SSPP/SSA ထိန်းချုပ်နယ်မြေသို့ ဗမာ့တပ်မတော်တင့်ကားများပို့

SSPP/SSA ထိန်းချုပ်နယ်မြေသို့ ဗမာ့တပ်မတော်တင့်ကားများပို့
by -
သျှမ်းသံတော်ဆင့်

တိုက်ခိုက်နေမှုများ ရပ်ဆိုင်းရန် ပြည်ပသို့ခရီးမထွက်မှီ သမ္မတက ညွှန်ကြားလိုက်သဖြင့် တိုက်ပွဲများ ခေတ္တငြိမ်နေသော်လည်း သျှမ်းပြည်တိုးတက်ရေး ပါတီ၏ ထိန်းချုပ်နယ်မြေသို့ မြန်မာ့တပ်မတော်က တင့်ကားများ ပို့ဆောင်နေကြောင်း သျှမ်းပြည်တပ်မတော် SSPP/SSA  သတင်းရပ်ကွက်ကဆိုသည်။

 mmmilitary.blogspot.com)

“ကျနော်တို့နယ်ထဲဝင်လာပြီး ကျနော်တို့ကိုတိုက်ခိုက်နေတဲ့ ခလရ ၃၂၂ နဲ့ ၃၃ တပ်တွေ တပ်ဆုတ် သွားပြီလို့သတင်းတွေ ထွက်နေပေမယ့် လုံးဝလျော့သွားတာမရှိပါဘူး။ အရင်ကထက် တဆ တောင်ပို များလာသေးတယ်။ အခုထပ်ရောက်လာတဲ့ အထဲမှာ ထူးခြားတာက ပွိုင့် ၅ လက်နက်တပ်ဆင်ထားတဲ့ သံချပ်ကာကားနှစ်စီး၊ ရ၅ မမ တပ်ဆင်ထားတဲ့ တင့်ကား နှစ်စီးပါတယ်” ဟု ရှေ့တန်းရောက် SSPP/SSA အရာရှိတဦးက ပြောသည်။

ဖေဖေါ်ဝါရီ ၂၇ - ၂၈ ရက်နေ့ က စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ ၁၇ မှူး ကိုယ်တိုင် ဦးဆောင်ကာ လက်နက်ကြီးတပ်၊ အမြောက်တပ် တို့နှင့်အတူ မိုင်းရှူးမြို့၌ အားဖြည့်ထားကြောင်း လားရှိုး နှင့် ကွန်ဟိန်းမှ လာသော တပ်များ၌လည်း သံချပ်ကာကား ၂ စီး နှင့် တင့်ကား ၂ စီး ပါဝင်ကြောင်း ဒေသအတွင်းသွားလာသည့် ကားဆရာတဦးက ပြောသည်။

SSPP/SSA မှ  ၂၂ ရက်နေ့  သမ္မတကြီးထံ စာတင်ပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ ဖေဖေါ်ဝါရီလကုန်ပိုင်းအထိ  အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရမခ လက်အောက်ခံ လောက်ကိုင် ဒေသကွပ်ကဲရေး စစ်ဗျူဟာ ဒကစ အောက်မှ တပ်ရင်း ၆ ရင်းက တန့်ယန်းမြို့နယ် ပတ်ဝန်းကျင်နှင့် မိုင်းကောင်ဝ် မြို့ နယ်ကြားတို့တွေ အင်အားဖြည့်တင်းနေရာယူထားကြောင်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ရပခ တိုင်းအောက်မှ စကခ ၁၇ လက်အောက်ခံ တပ်ရင်းများ နှင့် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ရလခ တိုင်းအောက်မှ စကခ ၂ လက်အောက်ခံတပ်ရင်းများ စုစုပေါင်း ၁၀ ရင်း ကျော် ကြောင်း၊ သျှမ်းပြည်တပ်မတော် SSPP/SSA ဝမ့်ဟိုင်း ပတ်ပတ်လည်နေရာယူထားကြောင်း SSPP/SSA ဌာနချုပ်အရာ ရှိများက ပြောဆိုသည်။

“ဒီနေ့လဲ မန္တလေး-လားရှိုးကားလမ်း မြောက်ဘက်ခြမ်းမှာလည်း မြန်မာစစ်တပ်တွေ နေရာယူထားတာ အများ ကြီးတွေ့ရတယ်။ ကျောက်မဲမြို့နယ် မိုင်းငေါ့ကနေ ယာဉ်တန်းရှည်ကြီးတက်လာတာ” ဟုလည်း လားရှိုး ဒေသခံတဦးကပြောသည်။

သျှမ်းပြည်တပ်မတော် တပ်မဟာ ၃၆ တပ်ရင်း ၁၉၂ ထိန်းချုပ် လွယ်လန်းစခန်းအား ဖယ်ပေးရန်ပြည်ထောင် စုနေ့မတိုင် မှီက  အစိုးရတပ်မှ ညွှန်ကြား ရာ သျှမ်းပြည်တပ်မတော် ဘက် ငြင်းဆန် လိုက်သဖြင့် ဖေဖော်ဝါရီလအတွင်း မြန်မာ့တပ် မတော်မှ ၎င်းတို့အား ရ ကြိမ် ထက်မနည်းတက်တိုက်ခဲ့သည်။ မိမိတို့ဘက်မှ ခံစစ်အနေဖြင့်သာ ခုခံကာကွယ်ရာ တိုက်ပွဲ အတွင်း မြန်မာ့တပ်မတော်ဘက်မှ ၃၀ ထက်မနည်း ကျဆုံးခဲ့ပြီး ဒဏ်ရာရမှုလည်း များပြားကြောင်း သျှမ်းပြည်တပ်မ တော်ဌာနချုပ်ရှိ အရာရှိ တဦးကပြောဆိုသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် နေပြည်တော်အစိုးရ တို့သည် ၂၀၁၂ နှစ်ဆန်းပိုင်းက အပစ်ရပ် သဘောတူကာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည်ဆောက်ထားသည့်တပ်ဖွဲ့သည်။