တောင်ကြီးသဘော တူညီချက်အပေါ် RCSS ထိပ်သီး အစည်းအဝေးထိုင်

တောင်ကြီးသဘော တူညီချက်အပေါ် RCSS ထိပ်သီး အစည်းအဝေးထိုင်
by -
သျှမ်းသံတော်ဆင့်

နေပြည်တော်အစိုးရ၏ ပြည်နယ်အဆင့် ပဏာမ သဘောတူညီချက်များကို သျှမ်းပြည် တပ်မတော် တောင်ပိုင်း တပ်ဖွဲ့ ခေါ် RCSS/SSA ၏ဗဟိုဦးစီး ကော်မတီဝင်များ မျက်နှာစုံညီ အစည်းအဝေး နှစ်ရက်ပြုလုပ်၍ လူထုအား ချပြမည်ဖြစ်ကြောင်း ကော် မတီအဖွဲ့ဝင်များ ကပြောသည်။

shanpeace_at_TGI
“ကျနော်တို့ ဗဟိုဦးစီးကော်မတီဝင် ၄၇ ယောက် ဒီ ၂ ရက်အတွင်း အစည်းအဝေးထိုင်မယ်။ ပြီးမှအောက်ခြေ တပ်သား ကေဒါနဲ့ သျှမ်းပြည်လူထုကိုချပြရင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမှာဖြစ်ပါတယ်” - ဟု RCSS/SSA အရာရှိတဦး က သျှမ်းသံတော်ဆင့်အား ပြောပြသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA  မှ ၂၀၁၀ က အလုပ်အမှုဆောင် ၁၇ ဦး၊ ဗဟိုဦးစီးကော်မတီဝင် (ဗိုလ်မှူး အထက်) ၄၇ ဦး၊ ဗဟိုဦးစီးကော်မတီဝင် (ဒု-ဗိုလ်အထက်) ၃၂၃  ဦး ဟူ၍ ဖွဲ့စည်းခဲ့သည်။

မြန်မာအစိုးရကိုယ်စားလှယ်နှင့် သျှမ်းပြည်တပ်မတော်တို့ သဘောတူညီမှုရရှိခဲ့သော အချက်များမှာ အောက်ပါအတိုင်းဖြစ် သည်။

ငြိမ်းချမ်းရေးတည်ဆောက်ရန် ပဏာမ သဘောတူညီချက်

၁။    ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်အရ နိုင်ငံတော် အစိုးရတို့ ကမ်းလှမ်း လာသော  RCSS/SSA  နှင့် ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် သျှမ်းပြည်နယ်အစိုးရမှ ဖွဲ့စည်းပေးသော ပြည်နယ် အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် RCSS/SSA  မှဖွဲ့စည်းထားသော ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့သည် အောက်ဖော်ပြပါကိစ္စရပ်များကို ပဏာမဆောင်ရွက်ရန်သဘော တူညီကြသည်။

(က)      တပ်မတော်နှင့် RCSS/SSA  တို့အကြား နှစ်ဦးနှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများ ရပ်ဆိုင်းထားမည်။ ပစ်ခတ် တိုက် ခိုက်မှု ရပ်ဆိုင်းထားကြောင်း ပြည်ထောင်စုအစိုးရက တပ်မတော်တို့ညွှန်ကြားချက်နှင့်RCSS/ SSA  မှ ၎င်းတို့ တပ်ဖွဲ့တို့ ညွှန်ကြားချက်တို့အား အပြန်အလှန်ပေးပို့သွားမည်။

(ခ)     ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့အတွက် RCSS/SSA  ၏ ၂၀၁၁ နိုဝင်ဘာ ၁၉ ရက်နေ့ တင်ပြတောင်းဆိုသည့် အပစ်အခတ်ရပ်စဲရန် နိုင်ငံရေးဆွေးနွေးရန် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် အထူးဒေသသတ်မှတ်ထားရှိရန် နှင့် လက်တွဲပူးပေါင်း၍မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်း တို့ အားမူအားဖြင့်သဘောတူသည်။

(ဂ)     နှစ်ဦးနှစ်ဖက် သဘောတူညီမှု ညှိနှိုင်းရရှိထားသော သတ်မှတ်နေရာများတွင် နေထိုင်ရန်သဘော တူညီပါသည်။

(ဃ)     နှစ်ဦးနှစ်ဖက် သဘောတူညီထားသောသတ်မှတ်နေရာများမှအပ နယ်မြေကျော်လွန်လက်နက် ကိုင်ဆောင် သွား လာမှုများကို နှစ်ဦးနှစ်ဖက် ကြိုတင်ညှိနှိုင်းထားပြီး ဆောင်ရွက်မည်။နယ်မြေသတ်မှတ်မှုအား ပြည်ထောင်စု အဆင့် ဆွေးနွေးသည့် အခါ ဆက်လက်ညှိနှိုင်းဆွေးနွေးသွားမည်။

(င)     နှစ်ဦးနှစ်ဖက် အပြန်အလှန် ပြောဆိုဆက်ဆံဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်အတွက်နှစ်ဖက်သဘော တူ ညီသော တောင်ကြီး၊ ကျိုင်းတုံ၊ ခိုလမ်၊ တာချီလိတ်နှင့် မိုင်းတုံ ၅ နေရာတို့တွင်နှစ်ဖက်သဘောတူညီကြ သော ပုဂ္ဂိုလ်များဖြင့် လက်နက်ကိုင်ဆောင်ခြင်း ဆက်ဆံရေးစခန်းများ ထားရှိရန်ဆောင်ရွက်မည်။ ဆက်ဆံ ရေးရုံးများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး အတွက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးစဉ် ဆက်လက်ညှိနှိုင်း သွားမည်။

(စ)     မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားကြရန်သဘောတူပါ သည်။

(ဆ)     ပြည်ထောင်စုအစိုးရက ဖွဲ့စည်းထားသည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ဆွေးနွေးရန် အတွက် RCSS/SSA   မှ ကိုယ်စားလှယ်အဖွဲ့အား တရားဝင်ဖွဲ့စည်းသွားရန်နှင့် ဆွေးနွေးမည့် နေရက် အချိန်နှင့်နေရာတို့ ညှိနှိုင်းသဘောတူကြမည်။

(ဇ)     ကျန်ရှိကိစ္စရပ်များကိုဆက်လက်ဆွေးနွေးရန်သဘောတူပါသည်။

၂။     အထက်ဖော်ပြပါအချက်များကို သဘောတူညီကြပါသဖြင့်အောက်ပါလက်မှတ်များကိုရေးထိုးကြသည်။

သျှမ်းပြည်ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့-

၁။ဗိုလ်မှူးကြီးအောင်သူ (ဝန်ကြီး )
လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန
သျှမ်းပြည်နယ်အစိုးရ အဖွဲ့
ဦးစိုင်းလူး (ဗိုလ်မှူးချုပ်)
သျှမ်းပြည်နယ်အစိုးရ အဖွဲ့
၂။ ဦးမောင်မောင်
ပြည်နယ်ဥပဒေချုပ်   
သျှမ်းပြည်နယ်အစိုးရ အဖွဲ့
ဦးစိုင်းလှ (ဗိုလ်မှူးကြီး)
သျှမ်းပြည်တပ်မတော်
၃။ ဒုဗိုလ်မှူးကြီး ဇော်ထွန်းမြင့်      
စစ်ဦးစီးပထမတန်း
တြိဂံတိုင်းစစ်ဌာနချုပ်
ဦးစိုင်းအောင်မောင်း(ဗိုလ်မှူးကြီး)
သျှမ်းပြည်တပ်မတော်
၄။ ဦးညီညီလွင်
ဒု- ညွှန်ကြားရေးမှူး သျှမ်းပြည်နယ်
ဒေသဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး
ဦးစိုင်းငင်း( ဒုဗိုလ်မှူးကြီး)
သျှမ်းပြည်တပ်မတော်
၅။ ဦးခင်မောင်သန်း
အတွင်းရေးမှူး
သျှမ်းပြည်နယ်အစိုးရ     
ဦးစိုင်းဟန်(ဒု-ဗိုလ်မှူးကြီး)
သျှမ်းပြည်တပ်မတော်

အသိသက်သေ
ဦးအောင်မင်း (အဖွဲ့ခေါင်းဆောင်)
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့
ပြည်ထောင်စုဝန်ကြီး ရထားပို့ဆောင်ရေးဝန်ကြီးဌာန

ဦးခင်မောင်စိုး (အဖွဲ့ဝင်)
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့
ပြည်ထောင်စုဝန်ကြီး အမှတ်၂ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန