ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ တာလေမြို့နယ်ခွဲတွင် အိုက်စ် ice or crystal methamphetamine မူးယစ်ဆေးအမျိုးအစား ရ တန် ထက်မနည်းဖမ်းရမိကြောင်း နီးစပ်သည့်သတင်းရပ်ကွက်ကပြောသည်။
အောက်တိုဘာ ၃ ရက် ညနေ ၄ နာရီခန့်တွင် ပါလျောင်း - ကျိုင်းလပ်မှ လာသည့် ကားတစ်စီးအား မိုင်းလျဲန်း ရဲတပ်ဖွဲ့ တားစီးစစ်ဆေးရာမှာ အိုက်စ်မူးယစ်ဆေးတုံးများ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း အမည်မဖေါ်လိုသူ ကုန်သည်တဦးက ပြောသည်။
“ပြီးခဲ့တဲ့ အပတ်ထဲက မြန်မာအာဏာပိုင်တွေက ဖမ်းမိတာ မူးယစ်ဆေးချက်ဖို့ ရေခဲ တုံးလိုဟာမျိုးပေါ့။ အဲဒီအမျိုးအစားက ၁ ကီလို ဘတ် ၅ သိန်းရောင်းတယ်။ ဒေသအတွင်းပြည်သူ့ စစ်တပ်ဖွဲ့တဖွဲ့ရဲ့ ပစ္စည်းတွေ လို့ပြော တာဘဲ။ သယ်ဆောင်လာတဲ့ လူ ၃ ယောက်ကိုလဲ အာဏာပိုင်တွေဖမ်းထားတယ်။ စိုင်းနွဲ့ စိုင်းဆု နဲ့ စိုင်းဟောင်တဲ့” ဟု တာလေဒေသခံ လုံးနန်ဒီး ကပြောသည်။
အဆိုပါ ဖမ်းဆီးရမှုတွင် အိုက်စ် မူးယစ်ဆေးတုံးမဟုတ်ဘဲ မူးယစ်ဆေးဝါးချက်လုပ်သည့် ဓါတုဆေးရေများ သာ ဖြစ်ကြောင်း တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့ သတင်းရပ်ကွက်ကလည်းအတည်ပြုပြောဆိုသည်။
အဆိုပါ သယ်ဆောင်သူ ၃ ဦးမှာ မြန်မာစစ်တပ် ခလရ ၅၇၁ နှင့် ၅၇၂ တို့ထံတွင် ရံပုံငွေထည့်သွင်း နားလည်မှုရယူသဖြင့် ယခင်က လွတ်လွတ်ကင်းကင်း သယ်ယူနိုင်ခဲ့ကြောင်း၊ သို့သော် ယခုတွင် အပေးအ ယူမျှတမှုမရှိသည့်အတွက် သတင်း ပေါက်ကြားကာ မိုင်းလိန်းရဲတပ်ဖွဲ့မှ ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း ကိုယ်တိုင်မြင်တွေ့ရသည့် ပြည်သူစစ်တပ်ဖွဲ့ ဝင်လားဟူအမျိုးသားတစ်ဦးက ပြောသည်။
ယခုအခါအဆိုပါဖမ်းဆီးမိသူ ၃ ဦးအား ရဲများက စစ်ဆေးမှုပြုလုပ်နေကြောင်းလည်း တာလေဒေသခံ နန်းနွန်းက ပြောသည်။