တောင်ကြီးမြို့တွင်း ဗလီဥက္ကဌ နေအိမ်တွင် ဗုံးပေါက်ကွဲ

တောင်ကြီးမြို့တွင်း ဗလီဥက္ကဌ နေအိမ်တွင် ဗုံးပေါက်ကွဲ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်နယ်၊ တောင်ကြီးမြို့ ၊ မြို့မရပ်ကွက်ရှိ အလယ်ဗလီ ဥက္ကဌ ဦးမြင့်သိန်း၏ နေအိမ်တွင် ဒီဇင်ဘာလ ၈ ရက် ညက ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်။

“ကျွန်တော်တို့ ဗုံးပေါက်ကွဲသံ ကြားတော့ ဘယ်ကအသံလည်းဆိုတာသွားကြည့်ကြတာပေါ့။ ပြီးတော့ ရဲတွေရောက်လာတယ် ။ သက်ဆိုင်ရာတွေ ရောက်လာတယ် ။ အိမ်ထဲမှာပဲ ပေါက်ကွဲတာ တစ်ယောက် ထိသွား တယ်အိမ်ရှင်ပေါ့ ”ဟု မြို့မရပ်ကွက်သားတစ်ဦးက ပြောသည်။

မြောက်ကျောင်းလမ်းနှင့် အုတ်ဖိုလမ်းထောင့်ရှိ ဦးမြင့်သိန်း၏ နေအိမ်တွင်း လှေခါးရင်း၌ ပေါက်ကွဲမှုဖြစ်ပွား ခဲ့ရာ ၄င်း၏ ဘယ်ဘက်ခြေဖမိုး ဒဏ်ရာရ၍ စဝ်စံထွန်း ဆေးရုံ အရိုးကုသဆောင်တွင်ဆေးကုသမှုခံ ယူခဲ့ရကြောင်း မြို့မရပ်တာဝန်ရှိသူများထံမှသိရသည်။

“ ဒီပေါက်ကွဲမှုဟာ စစ်တပ်တွေမှာသုံးတဲ့ ကုမ္မဏီက လုပ်တဲ့မိုင်းမျိုးမဟုတ်ဘူး လက်လုပ်မိုင်းလို့ သက်ဆိုင် ရာကျွမ်းကျင်သူတွေက ယူဆထားကြတယ် ။ ငါးတွေကိုခွဲတဲ့မိုင်းနဲ့တူတယ်။   အိမ်ထဲမှာပေါက်တယ်ဆိုတော့ အသေးစိပ်ပြန်စစ်ဆေးနေကြတယ် ။ သူ့မိသားစုဝင်တွေလဲ ဘာမှ သေသေချာချာ မသိဘူးဖြစ်နေတယ် ”ဟု တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်အားပြောသည်။

ယင်းပေါက်ကွဲမှုကြောင့် သျှမ်းပြည်နယ်ရဲမှူးကြီးက ဗလီမှ အကြီးအကဲများအား ခေါ်ယူစစ်ဆေးခဲ့ပြီး ဦးမြင့်သိန်းအား ပေါက်ကွဲမှုဖြင့်မြို့နယ်ရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။