သျှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ အနေဖြင့် ဘဏ္ဍာငွေအခက်အခဲ ရှိနေသည့်တိုင်ယခုနှစ် အတွင်း ကချင် ပြည်နယ်၌ ပါတီရုံးများ ဆက်ဖွင့်နိုင်ရန် စီစဉ်နေကြောင်း ဗဟို အလုပ်အမှုဆောင် တစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောဆိုသည်။
ဖေဖေါ်ဝါရီလကုန်ပိုင်းက စစ်ကိုင်းတိုင်း ဗန်းမောက်နှင့် အင်းတော်မြို့နယ်များ အပြင် မတ်လဆန်းပိုင်းက လည်း ကချင်ပြည်နယ် မိုးညှင်း ၊ မိုးကောင်းမြို့နယ်များတွင် သျှမ်းနီပါတီရုံးများ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
“ဖေဖေါ်ဝါရီ ၂၇ နဲ့ ၂၈ ရက်နေ့တွေမှာ ဗန်းမောက်နဲ့ အင်းတော်မြို့နယ်တွေပေါ့။ မတ်လ ၁ ရက်နဲ့ ၂ ရက်မှာ မိုးညှင်းနဲ့ မိုး ကောင်း။ ဒီ ၄ မြို့နယ်မှာ ပါတီဆိုင်းဘုတ်တင်ပွဲနဲ့ ရုံးတွေဖွင့်ခဲ့တယ်။ ဝိုင်းမော်နဲ့ မြစ်ကြီးနားမှာ ဆက်လုပ်ဖို့ ကျတော့ လောလောဆယ် ဘဏ္ဍာငွေ အခက်အခဲကြောင့် မလုပ်နိုင်သေးဘူး။ ဒီနှစ်ထဲမှာတော့ ရုံးတွေရော မြို့နယ် အလုပ်အမှု ဆောင် အဖွဲ့တွေပါ ဆက်လုပ်ဖို့ ရှိပါတယ်” ဟု သူက ပြောသည် ။
ထို့အပြင် သျှမ်းနီပါတီရုံးအနေဖြင့် အဆိုပါ ၄ မြို့နယ်၌သာ ဖွင့်လှစ်ထားပြီး မြို့နယ်အဆင့် ပါတီအလုပ်အမှု ဆောင် အဖွဲ့များအား မြို့နယ် ၁၃ ခုတွင် ဖွဲ့စည်းပြီး ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
“မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ကတော့ ၁၃ မြို့နယ်မှာ ဖွဲ့စည်းပြီးပြီ။ ရွှေကူနယ်ဘက်လည်း ကျန်သေး တယ်။ မရောက်သေးဘူး။ အဲဒီဘက်တွေ လုပ်ဖြစ်ရင်တော့ သျှမ်းပြည် (မြောက်ပိုင်း) မိုးမိတ်၊ မဘိမ်း နယ်တွေလည်း လမ်းပွင့်သွားပြီပေါ့။ အဓိကကတော့ ဘဏ္ဍာရေးပါပဲ အားလုံးက အခု အချိန်မှာ စီးပွားရေးတွေ ကျနေတယ်။ အဲဒါတွေ မထိ ခိုက်အောင်လည်း ထည့်စဉ်းစားရတာပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ် မဖွဲ့ဖြစ်သေးတဲ့ မြို့နယ်တွေမှာ အလုပ်အမှုဆောင်အဖွဲ့တွေ ဖွဲ့နိုင်အောင် ကြိုးစားသွားမယ်”