သျှမ်းစာပေ ဆရာအတတ်သင် သင်တန်းကို သျှမ်းစာပေနှင့်ယဉ်ကျေးမှုမှ ကမကထပြုပြီး Kham Ku Center for Study and Development ၏ နည်းပညာပိုင်းဆိုင်ရာ သင်တန်းပိုင်းဆိုင်ရာပံ့ပိုးမှုဖြင့်သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၌ ဒုတိယ အကြိမ် ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။
လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၃၀ ကျော်မှ သျှမ်းစာပေနှင့်ယဉ်ကျေးမှု စိတ်ပါဝင်စားသော လူငယ် ၁၂၂ ဦးခန့်ကို မတ်ချ်လ ၂၈ ရက်မှ ဧပြီလ ၄ ရက်နေ့အထိ လားရှိုးမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမ တွင်ဖွင့်လှစ်ခဲ့ သည်ဟု ဆိုပါ သည်။
အရည်အချင်းနှင့် လုပ်ငန်းတာဝန်များ၊ ကလေးစိတ်ပညာ၊ သျှမ်းစာပေရေးသားသင်ကြားနည်းနှင့် သျှမ်းသဒ္ဒါ ပိုင်းဆိုင်ရာများ၊ ကလေးကဗျာသင်ကြားနည်းများ၊ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ၊ ယဉ်ကျေးမှုအကများ စသော ဘာသာရပ် ၆ ခု ခန့်ကို နံနက် ၈ နာရီမှ ညနေ ၅ နာရီထိ၊ ညပိုင်း ၆ နာရီမှ ၉ နာရီထိ သင်ကြားပေးခဲ့ သည်ဟု ခမ်းကူ KKCSD ဒါရိုက်တာ စိုင်းဆိုင်မိန်းက ပြောပါသည်။
ခမ်းကူဖောင်ဒေးရှင်း၏ ဒုတိယအကြိမ်မြောက် သျှမ်းစာပေဆရာအတတ်သင် သင်တန်း ကျင်းပရခြင်း၏ ရည်ရွယ် ချက်မှာ သျှမ်းလူငယ်များ မိမိ မိခင်ဘာသာစကား စာပေနှင့် ယဉ်ကျေးမှုကို ချစ်ခင် လေးစားပြီး ထိန်းသိမ်းသွား နိုင်ရန်၊ မိခင်ဘာ သာစကားနှင့်စာကို သဒ္ဒါနည်းကျကျ လေ့လာသင်ယူတတ်မြောက်သွားရန်၊ နွေရာသီကျောင်းပိတ် ချိန် နှစ်စဉ်ပြုလုပ်နေကျ မဟတို ခေါ် ( မ ၅ လုံး ) သင်တန်းများတွင် ဆရာ၊ ဆရာမအဖြစ်ပြန်လည် ဖြန့်ဝေသင် ကြားပေနိုင်ရန် စသည်တို့ဖြစ်ပါ သည်။
နည်းပညာဆိုင်ရာ ကျွမ်းကျင်လူငယ်များ ၂၀၁၁ က စုပေါင်းဖွဲ့စည်းထားသည့် Kham Ku Center for Study and Development အဖွဲ့သည် သျှမ်းပြည်သားလူငယ်ထုများအား အိုင်တီနည်းပညာများနှင့် အခြားသောအဖွဲ့အစည်း ဖွံ့ဖြိုးတိုး တက်ရေး ဆိုင်ရာ သင်တန်းများကိုလည်း ပို့ချပေးနေသည့် စေတနာရှင် လူငယ်များအဖွဲ့ဖြစ်ပါသည်။
Kham Ku Center for Study and Development အဖွဲ့သည် သက်ဆိုင်ရာမြို့နယ်ရှိ သျှမ်းစာပေယဉ်ကျေးမှု ကော်မတီ နှင့် ပူးပေါင်းပြီး လူငယ်အရည်အချင်းမြင့်တင်ရေးသင်တန်းများ ပေးနေသည့် အဖွဲ့ ဖြစ်ပါသည်။