တံတားဖြတ်သန်းခွင့် အလေးချိန်လျှော့၍ တရုတ် ဂက်ပိုက်လှိုင်း တင်ကားများ အခက်တွေ့

တံတားဖြတ်သန်းခွင့် အလေးချိန်လျှော့၍ တရုတ် ဂက်ပိုက်လှိုင်း တင်ကားများ အခက်တွေ့
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့အနီးရှိ  နမ့်ပေါ့ တံတား ဖြတ်သန်းခွင့် အလေးချိန် သတ်မှတ်ချက်ကို အေးရှားဝေါလ် ကုမ္ပဏီမှ ယခုလ ၉ ရက်နေ့မှစတင် လျှော့ချလိုက်သဖြင့် တရုတ်ဂက်ပိုက်လိုင်း တင်ကားများသွားလာ ရန်အခက်တွေ့ နေကြောင်း သိရသည်။

ယခင် နမ့်ပေါ့တံတားတွင် ၃၆ တန်ယာဉ်များ ဖြတ်သန်းခွင့်ပြုထားရာမှ ယခု ၁၆ တန်အထိ လျှော့ချလိုက်ရာ တရုတ် နယ်စပ် ကျယ်ဂေါင်မြို့မှ သျှမ်းပြည် (မြောက်ပိုင်း) အထိ ဂက်စ်ပိုက်လိုင်းသယ်ယူနေသော တရုတ် ကားများ ဖြတ်သန်း ခွင့်မရဖြစ်နေကြောင်း နယ်စပ်ဒေသခံများက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

pipeline

“မူစယ် - ကျယ်ဂေါင် မန်ဝိန်းဂိတ်ကနေအထွက် နမ့်ပေါ့ချောင်းတံတားမှာ အရင် ၃၆ တန်ခွင့်ပြုနေတာ သောကြာနေ့က စပြီး အေးရှားဝေါလ်ကုမ္ပဏီက ၁၆ တန်ပဲခွင့်ပြုတော့တယ်တရုတ်ဂက်စ်ပိုက်လိုင်းတင်ကား တွေ ဖြတ်လို့မရတော့ဘူး” ဟု နယ်စပ် ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ အလေးချိန်လျှော့ချမှုကြောင့် ၂၄ တန်ရှိသည့် တရုတ်ဂတ်ပိုက်လိုင်းတင်ကားများ အလေးချိန် ထပ်လျှော့ ချရ မလို ဖြစ်နေပြီး နှစ်ဘက်ညှိနှိုင်းနေကြောင်းလည်း သိရသည်။

၄င်းကိစ္စအပေါ် တရုတ်နယ်စပ် စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက - “ဒီတံတားတွေက အေးရှား ဝေါလ်က တံတားတွေဖြစ်တာကို ဒီတစ်ခေါက် (ကာချုပ်) မင်းအောင်လှိုင် တရုတ်ပြည်သွားတုန်းက အေးရှားဝေါလ် မပါဘဲ သူညှိခဲ့ တာတွေရှိတယ်။ အဲဒါတရုတ်ကို ပြန်ပညာပေးတာပေါ့ တံတားတွေကလည်း အခြေအနေ အတော်ဆိုး နေပါပြီ ၁၆ တန် တောင်အနိုင်နိုင်တံတားအောက်က ပိုက်တွေနဲ့တောင်ကျားကန် ထားရ တယ်။ ဒီကိစ္စ ပြန်ညှိနေတယ် အဆင်ပြေသွားမှာပါ”- ဟု ဆိုသည်။

ကချင်ပြည်နယ်အတွင်းစစ်ပွဲများ ဖြစ်ပွားနေရာ တရုတ် နယ်စပ်ဘက် မန္တလေးတိုင်း သပိတ်ကျင်း ငအိုးနယ် ဘက်မှ သစ်များ တရားမဝင်သယ်ယူရာတွင်အဆိုပါ နမ့်ပေါ့တံတားကို ဖြတ်သန်း သယ်ယူကြောင်းလည်း သိရသည်။

Most read this week