နှစ်ဘက်အပစ်ရပ်ရေး KIO နှင့် အစိုးရ ကိုယ်စားလှယ်များ တွေ့ဆုံ

နှစ်ဘက်အပစ်ရပ်ရေး KIO နှင့် အစိုးရ ကိုယ်စားလှယ်များ တွေ့ဆုံ
by -
သျှမ်းသံတော်ဆင့်

ကချင်ပြည်နယ်အတွင်း နှစ်ဘက် အပစ်အခတ် ရပ် ဆိုင်း ရန် KIO နှင့် အစိုးရကိုယ်စားလှယ်များ နိုဝင်ဘာ ၂၉ ရက် (မြန်မာ စံတော်ချိန်) ညနေ ၃ နာရီခွဲခန့်က တရုတ် နိုင်ငံ ရွှေလီမြို့ရှိ ကျင်းချိန့် ဟော်တည်၌ တွေ့ဆုံ ခဲ့သည်။

KIO ဥက္ကဋ္ဌ ဦးဇောင်းခရား ဦးဆောင်သည့် ၆ ဦးပါ အဖွဲ့နှင့် အစိုးရဘက်မှ ဦးအောင်သောင်း ဦးဆောင်သည့် ၄ ဦးပါ အဖွဲ့တို့ ၂ နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း KIO ပြောခွင့်ရပုဂ္ဂိုလ်ဦးလနန်ကသျှမ်းသံတော် ဆင့် သို့ ပြော သည်။
AgToung
“သူတို့ဘက်က ဦးအောင်သောင်း ဦးစီးတာပေါ့နော် ဦးသိန်းဇော်ပါတယ် ရထားဝန်ကြီး ဦးအောင်မင်းပါတယ် ဦးခက် ထိန်နန်ပါတယ်  ၄ ယောက်ပေါ့ ကျနော်တို့ ကေအိုင်အိုအဖွဲ့ကတော့ ဥက္ကဋ္ဌကြီးကိုယ်တိုင်ဦးဆောင် ပြီးမှ အဖွဲ့ဝင် ၆ ယောက် ပါတယ် ညနေ ၃ နာရီခွဲလောက်မှာတွေ့တယ် ၅နာရီခွဲလောက်မှာ ပြီးသွားတယ် ” ဟု သူက ပြောသည်။

ရွှေလီမြို့မှ KIO ကိုယ်စားလှယ်အဖွဲ့ ဋ္ဌာနချုပ်ရှိရာ လိုင်ဇာမြို့သို့ ယနေ့မွန်းလွဲပိုင်းမှ ပြန်လည်ရောက်ရှိမည် ဖြစ်ပြီး နှစ် ဘက် ပြောဆိုဆွေးနွေးမှု အသေးစိတ်ကို မသိရသေးကြောင်း သူက ဆိုသည် ။

သို့သော် KIO အနေ ဖြင့် နိုင်င်ငံရေး ကိစ္စဆွေးနွေးမှုရှိမှသာ ပြည်တွင်းစစ်ပြဿနာ ဖြေရှင်းနိုင်မည်ဟုယုံကြည် ကြောင်း သူက ဆက်ပြောသည်။

“နိုင်ငံရေး အခြေအနေကြောင့်မို့လို့ ပြည်တွင်းစစ်ဖြစ်နေတာ ဒါကြောင့်မို့ ပြည်တွင်းစစ်တွေအားလုံးချုပ်ငြိမ်းဖို့ ဆိုရင် နိုင်ငံ ရေး ဖြေရှင်းဖို့လိုတယ် နိုင်င်ငံရေးဆွေးနွေးမှုကတော့ လုပ်ကိုလုပ်ရမဲ့ကိစ္စပဲ အပစ်အခတ်ရပ် ဆဲရေး တစ်ခုတည်း လုပ်မယ် ဆိုရင် နိုင်ငံရေးပြေလည်မှုရမှာမဟုတ်ဘူး နိုင်ငံရေးဆွေးနွေးမှု အကောင် အထည်ဖေါ် လာရင် အပစ်အခတ် ရပ်ဆိုင်းရေး ဖြစ်သွားမှာပဲ ဒါပေမဲ့ ဒီအစိုးရကတော့ နိုင်ငံရေးကိစ္စကို လက်မခံဘူးသူတို့ မှာ အင်အား တောင့်တင်းတဲ့ တပ်မတော် ရှိတယ်ဆိုတဲ့ အချက်နဲ့ပဲ တိုင်းရင်းသားတွေရဲ့ ပြောဆိုမှုကို မျက်ကွယ် ပြုနေတယ်” ဟု ဆိုသည်။

နှစ်ဘက်ဆွေးနွေးနေစဉ်အတွင်း KIA နှင့် အစိုးရတပ်များ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး တုန်ဖုန်းယန် မြို့နယ်ခွဲ အတွင်းရှိ ဖာကေ နှင့် မန်ဝိန်းရွာများကို အစိုးရစစ်တပ်က မီးရှို့လိုက်ကြောင်း သိရသည်။

ယခုနှစ် ဂျွန်လကုန်ပိုင်းက အပစ်ရပ်ရေးကိစ္စ KIO နှင့် အစိုးရကိုယ်စားလှယ်များ လဂျားယန်ကျေးရွာတွင် ပထမအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ၄င်းဆွေးနွေးမှု မအောင်မြင်ဘဲ နှစ်ဘက်စစ်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေချိန်တွင် ဒုတိယ အကြိမ် တရုတ်ရွှေလီမြို့၌ ထပ်မံတွေ့ဆုံခြင်း ဖြစ်သည်။

Most read this week