အထူးဒေသ ၄ ပြည်ထောင်စုအဆင့်ဆွေးနွေး သဘောတူညီချက် ၆ ချက် လက်မှတ်ထိုး

အထူးဒေသ ၄ ပြည်ထောင်စုအဆင့်ဆွေးနွေး သဘောတူညီချက် ၆ ချက် လက်မှတ်ထိုး
by -
သျှမ်းသံတော်ဆင့်

အထူးဒေသ ၄ ခေါ် မိုင်းလားတပ်ဖွဲ့ကိုယ်စားလှယ်နှင့် နေပြည်တော် ပြည်ထောင်စုအဆင့်ကိုယ်စား လှယ်တို့ မိုင်းလား၌ တွေ့ဆုံပြီး သဘောတူချက် ၆ ချက်ထပ်မံ သဘောတူလက်မှတ်ရေးကြောင်းသိရ ပါသည်။

Sai Lerng
“အင်္ဂါနေ့တုန်းက ရဟတ်ယာဉ် နှစ်စင်းနဲ့လာတာ။ ဦးအောင်သောင်း ဦးသိန်းဇော်တို့ ဦးဆောင်တဲ့အဖွဲ့ပါ။ သူတို့နဲ့ လိုက်လာတာအယောက် ၄၀ နီးနီးရှိတယ်။ အောက်တိုဘာလက သဘောတူညီချက်တွေကိုဆက် လက် အကောင်အ ထည်ဖေါ်ဖို့ အဓိကပါဘဲ” - ဟု နီးစပ် သည့်အသိုင်းဝိုင်းက ပြောပါသည်။

ဒီဇင်ဘာ ၂၇ မနက်ပိုင်းတွင် ဦးဆောင်သောင်းနှင့်အဖွဲ့ အား မိုင်းလားတပ်ဖွဲ့ခေါင်းဆောင်စိုင်းလင်းနှင့်အတူ ထိပ် ပိုင်းခေါင်းဆောင်သုံးလေးဦးကလက်ခံတွေ့ဆုံ ကြောင်း၊ အစိုးရနှင့် လက်တွဲအကောင်အထည်ဖေါ်ရာ တွင် ပြည် ထောင်စုအစိုးရကဒေသခံတိုင်းရင်းသား လူမျိုး များ၏ ပညာရေး၊ ကျန်းမာရေး၊ ဘဝ မြင့်တင်ရေး လုပ်ငန်းများ ကူညီ ရန်သဘောတူကြောင်း၊ ထို့အပြင် လွှတ်တော်တွင်ပါဝင်ရေး အပြင် ကာကွယ်ရေးအင်အား စုများနှင့်တစိတ်တဝမ်းတည်းပါဝင်ရေးအတွက် ဆက် လက် ဆွေးနွေးသွားရန် ပါဝင်သည့် အချက် ၆ ချက်အား နှစ်ဘက် သဘောတူကြောင်း -လက်မှတ်ရေးထိုးခဲ့သည် ဟုဆိုသည်။

သဘောတူညီချက် ၆ ချက် မှာ -

၁။ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် အထူးဒေသ ၄ ငြိမ်းချမ်းရေးဆွေးရေးအဖွဲ့တို့ ၂၀၁၁ အောက်တိုဘာ ၉ ရက်နေ့တွင် ကျိုင်းတုံမြို့၌ သဘောတူလက်မှတ်ရေးထိုးခဲ့ကြသော  သဘောတူညီချက်များကိုဆက် လက်အကောင်အထည်ဖေါ်ကြရန်သဘောတူကြသည်။

၂။ အထူးဒေသ ၄ နယ်မြေအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများ၏ လူမှုဘဝ မြင့်မားရေးနှင့် ဒေသ တွင်း စီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ပြည်ထောင်စုအစိုးရမှ ပါဝင်ပူးပေါင်းကူညီဆောင် ရွက်ပေးရန် အတွက် နှစ်ဘက်ညှိနှိုင်းပြီး နှစ်တိုနှစ်ရှည် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံချက်များ ချမှတ် ဆောင် ရွက်ရန်သဘော တူသည်။

၃။ အထူးဒေသ ၄ နယ်မြေအတွင်းရှိ တိုင်းရင်းသားလူငယ်များ၏ အတွေးအခေါ်မျှော်မြင်မှု အသက်မွေးဝမ်းကြောင်း အတတ်ပညာများ တတ်မြောက်မှုနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုတို့ကို မျှော်မှန်းပြီးပညာသင်ယူနိုင်မည့် အခွင့်အလှမ်းများ တိုးတက်မြှင့်မားလာစေရေးအတွက် ပြည်ထောင်စုအစိုးရမှ ကူညီဆောင်ရွက်ပေးရန်သဘော တူသည်။

၄။ အထူးဒေသ ၄ နယ်မြေအတွင်းရှိ တိုင်းရင်းသားများ၏ ကျန်းမာရေးစောင့်လျှောက်နိုင်မှုအတွက် ကုသရေး ကာကွယ်ရေး  ပညာပေးရေးလုပ်ငန်းစဉ်များကို ဒေသခံပြည်သူများပါ ကျန်းမာရေး အသိပညာများပါရရှိကြ ပြီး ကိုယ်တိုင်ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ဖို့အဆင့်ရှိလာရန် ရေရှည်စီမံချက်မှတ်များချမှတ်၍ ကျယ်ပြန့်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရမှ အစီအမံများချမှတ်ဆောင်ရွက်ပေးရန် သဘောတူ သည်။

၅။ အထူးဒေသ ၄ နယ်မြေအတွင်းရှိ မြို့နယ်များမှ ပြည်သူ့ကိုယ်စားလှယ်များသည် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်၏ လွှတ်တော်အဆင့်ဆင့်တွင်ပါဝင်ပြီး နိုင်ငံတော်နှင့် ဒေသအတွင်းအရေးအရာများကို  အထူး ဒေသ ၄ နယ်မြေရှိ ပြည်သူ့ဆန္ဒများနှင့်အညီ ဖေါ်ထုတ်တင်ပြ စီမံခွင့်ရရှိနိုင်ရေးအတွက် ဆက်လက် ညှိနှိုင်း ဆွေးနွေးဆောင်ရွက်သွားရန် သဘောတူသည်။

၆။ အထူးဒေသ ၄ သည် နိုင်ငံတော်အား သွေးခွဲစေခြင်း နိုင်ငံတော်မှခွဲထွက်ခြင်းစသည်တို့ကို လုံးဝပြုလုပ် မည် မဟုတ်ကြောင်း၊နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့်နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် အထူးဒေသ ၄ ၏ စွမ်းရည် များအားလှူဒါန်းပေးဆောင်သွားရန် သဘောတူပြီးဖြစ်သည်နှင့်အညီ ဆက်လက်၍ နိုင်ငံတော်၏ လုံခြုံရေးကာကွယ် ရေးအတွက် နိုင်ငံတော်၏ ကာကွယ်ရေးအင်အားစုများနှင့် တစိတ်တဝမ်းတည်း ပူပေါင်း ဆောင်ရွက်သွားနိုင်ရေး ဆက်လက်ညှိနှိုင်းဆွေးနွေးသွားရန် သဘောတူသည်။

ဒီဇင်ဘာ ၂၆ ရက် (မိုင်းလားတပ်ဖွဲ့နှင့် မတွေ့မီတရက်အလို) တွင် ဝ တပ်ဖွဲ့ ဌာနချုပ် ပန်ဆန်း၌ ဝ ခေါင်းဆောင် များ နှင့်တွေ့ဆုံခဲ့ရာ အထက်ပါ ၆ ချက် နှင့် ဆင်တူသော သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ ပါသေးသည်။

အထက်ဖေါ်ပြပါ အမှတ် ၅ အချက်တွင် မိုင်းလားတပ်ဖွဲ့အနေဖြင့် မိုင်းလားမြို့နယ်အပြင် မိုင်းယန်းမြို့နယ်ရှိဆီလူး နယ်မြေ နှင့် မိုင်းယောင်းမြို့နယ်ရှိ နမ့်ပန်းနယ်မြေကို ကြီးစိုးထားရာ ရှေ့လာမည့် ရွေးကောက်ပွဲများ၌မည်သို့ပါ ဝင်နိုင်မည်ကို ဆက်လက်ဆွေးနွေးရဦးမည်ဖြစ်ကြောင်း မိုင်းလား ထိပ်တန်း အရာရှိတဦးနှင့် နီးစပ် သူကပြောပြပါ သည်။

ထို့အထူ ဝ တပ်ဖွဲ့မှာလည်း မိုင်းယန်းမြို့နယ်အတွင်းရှိ မိုင်းပေါက်မြို့နယ်ခွဲကို ထိန်းချုပ်ထားပါသည်။