မဲခေါင်မြစ်လုံခြုံရေး (၄) နိုင်ငံပူးတွဲစစ်ရေး လေ့ကျင့်ရေး အတွက် လုံခြုံရေး ယူပေးသည့် အစိုးရတပ် တိုက်ခိုက်ခံရ

မဲခေါင်မြစ်လုံခြုံရေး (၄) နိုင်ငံပူးတွဲစစ်ရေး လေ့ကျင့်ရေး အတွက် လုံခြုံရေး ယူပေးသည့် အစိုးရတပ် တိုက်ခိုက်ခံရ
by -
သျှမ်းသံတော်ဆင့်

ရွှေတြိဂံဒေသ မဲခေါင်မြစ်ဝှမ်းလုံခြုံရေးအတွက်  ပူးတွဲစစ်ရေးလေ့ကျင့်ရေးတပ်များအား လုံခြုံရေး တာဝန်ယူပေးသည့် မြန်မာဘက်ခြမ်းက အစိုးရ စစ်တပ် စစ်ကြောင်းတခုခြုံခိုတိုက်ခိုက်ခံခဲ့ရပြီး တိုက် ခိုက် မှုကြောင့် ၂ ဦး ၂ ဖက် သေကြေ ဒဏ်ရာရမှုရှိ ခဲ့ကြောင်း သိရသည်။

naw-kham“မဲခေါင်မြစ်ဝှမ်းကို မြန်မာ၊ တရုတ်၊ လောဝ်နဲ့ ထိုင်း ၄ နိုင်ငံ ပေါင်းပြီး လုံခြုံရေးယူပေးဖို့လေစစ်ရေးလေ့ကျင့် ရေးက စတော့မယ်။ အဲဒီအဖွဲ့အတွက် လုံခြုံရေး  ယူပေးတဲ့ မြန်မာစစ်တပ် နဲ့ ပြည်သူ့ စစ်အဖွဲ့ပူးပေါင်းစစ် ကြောင်း က လမ်းကြောင်းရှင်းလင်းရေးအနေနဲ့ စစ်ကြောင်း လှည့်တာ။ အဲဒီစစ်ကြောင်းက တိုက်ခိုက်ခံရတာ နှစ်ဖက်စလုံး အသေ အပျောက်များတယ်။ စာရင်းအတိအကျတော့ မသိရသေးဘူး” - ဟု ရွှေတြိဂံဒေသနေ ဒေသခံ တဦးကပြောသည်။

မြန်မာ  ရဲ ၄၂ ယောက် ၊ တရုတ် ရဲ  ၂၀၀ ၊ လောဝ် နဲ့ ထိုင်း စုပေါင်းရဲတပ်သား ၁၅ ယောက် တို့၏ လေးနိုင်ငံ ပေါင်းပြီး ကင်းလှည့်တပ်ဖွဲ့သည် မဲခေါင်မြစ်ကြောင်း - ရွှေတြိဂံ အထက်ပိုင်း (တရုတ်၊ မြန်မာ(သျှမ်းပြည် အရှေ့ ပိုင်း မိုင်း လား အထူးဒေသ ၄ ထိန်းချုပ် နယ်မြေ)၊ လာအို ခေါ် လောဝ်နိုင်ငံ) မှ ရွှေတြိဂံ အောက်ပိုင်း လာအို်၊ မြန်မာ (သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်)၊ ထိုင်းနယ်စပ်  - တလျှောက်စုပေါင်းလုံခြုံရေး ယူရန်အတွက် ယခုလ ၁၀ ရက်နေ့က တရုတ်နိုင်ငံ ကွန်လွေးဆိပ်ကမ်းမှ  စုပေါင်းစစ်ရေးလေ့ကျင့်ရေးတခု စတင်ခဲ့ကြောင်း၊ ယခု ၁၅ ရက်နေ့ မဲခေါင်မြစ် (ကုန်သွယ်ရေး) ရေကြောင်း သွားလာမှုအားလုံးပြန်လည် စတင်နိုင်ရန်အတွက် ဖြစ်ကြောင်း ပြောသည်။

၎င်းတို့အဖွဲ့အားလုံခြုံရေးယူပေးရန်တာဝန်ကျသည့် မြန်မာစစ်ကြောင်းခြုံခိုတိုက်ခိုက်ခံရမှု၏ လက်သည်မှာ ထိုဒေသတဝိုက်လှုပ်ရှားနေသော နော်ခမ်းဦးဆောင်သည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ကြောင်းမိုင်းဖုန်းဒေသခံ များက ပြောသည်။

အသက် ၄၀ ၀န်းကျင်အရွယ်ရှိ အမျိုးသားတဦးက - “ တရုတ် ၁၃ ဦးကိုသတ်တာတော့ သူ (နော်ခမ်း) မဟုတ်ဘူးလို့ အပြတ်ပြောတယ်။ ဒါပေမယ့် ခုကိစ္စ သူ့လက်ချက်ဖြစ်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ မကြာသေးခင်က သူ့ရဲ့အပြော အရ -  သူ့ တပ်သားတွေ အလုပ်မရှိတာ ကြာပြီဆိုတော့  ကွင်းဆင်းပြီး လေ့ကျင့်ရေးလုပ်ခိုင်းထားတယ် - လို့ စိုင်းနော်ခမ်း ကိုယ်တိုင် ပြောတယ်”  ဟု သျှမ်းသံတော်ဆင့်အား ပြောပြသည်။

အဆိုပါတိုက်ပွဲကြောင့် ၁၂ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင်  မြန်မာစစ်တပ်ဖက်မှ  ၃ ယောက် သေဆုံး ကြောင်း ရေးသားထားပြီး စိုင်းနော်ခမ်း၏လက်ချက်ဖြစ်သည်ဟုလည်းအတိအကျဖော်ပြ ထားသည်။ တခြား သတင်း ရပ်ကွက်ကမူ စိုင်းနော်ခမ်းဖက်မှ ၁၄ သေဆုံးကာ ၂၀ ဒဏ်ရာရသည်ဟုဆို၏။ ထိုင်းစစ်တပ် အသိုင်းအဝိုင်းကမူစိုင်းနော်ခမ်း ၏ တပ်သား ရ ဒဏ်ရာရကာ ၃ ယောက်သေဆုံးသည်ဟု သျှမ်းသံတော်ဆင့် အားပြောပြ၏။

မြန်မာစစ်တပ်ဖက်က တာချီလိတ်မြို့နယ် တာလေအုပ်စုအခြေစိုက် ခမရ ၃၁၆ ၊ တာချီလိတ်အခြေစိုက် ၅၂၆ နှင့် အမှတ် ၁၀၀၉ မုံးကိုးမှလားဟူ BGF တပ်ဖွဲ့တို့ ပူးပေါင်းတပ်များဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလ က တရုတ်စက်လှေ နှစ်စီးကို အမည်မသိလက်နက်ကိုင်တစ်စုက တိုက်ခိုက်ရာ တရုတ် အမျိုး သား ၁၃ ယောက် အသတ်ခံခဲ့ရသည်။ ထိုချိန်မှစ၍  မဲခေါင်မြစ် ကြောင်းသွားလာမှုအား တရုတ်က ပိတ်ထားဆဲဖြစ်ပြီး လုံခြုံ ရေးအတွက် ၄ နိုင်ငံ စုပေါင်း တာဝန်ယူ ရန် တရုတ်အာဏာပိုင်တို့ ပြင်ဆင်လာခဲ့ခြင်း ဖြစ် သည်။  ပူးပေါင်းလုံခြုံရေး တပ်ဖွဲ့ ဌာနချုပ်ကိုမူ ရွှေတြိဂံ (အထက်ပိုင်း) ကွန်းလွေတွင် ထားရှိမည်ဖြစ် ကြောင်း သိရသည်။