ခွန်ထွန်းဦးနှင့်အဖွဲ့ မိုင်းလား ခေါင်းဆောင်များနှင့်ငြိမ်းချမ်းရေး ကိစ္စ ဆွေးနွေး

ခွန်ထွန်းဦးနှင့်အဖွဲ့ မိုင်းလား ခေါင်းဆောင်များနှင့်ငြိမ်းချမ်းရေး ကိစ္စ ဆွေးနွေး
by -
သျှမ်းသံတော်ဆင့်

သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဉက္ကဌ ခွန်ထွန်းဦးနှင့်အဖွဲ့သည် သျှမ်းပြည်အရှေ့ ပိုင်းမိုင်းလားမြို့သို့ ရောက်ရှိပြီး အထူးဒေသ ၄ ခေါင်းဆောင်များနှင့်တွေ့ဆုံကာ ငြိမ်းချမ်းရေးကိစ္စများဆွေး နွေးခဲ့ကြောင်း နယ်စပ်သတင်းရပ်ကွက် ကပြောသည်။

KTO SSL

“မရောက်ဖူးလို့ လေ့လာဖို့သွားရင်း ချစ်ကြည်ရေးခရီးလဲလုပ်ရင်းပေါ့နော်။ နဂို ရည်မှန်းချက်အတိုင်း ဒုတိယ အစီအစဉ် အနေနဲ့ သျှမ်းပြည်အတွင်း လက်နက်ကိုင်အဖွဲ့အစည်းတွေကြား ယုံကြည်မှုတည်ဆောက်ဖို့ အတွက် နိဒါန်းသွားပျိုးတယ်လို့ လဲပြောလို့ရတယ်။” SNLD ပါတီပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်က သျှမ်းသံတော်ဆင့်အားပြောသည်။

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၌ ပြုလုပ်ခဲ့သည့် SNLD ရုံးခွဲဖွင့်ပွဲ အပြီး သောကြာနေ့ ရ ရက်နေ့မှ ၉ ရက်နေ့ အထိ မိုင်းလားသို့ရောက်ရှိပြီး(အထူးဒေသ ၄ ) မိုင်းလားတပ်ဖွဲ့ NDAA-ESS ဉက္ကဌ စိုင်းလင်း အပါအဝင် ဒုဥက္ကဌ (၁) ဦးဆန်းပေ၊ ဒုဥက္ကဌ (၂) စိုင်းဆန်လူ နှင့် အတွင်းရေးမှူးစိုင်းဆိုင်လားတို့က လက်ခံတွေ့ဆုံ ကြောင်း၊  ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းစဉ်အတွက် နှစ်ဘက်လုပ်ငန်းစဉ်များအား အပြန်အလှန်ရှင်း ပြခဲ့ကြောင်း၊ သျှမ်းပြည် တမျိုးသားလုံးပါဝင်မည့် ဒုတိယညီလာခံအတွက် ကြိုတင်ဆွေး နွေးနိုင်ခဲ့ကြောင်း၊ ခရီးစဉ်အတွက်ကျေနပ်အားရဖွယ်ကောင်းကြောင်း ၎င်းက ဆက်ပြောသည်။

“ကျနော်တို့လုပ်ငန်းစဉ်ကိုရှင်းပြတော့ စဝ်စိုင်းလင်းတို့က  ဝမ်းသာအားရကြိုဆိုတယ်။ ပါဝင်ဖို့ ကြိုးစားမယ်လို့ ပြောတယ်။  ဒုတိယညီလာခံကိုတော့ လာမယ့်နှစ် သင်္ကြန်မတိုင်ခင်လောက်မှာဖြစ်ဖို့ခန့်မှန်းတယ်။ လောလောဆယ်ကျနော်တို့  မိုင်းလား ဆီကိုဘဲ ရောက်သေးတယ်။ အဖွဲ့အစည်းတွေ အများကြီးရှိသေးတယ်။ သျှမ်းပြည် အခြေစိုက်အဖွဲ့အစည်းတွေနဲ့လဲ တွေ့ရ ဦးမယ်ဆိုတော့ ဒီအတွက် ၄- ၅  လအချိန် ယူရဦးမယ်” ဟု ဆိုသည်။

ခွန်ထွန်းဦးနှင့်အဖွဲ့သည် မိုင်းလားမြို့၌ ၂ ညအိပ်ကာ ၂၁၀၇ ခုနှစ် သျှမ်းရိုးရာနှစ်သစ်ကြိုဆိုပွဲအတွက် ဒီဇင်ဘာ ၉ ရက် မနက် ပိုင်း၌ ကျိုင်းတုံမြို့သို့ ပြန်လာခဲ့ကြောင်း သိရသည်။

သျှမ်းပြည်အရှေ့ပိုင်းခရီးစဉ်၌ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌခွန်ထွန်းဦးနှင့်အတူ ဒုဥက္ကဌ စိုင်းရွှေဂျူး အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် ပြောရေးဆိုခွင့် စိုင်းလိတ်တို့အပြင် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/ SSA နာယက ဒု-ဗိုလ်ချုပ်ကြီး ဆေထင်၊ ဒု ဥက္ကဌ ဗိုလ်ချုပ်ခေးတိုင်း နှင့် စဝ်ကျော်လှ၊ သျှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ RCSS/ SSA မှ ဗိုလ်မှူးချုပ်စိုင်းလူး နှင့် ဗိုလ်မှူးကြီးစိုင်းစိုးတို့လည်း ပါဝင်သည်ဟုဆိုသည်။