သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ် ဝမ့်ဟိုင်း အရှေ့တောင်ဘက်ရှိ တပ်စခန်းတခုအား ထပ်ရုပ်ပေးရန် အစိုးရ တပ်မှ အကြောင်းကြားထားသည်ဟု ဌာနချုပ် အရာရှိတဦးက ပြောပါသည်။
“ကျနော်တို့တပ်ကိုဖယ်ခိုင်းပြန်ပြီ။ ကျနော်တို့တပ်သားတွေရဲ့ လှုပ်ရှားသွားလာနေထိုင်ရေး အစစအရာရာ တားမြစ်တယ်။ ကျနော်တို့ထိန်းချုပ်နယ်မြေအတွင်းမှာ စစ်ဆင်ရေးလုပ်နေတယ်။ ဒါဟာ ကျနော်တို့ ငြိမ်းချမ်းရေးသဘောတူညီထားတဲ့ အချက်တွေနဲ့ တခြားစီဖြစ်နေတာကိုတွေ့နေရတယ်” - ဟု ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ ကပြောပါသည်။
သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်၏ မိုင်းရှူးမြို့နယ် ဟိုင်းပါ ခနောက်စိမ်းလုပ်ကွက်နှင့် တာ့ဆမ်ပူး ကူးတို့ ဆိပ်က ၎င်းတို့၏ တပ်များကိုလည်း ဖယ်ရှားရန် အစိုးရစစ်တပ်က ထပ်မံပြောကြား ကြောင်း၊ တောင််ဘက်ခြမ်း အသက်ရှူ ပေါက်တခုဖြစ်သောကြောင့် ဖယ်ရှားပေးဖို့ရန် အစီအစဉ်မရှိကြောင်း၊ အနီးအနားတွင် အစိုးရတပ် အင်အား ၃၀၀ ခန့်ဖြန့်ကျက်ထားကြောင်း၊ ရှေ့တိုးလာပါကယမ်းငွေ့ဝေဦး မည်မလွဲကြောင်း တပ်မှူးတဦးက ပြောသည်။
“ဒါဟာ အပစ်ရပ်စဲပြီးငြိမ်းချမ်းရေးဖော်ဆောင်တဲ့အသွင်သဏ္ဍာန်မျိုးမဟုတ်ဘဲ စစ်ရေးနဲ့ခြိမ်းခြောက်နေတဲ့ အသွင်မျိုးသက် ရောက်နေပါတယ်။ ကျနော်တို့ လက်မှတ်ထိုးပြီးတဲ့နောက်ပိုင်း အကြိမ် ၃၀ ကျော်ပစ်ခတ် မှုဖြစ်ပြီးပြီ။ အစိုးရဖက်က ထာဝရ ငြိမ်းချမ်းရေးလျှောက်လှမ်းချင်တယ်ဆိုရင် ခုချိန်မှာ ကျနော်တို့ နှစ်ဦး နှစ်ဖက် ယုံကြည်မှုတည်ဆောက်ဖို့ ရင်းနှီးမှုတည် ဆောက်ဖို့ အချိန်ကာလဖြစ်တယ်။ သို့ပေမယ့် အခုလို တယောက်နဲ့ တယောက် အာဃာတ ဖြစ်စရာဖြစ်တဲ့ လုပ်ရပ်တွေ လုပ်နေတော့ ထာဝရငြိမ်းချမ်းရေး တည်ဆောက်ဖို့ အဟန့်အတား ဖြစ်စေပါတယ်” ဟု ပြောသည်။
မြန်မာအစိုးရစစ်တပ်သည် သျှမ်းပြည်တပ်မတော် ဝမ့်ဟိုင်းဌာနချုပ် အဝင်အထွက်လမ်းကို ဖြတ် ၄ ဖြတ် သဘောမျိုး လုပ်နေသည့်လက္ခဏာဖြစ်ကြောင်း သို့သော် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံညှိနှိုင်းရမည့် ချိန်ဖြစ်သောကြောင့် စစ်ရေးဖြင့် ဖြေရှင်းခြင်းကို မလိုလားသော်လည်း မြန်မာအစိုးရစစ်တပ်ကရှေ့ဆက် တိုးလာပါက မလွဲမသွေ ခုခံတိုက်ခိုက်ရမည်ဖြစ် ကြောင်း ဗိုလ်မှူးစိုင်းလက ပြောသည်။
မြန်မာအစိုးရစစ်တပ်သည် သျှမ်းပြည်တပ်မတော်၏ အဓိက ဖြတ်သန်းသွားလာအသုံးပြုသည့် တာ့ဆမ်ပူး ကူးတို့ဆိပ်အား ဖြတ်ယူရန် စီမံနေခြင်းဖြစ်ကြောင်းဗိုလ်မှူးစိုင်းလကပြော၏။ ၎င်းတို့တပ်မှလှုပ်ရှားတပ်ချ သည့်ဒေသနှင့်ဆက်သွယ်ထားသည့် တာ့ဆမ်ပူးကူးတို့ဆိပ်သည် ဝမ့်ဟိုင်းမှ ၁၀ မိုင်ခန့်သာဝေးသည်။ မိုင်းရှူးမြို့နယ် ဟိုင်းပါ အုပ်စုထဲပါဝင်ပြီး မကြာသေးခင် ကလည်း ထိုဒေသ၌ နှစ်ဦးနှစ်ဖက်ပစ်ခတ်မှုဖြစ်ပွါးခဲ့သေးသည်။
ယခင်အပတ်ထဲကလည်း မိုင်းရှူးမြို့မှ ထွက်လာသည့်မြန်မာအစိုးရစစ်တပ် အင်အား ၁၀၀ ကျော် တာ့ဆမ်ပူးဘက်သို့ဦးတည် သည် ဟုယူဆရသော်လည်း ယနေ့တိုင်တာ့ဆမ်ပူးသို့မရောက်ဘဲလမ်း၌ ပျောက်နေကြောင်း သျှမ်းပြည်တပ်မတော်နှင့် နီးစပ်သည့် ဒေသခံများသတင်းရပ်ကွက်ကပြောပါသည်။
“ဦးသိန်းစိန်ရဲ့ ၁၈၊ ၈၊ ၂၀၁၁ ငြိမ်းချမ်းရေးကမ်းလှမ်းမှုကြောင့် ကျနော်တို့ SSPP နဲ့ ဦးအောင်သောင်း ဦးဆောင်တဲ့ ငြိမ်းချမ်း ရေး ဖော်ဆောင်ရေးကော်မတီအဖွဲ့နဲ့ ၂၈ ဂျန္နဝါရီလက ၂၀၁၂ မှာ အချက် ရ ချက်ပါတဲ့နှစ်ဘက်သဘောတူညီ အပစ်ရပ်စဲ လက်မှတ်ထိုးခဲ့တယ်။ ၅ ရက်အတွင်း ဝမ့်ဟိုင်းဌာနချုပ်ထိန်း ချုပ်နယ်မြေထဲမှာ တပ်စွဲထားတဲ့ မြန်မာတပ်ရင်းတွေ ရုပ်ပေး မယ်ပြောတယ်။ ခု တနှစ်ပြည့်ပြီဖြစ်တဲ့တိုင် မြန်မာတပ်က် မရုပ်ပေးတဲ့အပြင် ကျနော်တို့နဲ့ ဂျွန် ၁၇ ကနေ ဂျုလိုင် ၄ ရက် အထိ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း မိုင်းအောတ် တောင်ဟျိုးဘက်မှာလဲ အင်အား ၃၀၀ လောက်နေရာယူထပ်ချထားတယ်။ ဒါဟာငြိမ်းချမ်း ရေးအတွက် ကောင်းမွန်တဲ့လက္ခဏာ မဟုတ်ပါဘူး” ဟု SSPP/SSA ၏ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်မှူးစိုင်းလ ကပြော ပါသည်။
ဦးသိန်းစိန်အစိုးရက ဦးဆောင်လုပ်ဆောင်နေသည့် အပစ်ရပ်ငြိမ်းချမ်းရေး တနှစ်ပြည့်ပြီဖြစ်သော်လည်း အပစ်ရပ်ခြင်း မရှိသကဲ့သို့ လုပ်ငန်းစဉ်လက်တွေ့အကောင်အထည်ဖော်မှု မရှိသလောက်နည်းပါး နေခြင်းသည် အပြန်အလှန် ယုံကြည်မှုကိုဖြစ်ထွန်းစေနိုင်မည်မဟုတ်ဟု SSA တောင်၊မြောက် နှစ်ဖွဲ့စလုံးက ဆိုပါသည်။