ဦးသိန်းစိန်အစိုးရ၏ Black List ပယ်ဖျက်စာရင်း၌ ISG သျှမ်းသမ္မတပါဝင်

ဦးသိန်းစိန်အစိုးရ၏ Black List ပယ်ဖျက်စာရင်း၌ ISG သျှမ်းသမ္မတပါဝင်
by -
သျှမ်းသံတော်ဆင့်

၂၈ ရက်က မြန်မာ့အလင်းသတင်းစာ၌ နာမည်ပျက်စာရင်းများမှ တချို့တဝက်အား ပယ်ဖျက်ကြောင်း ကြေငြာပြီးနောက် ၃၀ ရက်နေ့က နာမည်စာရင်းထုတ်ပြန်ရာတွင် ISG သျှမ်းအစိုးရ သမ္မတ တာဝန်ယူထား သူTiger Yawnghwe  ခေါ် စဝ်ဖေခန်ဖှ အသက် ရ၄ နှစ်ပါဝင်ပါသည်။

စဝ်ဖေခန်ဖှ၊ စဝ်ဇန့်ယောင်ဟွေ့၊စဝ်ဟန်ယောင်ဟွေ့
စဝ်ဆေခန်ဖှသည် ၂၀၀၅ ခုနှစ် သျှမ်းပြည်ယာယီအစိုးရ Interim Shan Government သမ္မတအဖြစ် သျှမ်းပြည်လွတ် လပ်ရေးကြေငြာခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံအစိုးရက ၎င်းအားနာမည်ပျက်စာရင်း၌ သတ်မှတ်ခဲ့သည်။

စဝ်ဆေခန်ဖှအပြင် ၂၀၀၄ က ကွယ်လွန်သွားသော ၎င်း၏ ညီစဝ်ဇန့်ယောင်ဟွေ့လည်းပါဝင်သည်။

စဝ်ဇန့်ယောင်ဟွေ့ ခေါ် ယူဂျင်းသိုက် ခေါ် စဝ်ဆေလိန်ဖှ သည် သျှမ်းပြည်တပ်မတော် SSA ကိုစတင်တည် ထောင်ရာ၌ ပါဝင်သူတဦးဖြစ်ပြီး ၂၀၀၄ ခုနှစ် အသက် ၆၅ နှစ်အရွယ် ဦးနှောက်ကင်ဆာရောဂါဖြင့် ကွယ်လွန် သွားပြီဖြစ်သည်။

၎င်းတို့၏ညီငယ်ဖြစ်သော EBO မှ ဒါရိုက်တာ စဝ်ဟန်ယောင်ဟွေ့ကမူ နာမည်ပျက်စာရင်းပယ်ဖျက်ခြင်း၌ မပါရှိ ပေ။ သို့သော် ၂၀၁၁ အောက်တိုဘာလ ၁၀ ရက်နေ့က တိုင်းရင်းသားများအကြား ငြိမ်းချမ်းရေးတည်ဆောက် ရေးအတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဦးအောင်မင်းနှင့်တွေ့ဆုံဆွေးနွေး ပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ ဝင်ထွက်သွားလာနိုင်ခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံ၌လည်း Euro Burma Office (EBO) ရုံးခွဲကိုတည်ထောင် ထားနိုင်ပြီဖြစ်သည်။ Euro Burma Office (EBO) ကို ၁၉၉၇ က စတင်တည်ထောင်ခဲ့ပြီး လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရရှိရေး အားပေးကူညီနေသော အဖွဲ့အစည်းဖြစ်သည်။

ညောင်ရွှေစော်ဘွားစဝ်ရွှေသိုက်၏သား ၂ ဦးအမည်အပြင် တိုင်းရင်းသားများအကြား ယုံကြည်လေးစားမှုခံ ယူကြရသော ခွန်ဥက္ကာ၊ ခွန်မာရ်ကိုဘန်း၊ ဒေါက်တာစင်သီယာမောင် အပြင် ဒေါ်မိဆူးပွင့် အစရှိပုဂ္ဂိုလ်များ လည်းပါဝင်သည်။

ထို့အပြင် နိုင်ငံခြားသားများစာရင်း၌ ရိုက်တာသတင်းဌာန သတင်းထောက် အင်ဒရူးမာရှယ် ၊ ထိုင်းနိုင်ငံနာမည်ကြီး အဆိုတော် အက်ခါးရားဘောင်းဝ်၊ ဒေါ်အောင်ဆန်းစုကြည်၏သားနှစ်ဦး စသည်တို့လည်း ပါဝင်သည်။

ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးလှုပ်ရှားသော AAPP အတွင်းရေးမှူး ကိုတိတ်နိုင်၊ ကိုမိုးသီးဇွန်၊ ဒေါက်တာဆလိုင်းသန်း ထွန်း၊ VOA မြန်မာသတင်းဌာနမှူး ဦးသန်းလွင်ထွန်း စသည်တို့ပါဝင်သော်လည်း ဧရာဝတီ သတင်းဌာန အယ်ဒီတာချုပ် ဦးအောင်ဇော်၊ သျှမ်းသံတော်ဆင့်သတင်းဌာန အယ်ဒီတာချုပ် ဦးခွန်စိုင်းတို့အား နာမည်ပျက်စာရင်းမှ ပယ်ဖျက်ခြင်းမပါ ရှိသေးပေး။

ယခုလ ၂၈ ရက်က မြန်မာ့အလင်းသတင်းစာ၌ နာမည်ပျက်စာရင်း ၆၁၆၅ ဦးအနက်  ၂၀၈၂ ဦးအား စာရင်းပယ်ဖျက် ရာတွင် နိုင်ငံခြားသား၊ မြန်မာနိုင်ငံသား၊  မြန်မာ့အရေး လှုပ်ရှားသူများ၊ MPU, FTUB, AAPP, NDD, DPNS, BSLO, မြန်မာနိုင်ငံ ရှေ့နေများကောင်စီ၊ ညီညွတ်သော တိုင်းရင်းသားလူငယ်များ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်း၊ မြန်မာအမျိုးသမီးများ သမဂ္ဂ၊ ကရင်အမျိုးသမီး အစည်းအရုံး အစရှိ သည့်အဖွဲ့များ၊ လူ့အခွင့် အရေး၊ ဒီမိုကရေစီအရေး လှုပ်ရှားနေသူများ  ပါဝင်ပါသည်။