‘ပြည်ထောင်စုမှ ခွဲထွက်မည်မဟုတ်’ ကိစ္စပါစာတ စောင် သျှမ်းတပ်နှစ်ဖွဲ့ထံ လူငယ်များစာရေး

‘ပြည်ထောင်စုမှ ခွဲထွက်မည်မဟုတ်’ ကိစ္စပါစာတ စောင် သျှမ်းတပ်နှစ်ဖွဲ့ထံ လူငယ်များစာရေး
by -
သျှမ်းသံတော်ဆင့်

ပြည်ထောင်စုအဆင့် အစိုးရကိုယ်စားနှင့်တွေ့ ဆုံလျှင်  ‘ပြည်ထောင်စုမှ ခွဲထွက်မည်မဟုတ်’ ဆိုသည့်အချက် မလွဲမသွေ ပါလာမည်ဖြစ်သဖြင့် ထိုကိစ္စအား လက်မှတ် ရေးထိုးခြင်းမပြုရန် သျှမ်းပြည်(မျိုးချစ်) လူငယ်တစ်ရာ နီးပါးက စုပေါင်း၍ သျှမ်းပြည်တပ်မ တော် RCSS/SSA နှင့် SSPP/SSA ထံအိပ်ဖွင့်ပေးစာ တစ်စောင်ပေးပို့ခဲ့ သည်ဟုသိရပါသည်။

SYE

“ ကနေ့ခေတ်နိုင်ငံရေးအခြေအနေအပေါ်မူတည်ပြီးတော့  RCSS နဲ့ SSPP ဆီစာရေးဖို့ ဆုံးဖြတ် တာဖြစ်ပါတယ်။ အကြံပြု စာသဘောပါ။ စည်းလုံးညီညွတ်ရေးအတွက်ရယ် အဓိကကတော့ အစိုးရနဲ့ငြိမ်းချမ်းရေးဆွေးနွေးရင်တခြားအဖွဲ့ တွေလို - ပြည်ထောင်စုမှခွဲထွက်မည်မဟုတ် - ဆိုတဲ့အချက် အဆောတလျင် သဘောတူ လက်မှတ်မထိုးသေးဖို့ - စသဖြင့်ပေါ့။ အချက် ၅ ချက်ပါဘဲ။ မနေ့က RCSS ကိုရော SSPP ကိုရော ပေးအပ်လိုက်ပြီ ” - ဟု လားရှိုးဒေသခံစိုင်း ဟတ်ခေးက ပြောသည်။

ဒီဇင်ဘာ ၂၆ ရက်နေ့စွဲဖြင့် အဆိုပါစာတစောင်ကို သျှမ်းပြည်(မျိုးချစ်)လူငယ်များကိုယ်စား ထိုင်းနိုင်ငံ ချင်းမိုင်မြို့နေ သျှမ်းလူငယ် စိုင်းတိုင်းက RCSS နှင့် SSPP ထံသို့ပေးအပ်လိုက်ခြင်းဖြစ်သည်။

သျှမ်းပြည်တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်မှူးလောင်ဆိုင်ကလည်း “ ပြည်ထောင်စုမှခွဲ ထွက်မည်မဟုတ် ဆိုတဲ့အချက် လက်မှတ်ထိုးဖို့ ကျနော်တို့ သျှမ်းပြည်တပ်မတော်တခုတည်းရဲ့ ဆုံးဖြတ်ချက် နဲ့မရပါဘူး။ လူထုတရပ်လုံး တပ်သားထု တခုလုံး ဆုံးဖြတ် ပေးမှရမှာဖြစ်ပါတယ်။ လူထုရဲ့ ဆုံးဖြတ်ချက်ကိုကျနော်တို့ လေးစား အလေးထားပါတယ်။ တကယ် တော့ ခွဲထွက်ရေးပူး ပေါင်းရေး ဆိုတာတွေဟာ အစိုးရရဲ့ နိုင်ငံ အပေါ် စေတနာထားရှိမှုဆိုတဲ့အချက်မှာ မူတည်ပါတယ်။ အစိုးရ အနေနဲ့ လူမျိုးရေးခွဲခြားတာမရှိဘဲ အဖွဲ့အစည်းတိုင်းကို တန်းတူညီမျှစွာခေါ်ယူဆွေးနွေးမယ်ဆိုရင်တော့ ဒို့တာဝန်အရေး ၃ ပါး အပါ အဝင်  ငြိမ်းချမ်းရေး တည်ဆောက်ရေးမှာ ကျနော် တို့ ဝမ်းမြောက်ဝမ်းသာလက်တွဲ ပူးပေါင်းမှာပါ။” - ဟု သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

သျှမ်းပြည်အရေးလှုပ်ရှားနေသည့် စိုင်းခွန်က  - ပြည်ထောင်စု က နေ ခွဲထွက်မည်မဟုတ်ဆိုတဲ့ ဝန်ခံကတိလက်မှတ်ရေး ထိုးခြင်းသည် လူပုဂ္ဂိုလ်နှစ်ဦး၏ လက်ထပ်စာချုပ်နှင့်တူကြောင်း၊ သို့သော် လင် မကောင်းသည်ဖြစ်စေ မယားမကောင်း သည်ဖြစ်စေ တဦး ဦး က ဖေါက်ပြန်ပါက ကွာရှင်းနိုင်ကြောင်း - နှိုင်းယှဉ်၍ပြောပါသည်။

သျှမ်းပြည်တပ်မတော် RCSS နှင့် SSPP အားတင်ပြသည့် (သျှမ်းဘာသာ) စာကို ဆီလျော်အောင် အောက်ပါ အတိုင်း ဘာသာပြန်တင်ပြထားပါသည်။

စာအမှတ် ၁၊၂၀၁၁                                                                                                                လူငယ်များ
                                                                                          ရက်စွဲ ၂၆၊ ၁၂၊ ၂၀၁၁

သို့   /     
- သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS  သျှမ်းပြည်တိုးတက်ရေးပါတီ SSPP
အကြောင်းအရာ    - သျှမ်းပြည်ထူထောင်ရေးအတွက် အကြံပြုစာ

၂၀၁၁ ဒီဇင်ဘာလ ၁၇ နှင့် ၁၈ ရက်က တွေ့ဆုံခဲ့ကြသော သျှမ်းပြည်တွင်း ၃၅ မြို့နယ်မှ လူငယ် ၉၈ ဦး( မြို့နယ် ကိုကိုယ်စားပြု၍ တက်ရောက်ခြင်းမဟုတ်- မိမိဆန္ဒအလျောက် စိတ်ပါဝင်စား၍တက်ရောက်လာသူ) တို့က ယနေ့ အမျိုး သားရေး၊ ကမ္ဘာ့ရေး၊ ပြည်ထောင်စုအရေး၊ သျှမ်းပြည်အရေးနှင့် သဘာဝသယံဇာတ၊ သမိုင်းဝင် အမွေအနှစ်၊ အိုင်တီ နှင့် သျှမ်းစာပေ၊  သျှမ်းပြည်၏ သဘာဝပါတ်ဝန်းကျင် အစရှိသည်တို့ အပြင် သျှမ်းပြည်တပ်မတော် ၂ ဖွဲ့၏ လှုပ်ရှားမှု အကြောင်းပါကိစ္စရပ်များ တွေ့ဆုံ ဆွေးနွေးကြပါသည်။

အဆိုပါအစည်းအဝေးမှ လူငယ်များ၏ ဆန္ဒသဘောထားများကောက်ယူ၍ ယခုကဲ့သို့သျှမ်းပြည်တိုးတက် ရေးပါတီနှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီတို့ ထံ  အကြံပြုစာတင်ပြအပ်ပါသည်။

၁။ သျှမ်းပြည်လူထုယုံကြည်မှု ပြန်လည်တည်ဆောက်ရန် နှင့် တပ် ဖွဲ့နှစ်ဖွဲ့စလုံး အမြန်ဆုံး ပူးပေါင်းရန်၊

၂။ စည်းလုံးညီညွတ်ရေးအတွက်

  (က) သျှမ်းအမျိုးသားများလက်တွဲပေါင်းစည်းနိုင်ရေး

  (ခ) သျှမ်းပြည်တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေး

  (ဂ)ပြည်ထောင်စုတခုလုံးရှိ တိုင်းရင်းသားများစည်းလုံးညီညွတ်ရေးကို အမြန်ဆုံးဖော်ဆောင်ပါရန်။

၃။ မြန်မာအစိုးရ၏စစ်တပ်နှင့် အပစ်ရပ် ငြိမ်းချမ်းရေးဆွေးနွေးပြီးပါက အောက်ပါအချက်များကိုလည်း ဆောင်ရွက်ပေးသင့်ကြောင်း၊

  (က) သျှမ်းပြည်လွတ်မြောက်ရေးအတွက် တိုက်ပွဲဆင်နွဲခဲ့သည့်ကာလတလျှောက် ဓါးစာခံခဲ့ရသည့်အမျိုးသမီးနှင့် ကလေးငယ်များ၊ လူအခွင့်အရေးချိုးဖောက်ခံရခံရပြီး ဒုက္ခိတဘဝဖြစ်သွားရသော ဒုက္ခသည်များ ပြဿနာတို့ကိုအမြန်ဆုံး ကူညီဖြေရှင်းပေးရန်။

  (ခ)  သျှမ်းပြည်ကလေးများအတွက် စာသင်ကျောင်းများထူထောင်ပေးရန်။

  (ဂ) သျှမ်းပြည်၏ သမိုင်းဝင်ပစ္စည်းများနှင့် သဘာဝ သယံဇာတများကို အတတ်နိုင်ဆုံး ကာကွယ်ပေးရန်။

  (ဃ)သျှမ်းပြည်တွင်းမူးယစ်ဆေးဝါးဆိုင်ရာပြဿနာများကိုအမြန်ဆုံးကာကွယ်တိုက်ဖျက်ပေးရန်။

  (င) သျှမ်းပြည်အမျိုးသာလွတ်မြောက်ရေးကြိုးပမ်းစဉ်ကာလတလျှောက် မြန်မာအစိုးရ၏ အဖမ်းခံလိုက်ရသော နိုင်ငံရေးသမား၊ သာမန်လူထုနှင့် သျှမ်းပြည်တပ်မတော်မှ တပ်သားကေဒါများအားလုံး အမြန်ဆုံးလွတ်မြောက်လာနိုင်အောင် ကြိုးပမ်းပေးရန်။

  (စ) သျှမ်းပြည်သားတို့၏ ကိုယ်စွမ်း ဉာဏ်စွမ်းကို မြှင့်တင်ထူထောင်ပေးရန်။

  (ဆ) သျှမ်းပြည်၏ သဘာဝပတ်ဝန်းကျင် တောတောင်ရေမြေကို ကာကွယ်ပေးရန်။

၄။ ဒေသအတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်စီမံကိန်းလျာထား၍ ဒေသခံ ပြည်သူလူထု ပါဝင်ပူးပေါင်းနိုင်ခွင့်ရှိရန်။

၅- ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲ၌ မြန်မာအစိုးရနှင့်ဆွေးနွေးရာတွင်  ပြည်ထောင်စုတိုင်းရင်းသာများ အတွက် ပင်လုံ စာချုပ်ပါ အခွင့်အရေးထက် ပိုမိုကောင်းမွန်သော အခွင့်အရေး မရှိပါက - ပြည်ထောင်စုမှခွဲထွက်မည်မဟုတ်- ဟူသော အချက်ကို အဆောတလျင် လက်မှတ်ရေးထိုးခြင်း (လုံးဝ) မပြုရန်။

အထက်ဖော်ပြပါ အကြံပြုချက်များကို လက်ခံစဉ်းစား၍ သျှမ်းပြည်စည်းလုံးညီညွတ်ရေးအတွက် ၊ သျှမ်းပြည် လူထုရပိုင် ခွင့်အတွက်နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့လုပ်ဆောင်ပေးမည်ဟုယုံကြည်ေ မျှာ်လင့်ပါသည်။

လေးစားစွာဖြင့်
၃၅ မြို့နယ်မှ သျှမ်းပြည်(မျိုးချစ်) လူငယ်များ ၉၈ ယောက်၏
သျှမ်းလူငယ်များဆွေးနွေးဖလှယ်ပွဲ (Shan Youth Exchange)
၁၇ - ၁၈ ဒီဇင်ဘာ ၂၀၁၁