သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့၌ကျင်းပသော တတိယအကြိမ်မြောက် ကျားဖြူပါတီနှစ်ပတ် လည်ညီလာ ခံပြီး ဆုံးပြီးနောက် ပါတီဝင်များ နမ့်ခမ်းမြို့ဘက်သို့ လေ့လာရေးခရီးထွက်ခဲ့ကြ ကြောင်းသတင်းရရှိသည်။
ညီလာခံသို့တက်ရောက်လာသော ပါတီဝင်များအနက် ရ၀၀ ကျော်ခန့် ယနေ့မနက် ၁၁ နာရီက နမ့်ခမ်း မြို့သို့ကားဖြင့် ရောက်ရှိလာပြီး သမိုင်းဝင် နမ့်ခမ်းမြို့လယ်ဘုရားနှင့်ကျားဖြူ စေတီ ဖူးမြော်ခဲ့ကြသည်။
ထို့နောက် နမ့်တီး ကျေးရွာရှိ မိုင်းဖုန်းဆရာတော် ခူးဝါးဝန်းစုမ့်တည်ထားသော စေတီဝင်းအတွင်း နမ့်ခမ်းမြို့ ရိုးရာဓလေ့လက်မှုပညာပြခန်းအား လေ့လာကြကြောင်း သျှမ်းပြည်တောင်ပိုင်း ကျားဖြူပါတီဝင် စိုင်းဆိုင် ကဆိုသည်။
“ကျနော်တို့ နမ့်ခမ်းမြို့ အဝင် ကြိုဆိုပါ၏ မုဒ်ဦးနားမှာ နမ့်ခမ်းက ကျားဖြူပါတီဝင်တွေက သျှမ်းအိုးစည်နဲ့ လှိုက်လှိုက်လှဲလှဲကြိုဆိုကြတယ်၊ နမ့်ခမ်းမြို့လယ်ဘုရားနဲ့ ကျားဖြူစေတီဖူးပြီး တော့ မန့်နမ့်တီးမှာ မနက်စာစားတယ်။ နမ့်ခမ်းမြို့ရဲ့ လက်လုပ်ရိုးရာဓလေ့တွေကို လေ့လာခွင့်ရတယ်၊ မန့် နမ့်တီးအသွား လမ်းတလျှောက်မှာလဲဒေသခံတွေက သျှမ်းအိုးစည် နဲ့ သျှမ်းဝတ်စုံ ဆင်တူတွေဝတ်ပြီးကြိုဆိုကြတယ်” ဟု ၄င်းကပြောသည်။
နမ့်တီးကျေးရွာရှိ ကျားဖြူပါတီ ရုံးခွဲမှလည်း နမ့်ခမ်းမြို့ ကျားခေါင်းပါတီခေါ် SNLD ပါတီနှင့်လေ့လာခရီး ရောက်ရှိကြသော ကျားဖြူပါတီလွတ်တော်ကိုယ်စားလှယ်များအား ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက် ကြပြီးနောက် နမ့်ခမ်းမှ ကျားဖြူပါတီဝင် အဆိုတော်စိုင်းလိန်ခမ်းက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေ ပေးခဲ့သည်ဟု ကျားဖြူပါတီဝင်ပါ့နန်းဆွဲ့က ဆိုသည်။
သူမက“ကျမ ထူးထူးခြားခြား မြင်တွေ့ရတာကတော့ နမ့်ခမ်း SNLD ကလည်း ကိုယ့်ပါတီ သူ့ပါတီမခွဲခြားပဲ ပူးပေါင်းလှုပ်ရှားနေတာတွေ့ရတော့ အင်မတန်ဝမ်းသာမိပါတယ် ” ဟု ပြောသည်။
နမ့်ခမ်းမြို့ လေ့လာရေးခရီးအပြီး SNDP ကျားဖြူပါတီဝင် နှင့် SNLD ကျားခေါင်း ပါတီဝင်တို့သည် ၄င်းပါတီ ညီလာခံကျင်းပရာ ကွင်းပြင်တွင် ဂုဏ်ပြုညစာအတူတူစားသုံးခဲ့ကြကြောင်း သျှမ်းသံတော်ဆင့်မှ သတင်း ရရှိပါသည်။