သျှမ်း- ကချင်နယ်စပ် မန့်ဝိန်းကြီးရဲစခန်းအနောက်ဘက်တွင် မူးယစ်ဆေးရောင်းဝယ် ရှူ သောက် နေကြသူများအား ရဲများက ရှင်းလင်းနှင်ထုတ်ခဲ့ ရာ ဆေးရောင်းဝယ်မှုတော့ လျော့ မသွားဘဲ မြန်မာတပ်စခန်း အနီးသို့နေရာပြောင်းရွှေ့သွားကြကြောင်း ဒေသခံများက ပြောပါ သည်။
မန့်ဝိန်းကြီးအနောက်ဘက် ချိန်းဆွဲ့ခမ်းခြံထဲမှာ ရောင်းဝယ် ရှူသောက်နေကြတဲ့ မူးယစ် စျေး ကို ပြီးခဲ့တဲ့လတုန်း က ရဲတွေက မောင်းထုတ်လို့ အခုသူတို့ မြန်sမာစစ်တပ်ရဲ့ မန့်ကောင်းခန် စခန်း အထက်ဘက်မှာ သွားရောင်းဝယ်သောက်စားနေကြတယ် ။ နမ့်လင်း ဆိုတဲ့နေရာ မှာပေါ့။ မူးယစ်စျေးဖြစ်နေ တယ် - ဟု မန့်ဝိန်းကြီးဒေသခံစိုင်းအိုက်ကပြောသည်။
ယခင်က မူးယစ်ရောင်းဝယ်ဖောက်ကားနေသည့်အဖွဲ့များ သတင်းရပါက ကချင်တပ်မတော် ကသွားရောက် ရှင်း လင်းလေ့ရှိသော်လည်း ယခုတခေါက်လာရောက်ရှင်းလင်းခြင်း မရှိသေး ကြောင်း စိုင်းအိုက်ကဆိုပါသည်။
ရှင်းလင်းသင့်တာကိုမရှင်းလင်းရင်တော့ လူငယ်တွေပျက်စီးမှုများလာမယ်။ ဆေး သောက် စား နေကြတာကလဲ မိဘစကားနားမထောင်ချင်တဲ့အရွယ် ပျက်စီးလွယ်တဲ့ ဆယ်ကျော်သက် တွေပေါ့။ မြန်မာစစ်တပ်နဲ့နီးလို့ ကချင်တပ်လာမရှင်းတာလားမသိဘူးလို့ ရွာသားတွေက ပြောနေကြတယ်- ဟု ဆိုပါသည်။
နမ့်လင်းရွာနှင့် မန့်ကောင်းခန်ရွာမှရွာသားများလည်း လယ်ယာခြံမြေ သွားလုပ်ရန် စိတ်မဖြောင့်ကြောင်း၊ ဆေးသမားများကြောင့် ပစ္စည်းခိုးမှု ဓါးပြတိုက်လုယက်မှုလည်း ရှိလာကြောင်း ရွာခံအမျိုးသမီးကြီးတဦး ကလည်းပြောပါသည်။
ယခင်လက အဆိုပါမူးယစ်ရောင်းဝယ်သောက်စားသည့်အဖွဲ့များသည် မန့်ဝိန်းကြီး ရဲစခန်း အနောက်ဘက်တွင် ရှိနေကြပြီး ၊ ရပ်ရွာအုပ်ချုပ်ရေးမှူးများကလည်း ရှင်းလင်း ဆောင် ရွက် ပေးခြင်းမရှိကြောင်း၊ မန့်ဝိန်းကြီး ကျေးရွာ အနီးရှိ သျှမ်းမြောက် နမ့်ခမ်းမြို့ ကောင်းဆာ ကျေးရွာ ဟိုနမ့် မူးယစ်ဆေးရောင်း သည့်နေရာလည်း မူးယစ်ဆေးဝါးများ လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားနေကြ ကြောင်း၊ ကချင်နှင့် မြန်မာ့တပ် မတော်တို့ တိုက်ပွဲဖြစ်ပွားသည့် အချိန်မှစပြီး မူးယစ်ဆေး ယာဘ သုံးသူများပြားလာခြင်းဖြစ် ကြောင်းဒေသခံများ ကပြောပြပါ သည်။