သျှမ်းပြည် မြောက်ပိုင်း မူစယ်မြို့၌ ကျင်းပသည့် ကျားဖြူပါတီ ညီလာခံ နောက်ဆုံးနေ့၌ ဖေဖေါ်ဝါရီလ ရ ရက်နေ့ သျှမ်းပြည်နယ်နေ့အား သျှမ်းပြည်နယ် အစိုးရ၏ တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။
မူစယ်မြို့၌ သုံးရက်ကြာကျင်းပသည့်ကျားဖြူပါတီ တတိယ အကြိမ်ညီလာခံမှ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော် ပေါ်ပေါက်ရေး၊ ပြည်တွင်းပြည်ပ သျှမ်းပြည်သားများအားလုံး အိမ်ထောင်စုဇာယား နှင့် နိုင်ငံ သားစိစစ်ရေးကဒ် ရရှိရေး၊ ကချင်လွတ်လပ်ရေးတပ်မတော်ဖမ်းထားသည့် သူများအားလုံး လွှတ်ပေး ရေး၊ ၂၀၁၅ ရွေးကောက်ပွဲတွင် အရွေးခံ၍ လွှတ်တော်လမ်းကြောင်းမှ ကြိုးပမ်းဆောင်ရွက်ရေး၊ ပြည် တွင်းငြိမ်းချမ်းရေးတည်တံ့ခိုင်မြဲရေး၊ သျှမ်းပြည်နယ်နေ့အားရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးရေး နှင့် တိုင်းရင်းသားကျောင်းသားကျောင်းသူများ တပတ်လျှင် ၃ ရက် မိမိရိုးရာဝတ်စုံဖြင့် ကျောင်းတက်နိုင် ရေး တို့ ပါဝင်သည့် အချက် ရ ချက်အား ထုတ်ပြန်ကြေငြာခဲ့သည်။
အဆိုပါ ထုတ်ပြန်ကြေငြာချက်အပြင် ပါတီညီလာခံ ဆုံးဖြတ်ချက် အများအပြားထဲမှ - ဘယ်အကြောင်း ကြောင့်မဆို ကျားဖြူပါတီ ဖျက်သိမ်းမည်မဟုတ်၊ တာချီလိတ်ညီလာခံ ဆုံးဖြတ်ချက်အတိုင်း ညီညွတ် သော သျှမ်းတိုင်း ရင်းသား နိုင်ငံရေးပါတီများ United Shan Political Parties ဖြစ်ပေါ်ရေးအတွက် ဆက် လက် အကောင်အထည်ဖော်သွားမည် စသဖြင့်ဆုံးဖြတ် ခဲ့သည်ဟု ကျားဖြူပါတီ ပြည်နယ် လွှတ်တော် အမတ် စိုင်းသူရိန်ဦး ကပြောသည်။
သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့၌ ကျင်းပသည့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ခေါ် ကျားဖြူပါတီ၏ တတိယ အကြိမ် ညီလာခံ အား ပြည်ထောင်စုတဝှမ်းလုံးမှ ကျားဖြူပါတီဝင် ၁၈၀၀ ကျော် တက်ရောက်ခဲ့သည်။