သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ မြို့လယ်ဘုရားကျောင်းအတွင်းနှင့် အနီးတဝိုက်တွင်မြန် မာအစိုးရစစ် တပ်က ကင်းစခန်းချထားမှုကြောင့် ဒေသခံမြို့နေ ပြည်သူလူထုတို့ စိုးရိမ်မကင်းဖြစ်နေရကြောင်း သိရှိရ သည်။
“မကြာသေးခင်က မြို့လယ်ကျောင်းမှာ မြန်မာစစ်တပ်က စခန်းလာချတယ်။ သူတို့ရောက်လာတာမကြာသေး ဘူး ဗုံးပေါက်လို့ သေကြေဒဏ် ရာရ တာရှိခဲ့ဖူးတယ်လေ။ အခုလဲဘဲ စစ်တပ်ကထပ်ရောက်လာတယ်။ စခန်းလာချတယ် ။ တခုခု ထပ်ဖြစ် မှာကို မြို့ခံတွေက နေ့နေ့ညည စိုးရိမ်နေကြတယ်။ မြန်မာစစ်တပ်က မြို့လယ်ဘုရား ကျောင်း ကို သူတို့ တပ်စခန်းများ မှတ်နေလားမသိဘူး ”ဟု မြို့လယ်ဘုရားဂေါပက အဖွဲ့ဝင်တစ်ဦးကပြောသည်။
ထိုသို့ စစ်တပ်က စခန်းချထားမှုကြောင့် ရပ်နီးရပ်ဝေး ဘုရားဖူးဧည့်သည်များနှင့် သာရေးနာရေး လာရောက် ဆွမ်းတော်တင်သည့် သက်ကြီးရွယ်အိုများအတွက်လည်း စိတ်အနှောင့် အယှက်ဖြစ်စေ ကြောင်း ၄င်းကဆိုသည်။
“ ကျမတို့ ပြီးခဲ့တဲ့ရက်အနည်းငယ်က မြို့လယ်ဘုရားကျောင်းမှာ ကထိန်ပွဲ ကျင်းပတယ်။ ဒီနှစ်အလှူ အတန်း လုပ် တာ မပျော်ပါဘူးရှင်၊ ဘာကြောင့်လဲဆိုတော့ ကျမတို့ဘေးပတ်ပတ်လည်မှာ သေနတ်ကိုင် ထားတဲ့ စစ်သား တွေ ပြည့်နေတာကိုး။ လွတ်လပ်မှုမရှိဘူးပေါ့၊ စိတ်အနှောင့်အယှက် အများကြီးဖြစ်ရပါ တယ်”ဟု ပါ့နန်းရင်က ပြော သည်။
မကြာခင်ရောက်တော့မည့် သျှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပဖို့အတွက် အဆိုပါ မြို့လယ်ကျောင်းတွင် စခန်းချသော မြန်မာစစ်တပ်အား နေရာမှဖယ်ပေးစေချင်ကြောင်း နိုင်ငံရေးပါတီဝင် မြို့ခံတဦးကပြော ပါသည်။
“သျှမ်းနှစ်သစ်ကူးပွဲတော်ကို မြို့လယ်ဘုရားကျောင်းနားက ပန်ပွဲကွင်းမှာလုပ်ဖို့ ပွဲကျင်းပရေးကော် မတီက အတည်ပြုပြီးပါပြီ၊ သျှမ်းနှစ်သစ်ကူးပွဲ မတိုင်မှီ အဲဒီမှာစခန်းချတဲ့ အစိုးရစစ်တပ်အမြန် ဆုံး တပ်ရုပ်သိမ်း ပေးဖို့ ကျနော်တို့ဆန္ဒရှိပါတယ်။ စစ်တပ်ကြောင့် သျှမ်းနှစ်သစ်ကူးပွဲ ပျက်တာလဲ ရှိခဲ့ဖူးတယ်လေ။ ကျနော်တို့ ရိုးရာပွဲကို ကျနော်တို့လွတ်လွတ်လပ်လပ် ကျင်းပချင်ပါတယ်” ဟု ဆိုသည်။
အဆိုပါ မြို့လယ်ဘုရားဘေးရှိ ပန်ပွဲကွင်းတွင် ယခုနှစ်ဖေဖော်ဝါရီလက ပထမဆုံးအကြိမ်အဖြစ် သျှမ်း ပြည် အမျိုးသားနေ့ ကျင်းပခဲ့ပါသည်။ မြို့လယ်တွင်ပွဲကျင်းပခွင့်ရရေးအတွက် ဒေသခံလူထုတို့ ပျော်ရွှင်အားရမှုရှိခဲ့ကြောင်း ယခုနှစ်သစ်ကူးပွဲကိုလည်း ထိုနေရာတွင်ပင်ကျင်းပလိုကြောင်း မြို့မိမြို့ဖများက ပြောပါသည်။