ပြည်ထောင်စုအဆင့် ဒုအကြိမ် ဆွေးနွေးပြီးရက်ပိုင်းအတွင်း SSA နှင့်အစိုးရတပ် တိုက်ပွဲဖြစ်ပွါး

ပြည်ထောင်စုအဆင့် ဒုအကြိမ် ဆွေးနွေးပြီးရက်ပိုင်းအတွင်း SSA နှင့်အစိုးရတပ် တိုက်ပွဲဖြစ်ပွါး
by -
သျှမ်းသံတော်ဆင့်

ပြည်ထောင်စုအဆင့် ဒုတိယအကြိမ်ဆွေးနွေးပွဲအပြီး ရက်ပိုင်းအတွင်း သျှမ်းပြည်အရှေ့ပိုင်း အခြေစိုက် မြန်မာ အစိုးရ၏ တပ်မတော်နှင့် သျှမ်းပြည်တပ်မတော်အကြား ပထမအကြိမ် တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း နယ်စပ်သတင်း ရပ်ကွက်ကဆိုပါသည်။

ပြည်ထောင်စုအဆင့် ဒုအကြိမ် ဆွေးနွေးပြီးရက်ပိုင်းအတွင်း SSA နှင့်အစိုးရတပ် တိုက်ပွဲဖြစ်ပွါး
“ မိုင်းတုံအခြေစိုက် ခလရ ၆၅ က ရှာဖွေရေးတပ်ဖွဲ့ သူ့ရဲ့တပ်ပြေးတွေကို လိုက်ရှာရင်းလွယ်ကောင်းမူး၊ လွယ် ငွမ်းဖက်မှာ သျှမ်းတပ်နဲ့ ပက်ပင်းတိုးရာကနေ တိုက်ပွဲတွေဖြစ်တာ။ ဒီနေ့ နေ့ခင်း ၁၁ နာရီ နဲ့ ၁၂ နာရီကြား လောက်ကပေါ့။ ပစ်ခတ်သံတော့ မကြာပါဘူး” - ဟု နယ်စပ်ရောက် ပုံပါကျင်ဒေသခံတဦးက သျှမ်းသံတော် ဆင့်အား ပြောပြသည်။

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ မြို့၏မြောက်ဘက်ရှိ လွယ်ကောင်းမူးတောင်ပေါ် ဘုရား၌ တပေါင်းလ မတိုင်မှီကတည်းက သျှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ ဟုလူသိများသည့် RCSS/SSA တပ် သားများက သွားရောက်အခြေချထားသည်ကိုဒေသခံလူထု၏တောင်းဆိုချက်ကြောင့် ကဆုန်လပြည့် ညောင်ရေ သွန်းပွဲတော်မတိုင်မှီ ၃-၄ ရက်ကတည်းက လွယ်ကောင်းမူးအရှေ့ဖက်ရှိ လွယ်ငွမ်းဘက်ပြောင်းရွှေ့ခဲ့ပြီး နောက် ပိုင်း တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။

“သူတို့ပစ်ခတ်မိကြပြီး သိပ်မကြာခင်မှာဘဲ ခလရ ၆၅ က သျှမ်းပြည်တပ်မတော်ဆီကို မိမိတို့တပ်ပြေး လာရှာရာ ကနေ တိုက်ပွဲဖြစ်ပွါးမိကြောင်း ပြောတော့ မွန်းတည့်ချိန်လောက်မှာဘဲ သေနတ်သံရပ်သွားတယ်။ ၂ ဖက်စလုံး သေကြေဒဏ်ရာရမရှိဘူးလို့ ကြားသိရတယ်” ဟု သျှမ်းပြည်တပ်မတော်နှင့် နီးစပ်သည့်အသိုင်းအဝိုင်းကလည်း ပြောသည်။

မေလ ၁၉ ရက် ကျိုင်းတုံမြို့ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲအပြီး ညပိုင်း သတင်းစာရှင်းလင်းပွဲ၌ အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု ဥက္ကဌ ဦးအောင်မင်းက “ ဒီအချိန်ကစပြီး ၂ ဦး ၂ ဖက် တိုက်ပွဲဖြစ်ပွါးမှုမရှိစေတော့ပါဘူး” ဟု ပြောကြောင်း ဆွေးနွေးပွဲသို့ လိုက်ပါသူကလဲပြောသည်။

ယခုတကြိမ်ဖြစ်ပွါးသောတိုက်ပွဲသည် RCSS/SSA နှင့် အစိုးရကိုယ်စားလှယ်တို့ မေလ ၁၉ ရက် ကျိုင်းတုံ၌ ပြည်တောင်စုအဆင့် ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေး ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပွါးသော တိုက်ပွဲဖြစ် သည်။