သျှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ် မူစယ်မြို့နယ်၊ ပန်ခမ်းရွာအနီး ပြည်ထောင်စုလမ်းမရှိ နမ့်ပေါ့တံတားယမန်နေ့ မနက်ပိုင်းကပျက်သွား ပြီး ၁၀ နာရီခန့် ယာဉ်ကြောပိတ်ဆို့ မှုဖြစ်ခဲ့ရကြောင်း ဒေသတွင်းသတင်းရပ်ကွက်ကဆိုပါ သည်။
“မနက် ၈ နာရီခွဲ လောက်ကပျက်တယ်။ ညနေ ၃နာရီခွဲလောက်မှ ပြင်ပြီးတာ၊ ကားတွေပြည့်နေတာဘဲ။ ဆိုင်ကယ် တွေဆိုရင်တော့ တံတားအောက်ကနေ စက်လှေနဲ့ကူးရတယ်၊ ကူးခ ဆိုင်ကယ်နဲ့လူဆိုရင် ကျပ်တစ်ထောင်၊ လူဘဲ ဆိုရင်တော့ တယောက် ငါးရာပေါ့” - ဟု နမ့်ခမ်းက စျေးသည် စိုင်းကွမ်းက သျှမ်းသံတော်ဆင့်အား ပြောပြသည်။
တရုတ်ပြည်ဘက်မှ တရုတ်လူမျိုးပိုင် ကုန်တင်ကား (over weight) တန်ချိန်ပိုကားကြီးများ ပန်ခမ်းရွာကူး တို့ဆိပ်မှ ၀င်လာပြီး နမ့်ခမ်းမြို့နှင့် ၁၆ မိုင်ခန့် အကွာ မူစယ်မြို့နယ်အတွင်းရှိ နမ့်ပေါ့တံတားမှ ဖြတ်သန်းကာ မူစယ်မြို့သို့ပို့ဆောင်ကြပြီး တံတားထိပ် ဓါတ်ဆီဆိုင်ရှေ့တွင်စောင့်နေသည့် ပြည့်သူ့ရဲတပ်ဖွဲ့ထံဂိတ်ကြေး ပေးရကြောင်း ဒေသခံ ကားသမား တစ်ဦးကဆိုသည်။
“ဒီတံတား ခဏခဏပျက်တတ်တယ်။ တစ်ပတ်နှစ်ခါလောက် ပုံမှန်ပျက်တယ်၊ တံတားက သက်တမ်းလွန် နေပြီ၊ တရုတ်တွေကတော့ တံတားပျက်မှာ ဘယ်ဂရုစိုက်မလဲ။ သူတို့တိုင်းပြည်မှမဟုတ်တာ။ သူတို့စီးပွါး ဖြစ်ဖို့ဘဲ အရေးကြီးတယ်လေ။ မြန်မာဘက်ကရဲတွေကလဲ ပိုက်ဆံရရင်ပြီးရော လွတ်ပေးလိုက်တာပဲ ။ ဒါကြောင့်တံတား ခဏခဏ ပျက်ရတာ၊ တံတားပျက်ရင် ကျနော်တို့ကားသမားပဲဒုက္ခရောက်ရတယ်” ဟု မူစယ်က ကားသမားတစ်ဦး ပြောပြသည်။
နမ့်ပေါ့တံတားအသစ်ဆောက်လုပ်ရန် စီမံကိန်းအား ယခုနှစ်ဆန်းပိုင်းက စတင်ခဲ့သော်လည်း ယခုချိန်အထိ ရေလယ်တိုင် နှစ်တိုင်သာ ဆောက်လုပ်ပြီးစီး နေသေးကြောင်းတွေ့ရသည်။
“တံတားပေါ်မှာ ကုန်တင်ကားတစ်စီးဖြတ်သွားတာနဲ့ တံတားတခုလုံး ခါရမ်းသွားတာပဲ။ တံတား အခင်း သစ်သား တွေလည်း ဆွေးကုန်ပြီ၊ ပြင်ပြင် သုံးသုံး ပျက်ပျက်နဲ့ နှစ်ပေါင်းကြာလည်း ကြာနေပြီ”ဟု နမ့်ခမ်းဒေသခံ စိုင်းခမ်း ကပြောပြသည်။
လွန်ခဲ့သောနှစ်ပေါင်း ရာကျော် အင်္ဂလိပ်အစိုးရလက်ထက် ကတည်းက မူစယ်နှင့်နမ့်ခမ်းမြို့ ကြား၌ (ယာယီ) စစ်သုံးတံတား (၃) စင်း ရှိသည်။
၄င်းတို့မှာ နမ့်ခမ်းမြို့ရွှေလီကြိုးတံတား၊ နမ့်ခမ်းရေပူစမ်းအနီး နမ့်မချောင်းတံတား နှင့်မူစယ် နမ့်ပေါ့တံ တားတို့ဖြစ်ပြီး အသစ်ဆောက်လုပ်ပြီးစီးသွားသည့် ရွှေလီကြိုးတံတား ကိုမူ အသုံးမပြုတော့ပေ။ သို့သော်ကျန်တံ တားနှစ်စင်းမှာ ခုချိန်ထိအန္တရာယ်ကြားမှ အသုံးပြုနေရသေးကြောင်း ဒေသခံများပြော ပြချက်အရသိရသည်။