စစ်တပ်က ပိုင်ရှင်တွေဆီက အခွန်တောင်းတယ်။ ၂၀၁၂ ရောက်မှ အမှတ် ၃၅၃ အမြောက်တပ်ရင်း ရာဘာစိုက်ခင်းဆိုတဲ့ဆိုင်းဘုတ်တပ်ပြီး စည်းရိုးတွေဘာတွေကာထားမှ ကိုယ့်ယာမြေ စစ်တပ်သိမ်း ယူလိုက်ပြီ ဆိုတာ သိလိုက်တာ။ ၂၀၁၃ ရောက် တော့အခွန်လဲပေးမဆောင်တော့ဘူး စိုက်လဲပေးမစိုက်တော့ဘူး ” ဟု သျှမ်းသံတော်ဆင့် အားပြောပြသည်။

 မိမိလယ်ယာမြေ၌  စိုက်ပျိုးလုပ်ကိုင်စားသောက်၍ မရတော့သည့်အချိန်မှစ၍ အင်တောဒေသခံတချို့ ထိုင်းနိုင်ငံ သို့သွား ရောက်အလုပ်လုပ်ကိုင်ကြသကဲ့သို့ တချို့မှာ တခြားမြို့ရွာဒေသသို့  အလုပ်ရှာရန် ထွက်သွား ကြကြောင်း ဆိုပါသည်။

အင်တောဒေသခံများ လယ်ယာမြေပြန်လည်ရရှိရေးအတွက် ၂၀၁၃ ခုနှောင်းပိုင်းက ပြည်နယ်အာဏာပိုင်များထံ တင်ပြ တောင်းဆိုခဲ့ရာ ရပ်စောက်မှ  စ သုံးလုံး အဖွဲ့က ကွင်းဆင်းစစ်ဆေးပေးခဲ့ကြောင်း၊ လယ်ယာမြေများအား ပြန်လည် ဝေငှ ပေးမည်ဟု  ပြောဆိုခဲ့သော်လည်း အဆိုပါလယ်များမှာ ယနေ့တိုင်စည်းရိုးခတ်၊ ဆိုင်းဘုတ် ထောင်ထားလျှက်ရှိကြောင်း၊ ဒေသ ခံများလယ်ယာပြန်လည်လုပ်ကိုင်စားသောက်ခြင်းမပြုနိုင်သေးကြောင်း အဆိုပါအမျိုးသားက ပြောပြသည်။

တောင်ကြီးခရိုင် ရပ်စောက်မြို့နယ် အတွင်းရှိ အင်တောမြို့နယ်ခွဲသည် ရပ်စောက်မြို့နှင့် မိုင် ၂၀ အကွာတွင် တည်ရှိပါ သည်။ ရပ်စောက်မြို့နယ်သည် တောင်ကြီးမြို့မှ ၃၈ မိုင်ကွာဝေးပါသည်။ အင်တောမြို့နယ်ခွဲတွင် သျှမ်းလူမျိုးအများဆုံး နေထိုင်ပြီး ဓနု၊ ပအိုဝ်း၊ ဗမာတို့နှင့်ရောနှောနေထိုင်ပါသည်။

အင်တောမြို့နယ်ခွဲသို့ ၂၀၀၃ ခုနှစ်က ခမရ ၃၅၃ (အမြောက်ကြီးတပ်) က လာရောက်အခြေစိုက်ခဲ့ပါသည်။
လယ်ယာမြေအသိမ်းခံရခြင်းနှင့်ပတ်သက်၍ ၂၀၁၃ နှောင်းပိုင်းက သမ္မတကြီးဦးသိန်းစိန်က တပ်ရင်း တပ်မ တိုင်းအား သိမ်းထားသည့်လယ်မြေများ အသုံးမပြုပါက ပိုင်ရှင်ထံပြန်ပေးရန် ညွှန်ကြားထားခဲ့ဖူးသည်။ အလားတူ နိုင်ငံရေးပါတီများ လွှတ်တော်ကိုယ်စားလှယ်များကလည်း အဆိုပါအသိမ်းခံရလယ်ယာမြေများအား ရဲရဲဝံ့ဝံ့ပြန်လည်တောင်းဆိုရန် လည်း တိုက်တွန်းပြောဆိုခဲ့ဖူးပါသည်။

Most read this week