အစိုးရတပ်များ KIO ဋ္ဌာနချုပ်အနီးသို့ ချဉ်းကပ်ရောက်ရှိ

အစိုးရတပ်များ KIO ဋ္ဌာနချုပ်အနီးသို့ ချဉ်းကပ်ရောက်ရှိ
by -
သျှမ်းသံတော်ဆင့်

ကချင်ပြည်နယ် မိုးကောင်းမြို့ အခြေစိုက် စကခ ၃ လက်အောက်ခံ အစိုးရတပ်များသည်  ကချင်ပြည်လွတ်လပ် ရေးအဖွဲ့ KIO ဗဟိုဋ္ဌာနချုပ် နယ်မြေအနီး သို့ ယနေ့ ချဉ်းကပ် ရောက်ရှိလာပြီ ဖြစ်ကြောင်း ABSDF ကျောင်းသား တပ်မတော် သတင်းရပ်ကွက် အဆိုအရ သိရသည်။

ကချင်ပြည်နယ်အတွင်းလှုပ်ရှားနေသော မြန်မာအစိုးရစစ်ကြောင်း
အစိုးရ၏ ခြေမြန်တပ်ရင်း ခမရ ၃၈၅ ၊ ၃၈၆ တပ်ရင်းများမှ တပ်အင်အား ၂၀၀ ၀န်းကျင်ခန့်သည် KIO ဋ္ဌာနချုပ် လိုင်ဇာမြို့နှင့် ၁၅ မိုင်ခန့်ကွာဝေးသည့် တိန်လုံရွာသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ၄င်းအနက် အင်အား ရဝ ကျော်ခန့်က လိုင်ဇာဘက်သို့ ဆက်လက်ချီတက်လာကြောင်း သိရသည် ။

လိုင်ဇာနှင့် ၅ မိုင်ခန့်သာ ကွာဝေးသော လဂျားယန် အစိုးရတပ်စခန်းသို့ ရိက္ခာပေးပို့ရန် ၄င်းတပ်များ ရောက်ရှိလာသည်ဟု  ကျောင်းသားတပ် စစ်ဘက်သတင်းရပ်ကွက်မှ သုံးသပ်ပြောဆိုပြီး ရှေ့ဆက်တိုးလာပါက နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွား လာနိုင်ကြောင်း ကျောင်းသားတပ်မှူး တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“သူတို့ လဂျားယန်မှာ တပ်ရင်းတစ်ရင်းထိုင်ထားတာရှိတယ်။ အခုက ရိက္ခာပို့တဲ့အချိန်ပဲ ရိက္ခာလည်းပြတ်နေတယ်လို့ ကြား တယ်။ ခါတိုင်း ရိက္ခာပို့ရင်လည်း ဒီလိုပဲ အင်အားအလုံးအရင်းနဲ့ပဲလာတယ်။ အဲဒီလဂျားယန်စခန်း အောက်ခြေ ပတ်ပတ်လည်မှာ ဒီဘက်က ဝိုင်းထားတယ်။ သူတို့လည်းထွက်လို့မရဘူး ဆုတ်လည်းမဆုတ်ပေးဘူးပေါ့နော်။ ဒီကြားထဲဝင်လာရင် တော့ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်” ဟု ၄င်းတပ်မှူးက ဆိုသည် ။

ထို့အပြင် ယခင်ကလည်း အစိုးရတပ်များ လဂျာယန်စခန်းသို့ ၀င်ရောက်လာချိန်၌ ဒေါ့ဖုန်းယန်မြို့ရှိ အစိုးရတပ်မှ ၁၀၅ မမ အမြောက် ကြီး များဖြင့် KIA နှင့် ABSDF တပ် စခန်းရှိရာသို့ စတင်ပစ်ခတ်လေ့ရှိကြောင်း သိရသည်။

လွန်ခဲ့သည့်လကုန်ပိုင်းက တရုတ်နိုင်ငံ ရွေလီမြို့၌ KIOနှင့် အစိုးရကိုယ်စားလှယ်များ နှစ်ဘက်တွေ့ဆုံ ဆွေးနွေးခဲ့သည့်နောက် နှစ်ဘက်စစ်ဆင်ရေး လှုပ်ရှားမှုများ ရပ်နားထားသဖြင့် လိုင်ဇာနယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားမှု မရှိသ လောက် ကျဲပါးသွားကြောင်း သိရသည်။

Most read this week