ဗန်းမော်မြို့နယ် NLD ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ဖွဲ့

ဗန်းမော်မြို့နယ် NLD ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ဖွဲ့
by -
သျှမ်းသံတော်ဆင့်

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ပါတီကရွေးကောက်ပွဲအောင် နိုင်ရေး အစည်းအဝေး တစ် ရပ်ကိုပါတီစည်းရုံး ရေး မှူး ဦးဘမြင့်၏ နေအိမ်တွင် ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

-election-committee

နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီကျော်အထိ ပြုလုပ်ခဲ့သည့် ၄င်းအစည်းအဝေးသို့ ရပ်မိရပ်ဖများ ၊ လူငယ်များနှင့် ပါတီဝင် အင်အား ၁၀၀ ကျော် တက်ရောက်ခဲ့ပြီး ပြန်ကြားရေး ၊ စည်းရုံးရေး ၊ ဘဏ္ဍာရေးနှင့် ဥပဒေအကြံပေး အဖွဲ့များ ဖွဲ့စည်း လိုက်ကြောင်း ကိုယ်တိုင်အစည်းအဝေးတက်ရောက်သူ ပါတီဝင် လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ရပ်မိရပ်ဖတွေ ပါတီဝင်ဟောင်းတွေ လူသစ်တွေရောပေါ့ စုစုပေါင်း အင်အား ၁၁၆ ဦးတက်ရောက်တယ် ကော်မတီ အနေ နဲ့တော့မဟုတ်ဘူး လုပ်ငန်းအဖွဲ့အနေနဲ့ ပြန်ကြားရေး ၊ စည်းရုံးရေး ၊ ဘဏ္ဍာရေးနဲ့ ဥပဒေအကြံပေး အဖွဲ့တွေ ဆိုပြီး ဖွဲ့လိုက် တယ် ” ဟု သူက ပြောသည်။

မကြာမီရပ်ကျေးအဖွဲ့များ ဖွဲ့စည်းမည် ဖြစ်ပြီး စည်းရုံးရေးလုပ်ငန်း စတင်လုပ်ဆောင်တော့မည်ဖြစ်ကြောင်း သိရသည်။

လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ဗန်းမော်မြို့နယ်အတွင်း လစ်လပ်နေသည့်လွှတ်တော်ကိုယ်စားလှယ် တစ်နေရာ အတွက် ၀င်ရောက်ယှဉ်ပြိုင်ရန်  NLD ပါတီမှ ဦးဘမြင့်အား ၎င်းအစည်းအဝေးတွင်အဆိုတင်သွင်း ထားကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း မိုးညှင်း ဖားကန့်နှင့်ဗန်းမော်မြို့နယ်များတွင် လွတ်တော်ကိုယ်စားလှယ် ၃ နေရာ လစ်လပ် နေပြီး NLD ပါတီမှ ယှဉ်ပြိုင်အရွေးခံရန် ကချင်ပြည်နယ် ရွေးကောက်ပွဲအောင်နိုင်ရေး အစည်းအဝေးကို နိုဝင်ဘာလ ၃၀ ရက်နေ့ က နမ္မတီးမြို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည် ။

Most read this week