သျှမ်း/မြောက် ပညာရေးဝန်ထမ်းများ လစာဖြတ်တောက်ခံရ

သျှမ်း/မြောက် ပညာရေးဝန်ထမ်းများ လစာဖြတ်တောက်ခံရ
by -
သျှမ်းသံတော်ဆင့်

ပြီးခဲ့သည့် ဩဂတ်စ်လ လကုန်ရက်တွင် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မှ ကျောင်းဆရာ ဆရာမများ လစာအပြည့်အဝ မရသဖြင့် ပညာ ရေးရုံးရှေ့တွင် စုရုံးရောက်ရှိခဲ့ကြကြောင်း ဒေသခံများပြောပြချက်အရသိရ သည်။

သတ်မှတ် ပညာရေးဝန်ထမ်းလစာထက် ကျပ် ၅၀၀၀ လျော့နည်းနေသောကြောင့် စုရုံးရောက်ရှိ နေကြခြင်းဖြစ် ကြောင်း အောက်ပြည်အောက်ရွာမှ ပြောင်း ရွှေ့လာသည့် ဆရာမတဦးက ပြောကြောင်း ဒေသခံ  အမျိုးသားတဦး ကပြောပါသည်။

အစိုးရ လစား ဆရာ/မ တစ်ယောက် လစာနှုန်းမှာ တစ်လ ၉၇၀၀၀ ကျပ်နှင့် ၉၈၀၀၀ ကျပ်ဖြစ်ကြောင်း သိရ သည်။ သို့သော် ၀န်ထမ်းများ၏ လစာမှ ကျပ် ၅၀၀၀ ကို အဘယ်ကြောင့် ပညာရေးမှူး ဒေါ်သန်းလှ က နှုတ်ယူ ထားရသည်ကို  သိရအောင် စုရုံးရောက်ရှိခဲ့ကြခြင်းဖြစ်ကြောင်း ဆရာမ များကပြောသည်ဟု ဆိုပါသည်။

“ ဘာကိစ္စ  ၅၀၀၀ ကျပ် လျော့နေရတာလဲ။ ဘာအတွက်ကောက်တာလဲ ။ဘယ်သူ့အတွက် ကောက် တာလဲ ။ဒီ အဖြေကို တော့ ဒေါ်သန်းလှ ကိုယ်တိုင် တာဝန်ယူ ဖြေရှင်းရပါမယ်။ အထက်က ပညာရေး ၀န်ကြီး တွေကကော ဒေါ်သန်း လှ ကျွေးတဲ့ ထမင်းကို ပဲစားပြီးဗိုက်ပွတ် နေမှာလား  ။ ၀န်ထမ်းအသစ် ဆိုရင် လစာက ၆၀၀၀၀ တောင်မပြည့်တဲ့အထဲ အခုလို ဖြတ်တောက်ခံရလိုပြန်တော့ ဘာနဲ့စားတော့ မလဲ။ ကိုယ်ချင်းစာ သင့်တာပေါ့။ ကျမတို့ရောက်လာတာ ဆန္ဒပြတာလဲမဟုတ်ပါဘူး။ အကြောင်း သိချင်ရုံသက်သက်ပါ ”   ဟု အလယ်တန်းပြ ကျောင်းဆရာမ (၀န်ထမ်းသစ်) ကပြောဆို ကြောင်း အဆိုပါ ဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်အားပြောပြသည်။

ပညာရေးမှူးရုံးဝန်ထမ်းတဦးကမူ စာရွက်စာတမ်းဖိုး ပုံစံဖိုးအတွက် ပိုက်ဆံဖြတ်ယူခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ သည်ဟု အဆိုပါ၀န်ထမ်းသစ်ကပြောဆိုပါသည်။

နမ့်ခမ်းမြို့တွင် ယခုနှစ် ၀န်ထမ်းသစ် ၁၈၆ ဦးရှိကြောင်း ၊ ထို့ကြောင့် ဖြတ်ယူခံရငွေ စုစုပေါင်းတန်ဖိုးမှာ ၉ သိန်းကျော်ဖြစ် နေကြောင်း ပညာရေးဝန်ထမ်းကပြောပါသည်။

“ဆိုတော့ တလမှာ စာရွက်စာတမ်းဖိုးက အဲလောက် ကုန်မှာလား စဉ်းစားစရာပေါ့။ အဲဒီရုံးဝန်ထမ်း တွေက ကျမကိုပြန်ရွဲ့ ပြောတယ် ။ ခင်ဗျား အသေအချာ စုံစမ်းကြည့်။ ခင်ဗျားကိုယ်တိုင်ပါ ပါ၀င် ပတ် သက် နေမလားမသိဘူး - တဲ့ ။ ကျမတို့ အောက်ပြည်သူတွေအနေနဲ့  ဒီလိုလက်နက်ကိုင်တွေ ပေါများတဲ့ နယ်မြေဘက်ကိုသက်စွန့် ကြိုးပမ်းပြီးလာရတာပါ။ သွားလာ ရေးစရိတ်ကဘဲ မနည်းတော့ ပါဘူး။ အဲတာ အထက်က ပညာရေးဝန်ကြီးတွေကို ဒီကိစ္စ ကူညီဖြေရှင်းပေး စေချင်ပါတယ် ” - ဟု အဆိုပါ၀န်ထမ်း သစ်က ပြောပါသည်။

အဆိုပါ လစာဖြတ်တောက်ခံရမှုအပေါ် မကျေမနပ်ဖြစ်နေသည်မှာ တွန့်ဟုန်း၊ မိုင်းဝီး၊ တွန့်ယုံး၊ ပန်းဆေး နယ်ဘက်ကျသည့် မူလတန်းပြ ၀န်ထမ်းသစ်များဖြစ်ကြောင်း အဆိုပါ မြို့ခံက ပြောပြပါသည်။

Most read this week